ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၅)

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၅)

ဘူရင်ဂန်းဂါမြစ်(Buringanga River)

————————————–

ဤမြစ်သည် သန်းနှင့်ချီသော ဘင်္ဂလားဒေ့ရှ်ပြည်သူများ အသက်မွေးဝမ်းကြောင်းအတွက် မှီခိုနေထိုင်ရသော ရင်းမြစ်တစ်ခုဖြစ်သလို ဘင်္ဂလားဒေ့ချ်နိုင်ငံ၏ အကြီးဆုံးသော မြစ်တစ်စင်းလည်းဖြစ်သည်။ ထို့အပြင် ဘင်္ဂလားဒေ့ချ်နိုင်ငံ၏ အချက်အချာကျသော အဓိက စီးပွားရေးရင်းမြစ်တစ်ခုလည်း ဖြစ်သည်။
မြစ်ရေ ညစ်ညမ်းရခြင်းသည် အဓိကအားဖြင့် မြစ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ညစ်ညမ်းသော ရေသန့်စက်ရုံများကြောင့် ဖြစ်သလို မြစ်ထဲတွင် လူ့စွန့်ပစ်ပစ္စည်း အမ်ားအျပား ရှိနေပြီး ပလတ်စတစ်နှင့် တိရစ်ဆာန်သေများကဲ့သို့သော မြစ်အတွင်း မျောပါစွန့်ပစ်ပစ္စည်းများ အများအပြားလည်းရှိသည်။ ယင်းက ရေကိုညစ်ညမ်းစေပြီး စွန့်ပစ်မှုအလွန်ပြင်းထန်ကာ မြစ်ရေသည် မည်းနောက်သွားကာ ရေနေသတ္တဝါများ သေဆုံးရပြီး မြစ်ကို မှီခိုနေထိုင်ရသူများအတွက်လည်း ဘေးထွက်ဆိုးကျိုး အများအပြားဖြစ်ပေါ်စေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ Buriganga သည် ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းဆုံးမြစ်များထဲမှ တစ်ခုဖြစ်သည်။ ယင်းမှာ မြို့တော်၏ ရေထဲသို့ နေ့စဉ် အဆိပ်အတောက် ကုဗမီတာ ၆၀၀၀၀ ကျော် စွန့်ပစ်ခြင်းကြောင့် ဖြစ်သည်။

ကေဇက်အေ- ရေးသည်၊
#Greenness
photo:shutterstock

About The Author

greenness_mm

No Comments

Leave a Reply