ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ (၁၁)

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ (၁၁)

#ယန်ဇီမြစ် (Yangtze River)

ယန်ဇီမြစ် (Yangtzi) သည် အာရှတိုက်တွင် အရှည်ဆုံးမြစ်ဖြစ်ပြီး ကမ္ဘာတွင် တတိယမြောက် အရှည်ဆုံးဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအတွင်း လုံးလုံးလျားလျားစီးဆင်းသည့် ကမ္ဘာ့အရှည်ဆုံးမြစ်လည်း ဖြစ်သည်။
တရုတ်နိုင်ငံသမိုင်းတစ်လျှောက် အရေးပါလှသော ထိုမြစ်သည် ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်တွေထဲ မြစ်တစ်စင်းဖြစ်နေသည်ကတော့ တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများအတွက်သာမက ကမ္ဘာမြေကြီးနှင့် ကမ္ဘာသူ ကမ္ဘာသားများအတွက် စိတ်မကောင်းစရာ အခြေအနေတစ်ခု ဖြစ်သည်။ သမုဒ္ဒရာအတွင်းသို့ မြစ်များမှတစ်ဆင့် ဝင်ရောက်လာသော ပလပ်စတစ် စွန့်ပစ်အမှိုက်များတွင် ယန်ဇီမြစ်မှ စီးဝင်လာသော ပလပ်စတစ် စွန့်ပစ်အမှိုက်များက အများဆုံးဖြစ်သည်။
မြစ်များမှတစ်ဆင့် သမုဒ္ဒရာအတွင်းသို့ နှစ်စဉ်ဝင်ရောင်လျက်ရှိသည့် စွန့်ပစ်ပလပ်စတစ် မက်ထရစ်တန်ချိန် ၂.၇၅ သန်းထဲတွင် ၁.၅ သန်းခန့်မှာ ယန်ဇီမြစ်မှ စီးဝင်လာခြင်း ဖြစ်သည်။ ထိုအခ်က္က သမုဒ္ဒရာတွင်းရှိ စွန့်ပစ်ပလပ်စတစ် ၅၅ ရာခိုင်းမှာ ယန်ဇီမြစ်က စီးဝင်လာခြင်းဖြစ်ကြောင်း ပေါ်လွင်စေပြီး မြစ်၏ ညစ်ညမ်းမှုကိုလည်း ခန့်မှန်း၍ ရနိုင်သည်။
ယန်ဇီမြစ်သည်သည်လည်း မြစ်ဝါမြစ်ကဲ့သို့ပင် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဖွံ့ဖြိုးတိုးတက်လာသော တရုတ်ပြည်၏ စက်မှုလုပ်ငန်းများမှ ပေးဝေသည့် ဆိုးကျိုးများကို ခံစားရကာ ညစ်ညမ်းသောမြစ်တစ်စင်း ဖြစ်လာခဲ့သည်။ မြစ်ရေတွင် အောက်ဆီဂျင်ပမာဏ နည်းပါးလာသည့်အတွက် မြစ်အတွင်းနေထိုင်သော ရေနေသတ္တဝါများ သေကြေပျက်စီးပြီး မြစ်ရေကိုမှီခိုနေရသော အျခား တိရစ္ဆာန်များလည်း ဘေးထွက်ဆိုးကျိုးများစွာကို ခါးစည်းခံနေရသည်။

ကေဇက်အေ-ရေးသည်
#Greenness
ref:Verdict, Conserve Energy Future
photo:Original Owners

About The Author

greenness_mm

No Comments

Leave a Reply