ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၆)

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၆)

မာရီလာယိုမြစ်(Marilao River)
မာရီလာယိုမြစ်သည် သန်းပေါင်းများစွာသော ဖိလစ်ပိုင်လူမျိုးတို့၏ အားထားမှီခိုရာ မြစ်တစ်စင်းဖြစ်သည်။ ဖိလစ်ပိုင်လူမျိုးများသည် သောက်ရေသုံးရေအပြင် ဆည်မြောင်းနှင့် လယ်ယာစိုက်ပျိုးရေးကဏ်ဏ္ဍအတွက်လည်း မာရီလာယိုမြစ်ကို အသုံးပြုကြရသည်။ မြစ်အတွင်း အမှိုက်မျိုးစုံသည် ရုပ်ဆိုးအကျည်းတန်စွာ နေရာယူထားပြီး ထုံးစံအတိုင်း မြစ်အနီးတွင် တည်ဆောက်ထားသော စက်ရုံများ၊ သန့်စင်ခန်းများသည် မြစ်အတွင်းသို့ အညစ်အကြေးများကို စွန့်ပစ်နေကြသည်။
အဓိကအားဖြင့် မာရီလာယိုမြစ်ရေ ညစ်ညမ်းရခြင်းမှာ ရွှေသန့်စင်လုပ်ငန်းများသည် အဓိကနေရာမှ ပါဝင်နေသည်။ ရေတွင် သတ္ထုဓာတ်ပါသော အညစ်အကြေးများပါဝင်နေသည့်အတွက် ဒေသခံများ၏ ကျန်းမာရေးမှာ စိုးရိမ်စရာ ဖြစ်နေသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ၊ အဖွဲ့အစည်းများက မြစ်၏အနာဂတ် သန့်ရှင်းမှုကို ပြန်ရရင် တောင်းဆိုမှုများပြုလုပ်နေသော်လည်း မြစ်ရေနှင့် လေထုညစ်ညမ်းမှုမှာ ကျဆင်းသွားခြင်း မရှိပေ။ မြစ်ကို မှီခိုလုပ်ကိုင်နေသော ငါးနှင့် ပုစွန်လုပ်ငန်းများလည်း ထိခိုက်မှုများရှိနေသည်။ ခဲကဲ့သို့သော အဆိပ်သင့်သတ္ထုဓာတ်များပါဝင်သော မြစ်ရေသည် ရေနေသတ္တဝါများ၊ တောရိုင်းတိရစ္ဆာန်များကို သေကြေပျက်စီးစေပြီး ရေရှည်တွင် ဆာနိုမြစ်ကဲ့သို့ ရေလွှမ်းမှုများ ဖြစ်ပေါ်လာကာ မြစ်ဝန်းကျင်ရှိ မြေဆီလွှာပျက်စီးခြင်းများ ဖြစ်ပေါ်လာမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

#ကေဇက်အေ-ရေးသည်
#Greenness
photo:panoramio.com

About The Author

greenness_mm

No Comments

Leave a Reply