ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၉)

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၉)

#မန်တာဇာမြစ်(Mantaza-Riachuelo River)
—————————————-
တောင်အမေရိကတိုက်၏ အညစ်ညမ်းဆုံးမြစ်ဖြစ်သော အာဂျင်တီးနား၏ အရေးပါသောမြစ်သည် လွန်ခဲ့သောနှစ်များကတည်းက နိုင်ငံတော်အဆင့် စီမံကိန်းရေးဆွဲကာ မြစ်ဝှမ်းနှင့် မြစ်ကြောင်းတလျှောက် ပြန်လည်သန့်ရှင်းရေးလုပ်ငန်းများကို တစိုက်မတ်မတ်ပြုလုပ်ခဲ့သည့် ယခင်ကလောက် မညစ်ညမ်းတော့သော်လည်း ၂၀၂၀ ခုနှစ် စစ်တမ်းများအရ မြစ်သည် ကမ်ဘာ့အညစ်ညမ်းဆုံးမြစ်များစာရင်းတွင် ပါဝင်နေဆဲ ဖြစ်သည်။ မြစ်တစ်ဝိုက်တွင် တည်ရှိနေသော စက်ရုံများစွာက မြစ်အတွင်း အမှိုက်နှင့် အညစ်အကြေး တန်ချိန် သန်းပေါင်းများစွာကို မြစ်အတွင်း နေ့စဉ်နီးပါး စွန့်ပစ်နေကြသည်။ တာဝန်ရှိသူများက မြစ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေသော စက်ရုံများကို ပိတ်ပင်ခြင်း၊ ဖျက်သိမ်းခြင်း ပြုလုပ်မှုများရှိသော်လည်း အခြေအနေကို ထိန်းချုပ်၍မရသေးပေ။
မြစ်ဘေးရှိ ဓာတုဗေဒစက်ရုံများမှ ထုတ်လွှတ်သော ဓာတုအဆိပ်ငွေ့များ၊ အဆိုပါစက်ရုံများမှလာသော သတ္တုဓာတ်များဖြစ်သည့် ပြဒါးနှင့် ခဲမ်ား ရေထဲတွင် စိမ့်ဝင်စီးမျောနေခြင်းကလည်း မြစ်ကိုမှီခိုနေရသည့် ဒေသခံများအား ကင်ဆာဖြစ်ပွားမှုကို မြင့်မားစေသည်။ မြစ်ကြောင်းတစ်လျှောက်တွင်ရှိသော သားသတ်ရုံများ၊ သားသတ်ရုံများမှ စွန့်ပစ်ပစ္စည်းများကလည်း မြစ်ကို ဆိုးရွားသောအနံများဖြင့် အကျည်းတန်စေသည်။ မြစ်အနီး လေထုညစ်ညမ်းမှုကြောင့် လူအမ်ားအျပား၏ ကျန်းမာရေးကို ထိခိုက်စေကြောင်း၊ ဥပမာအားဖြင့်
Lans လို မြို့တော်တွင် လူဆယ်ဦးလျင် သုံးဦးခန့်မှာ သွေးအတွင်း ခဲနှင့် ဓာတုအဆိပ္မ်ား ပျံ့နှံ့နေသည်ဟု အာဂျင်တိုင်းသတင်းစာ El Cronista က ဖော်ပြသည်။
#ကေဇက်အေ-ရေးသည်
ref:Conserve Energy Future,Webuildvalue.com
photo:GreenPeace

About The Author

greenness_mm

No Comments

Leave a Reply