ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၁၀)

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၁၀)

ဤမြစ်သည် ဂင်္ဂါမြစ်ပြီးလျှင် အိန္ဒိယ၏ ဒုတိယအညစ်ညမ်းဆုံးမြစ်ဖြစ်သည်။ ဟိမဝန္တာတောင်တန်းဒေသကို မြစ်ဖျားခံစီးဆင်းလာသောကြောင့် ဂုဏ်ယူဝင့်ကြွားစရာကောင်းသော်လည်း ဟိမန္တာနှင့် ဝေးကွာလာသည်နှင့်အမျှ မြစ်ရေသည်လည်း တစတစ ညစ်ညမ်းလာသည်။ အမ်ားစု ထောက်ပြကြသည်ကတော့ မြစ်ရေညစ်ညမ်းရခြင်းမှာ အိန္ဒိယအစိုးရ၏ မိလ္လာထုတ်စနစ် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်ဟု ဆိုသည်။ နယူးဒေလီလို လူဦးရေထူထပ်လွန်းသော မြို့ကြီးတွင် စနစ်တကျလည်ပတ်နေသော မိလ္လာစက်ရုံမှာ အနည်းငယ်သာရှိသည့်အတွက် အစိုးရကို ဝေဖန်သူများအား လွန်သည်ဟု မဆိုသာပေ။ ထို့အပြင် ယမုံနာမြစ် ညစ်ညမ်းရခြင်းမှာ စိုက်ပျိုးရေး ဘေးထွက်ဆိုးကျိုးများနှင့် စက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကလည်း အခန်းကဏ္႑တစ်ခုမှ ပါဝင်သည်။
လေ့လာမှုအသစ်တစ်ခုအရ ဒေလီရှိ ယမုံနာမြစ်သည် ‘သေဆုံးလုနီးပါး’ အခြေအနေသို့ ရောက်ရှိနေပြီး ပြန်လည်ပြုပြင်မှုများ ပြုလုပ်သည့်တိုင် မြစ်ရေသည် အဆိပ်အတောက်များ ပါဝင်နေဆဲဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်နှင့်မျှ အသုံးပြုရန်
မသင့်လျော်ကြောင်း ဖော်ထုတ်ခဲ့သည်။ International Journal of Engineering Sciences & Research Technology တွင် ဖော်ပြခဲ့သည့် အဆိုပါ လေ့လာမှုတွင် အကုန်အကျ အင်မတန်များသော ရေသန့်စင်သည့် နည်းပညာများပင်လျှင် ညစ်ညမ်းသော မြစ်ရေကို ပြန်လည်ကုသရန် မစွမ်းဆောင်နိုင်ဟု ဆိုသည်။
မြစ်၏ မျက်နှာပြင်ပေါ်တွင် အန္တရာယ်ရှိသော အဆိပ်အတောက်များနှင့် အမြှုပ်များ ဖုံးလွှမ်းနေသော်လည်း ဟိန္ဒူဘာသာဝင် ရာပေါင်းများစွာသည် နှစ်စဉ် နိုဝင်ဘာလတွင် ပြုလုပ်သည့် Chhath Puja ပွဲတော်တွင် ဘာသာတရားအရ အထွတ်အမြတ်ထားရာ Yamuna မြစ်ထဲတွင် ဆုတောင်းမှုပြုကြသည်မှာလည်း စိုးရိမ္စရာအနေအထား ဖြစ်သည်။
#ကေဇက်အေ-ရေးသည်
#Ref:Hindustantime, Dailysabah

About The Author

greenness_mm

No Comments

Leave a Reply