ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၄)

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၄)

ဆာနိုမြစ်(Sarno River)

ဆာနိုမြစ်သည် အီတလီတွင်ရှိသော မြစ်တစ်စင်းဖြစ်ကာ မြစ်၏အရင်းအမြစ်သည် သန့်ရှင်းလတ်ဆတ်ကာ သောက်သုံးရန်သင့်တော်သော်လည်း မြစ်ကြောင်းတစ်လျှောက် စက်ရုံများတိုးပွားလာပြီးနောက် စက်ရုံများမှ စွန့်ပစ်ပစ္စည်းများကြောင့် မြစ်ကို မွီခိုနေသူများအား အဆိပ်သင့်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်။ ထို့ကြောင့် ဆာနိုမြစ်ကို ဥရောပတိုက်၏ အညစ်ညမ်းဆုံးသော မြစ်အဖြစ် သတ်မှတ်မှုများရှိနေသည်။ မြစ်ကြောင်းတစ်လျှောက် ပေါ်ပေါက်လာသော စက်ရုံများကြောင့် မြစ်အောက်ပိုင်းတွင် ပိုမိုညစ်ညမ်းကာ မြစ်၏အဆိပ်သင့်မှုကြောင့် မြစ်နှင့် အနီးတစ်ဝိုက်မှ ဒေသခံများတွင် အသည်းကင်ဆာဖြစ်မှု တိုးမြင့်လာကာ စက်မှုစိုက်ပျိုးရေးလုပ်ငန်းနှင့် စက်ရုံများက သူတို့၏ အညစ်အကြေးများကို မြစ်အတွင်းသို့ စွန့်ပစ်နေသည့်အတွက် လေထုညစ်ညမ်းမှုလည်း တိုးပွားလျက်ရှိသည်။ ထို့အပြင် ဆာနိုမြစ် ဧရိယာသည် ရေကြီးရေလျှံမှုနှင့် ရွှံမြေပြိုကျမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး တစ်နှစ်လျင် သုံးကြိမ်ခန့်ဖြစ်တတ်သည်။ ယင်းသို့ ရေကြီးရေလျှံခြင်း၊ ရွှံညွံမြေများပြိုကြခြင်းကြောင့် ညစ်ညမ်းသော မြစ်ရေသည် လူနေဒေသများသို့ ဖုံးလွှမ်းကာ ဆိုးရွားသော ကျန်းမာရေးချို့ယွင်းမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

ကေဇက်အေ
#Greenness
photo:Make Change

About The Author

greenness_mm

No Comments

Leave a Reply