ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၈)

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၈)

ဂျော်ဒန်မြစ်(Jordan River)

—————————-
ဂျော်ဒန်မြစ်သည် ပါလက်စတိုင်း၊ ဆီးရီးယား၊ အစ္စရေးလူမျိုးများမှီခိုနေရသော ဂျော်ဒန်၏ မြစ်တစ်စင်းဖြစ်သည်။ သို့သော် မြစ်ကို မှီခိုနေရသူများကပင် မြစ်ကို ညစ်ညမ်းစေကာ မြစ်အတွင်း အညစ်အကြေးမျိုးစုံကို စွန့်ပစ်နေကြသည်။ ထိုအရာက ရေ၏ ဆားငန်ဓာတ်ကိုတိုးလာစေသည်။ ထိုသို့ ဖြစ်ရသည်မှာ မြစ်ကြောင်းတစ်လျှောက်တွင် ဒုက္ခသည်များနှင့် လူဦးရေတိုးပွားလာခြင့်လည်း သက်ဆိုင်သည်။ Friends Of Earth East Middle East ၏ အဆိုအရ မြစ်၏ ညစ်ညမ်းမှုသည် မိလ္လာအညစ်အကြေးများ၊ စိုက်ပျိုးရေးသုံးပစ္စည်းများဖြစ်သော ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာနှင့် ငါးမွေးမြူရေးလုပ်ငန်းများမှ ဟော်မုန်းအများအပြားပါဝင်သော စွန့်ပစ်အညစ်အကြေးများကြောင့်ဟု ဆိုသည်။ မြစ်ရေညစ်ညမ်းမှုကြောင့် ခရစ်ယာန်ဘာသာဝင်များနှင့် ဘုရားဖူးမ်ားကို မြစ်အတွင်း အပြစ်ဆေးကြောခြင်းနှင့် နှစ်ခြင်းခံယူမှုများမပြုလုပ်ကြရန် အစ္စရေး ကျန်းမာရေးဝန်ကြီးဌနက တောင်းဆိုခဲ့ဖူးသည်။

#ကေဇက်အေ-ရေးသည်
#Greenness
Ref:The Gurdian, CEF
photo: The Israle Time, The Middle East Eye

About The Author

greenness_mm

No Comments

Leave a Reply