ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ (၂)

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ (၂)

စီတာရမ်မြစ်(Citarum River)
==================
စီတာရမ် Citarum သည် ကမ္ဘာပေါ်တွင် အညစ်ညမ်းဆုံးမြစ်များထဲတွင် နံပါတ် ၂ ​နေရာတွင်ရှိ​ကြောင်း ၂၀၂၀ ခုနှစ်တွင်ပြုလုပ်သည့် စစ်တမ်းတစ်ရပ်တွင် ​ဖော်ပြထားသည်။ ဂင်္ဂါမြစ်ကဲ့သို့ပင် မြစ်​ကြောင်းတစ်​လျှောက် လူ​နေမှု ထူထပ်သည်။ စီတာရမ်မြစ်တည်ရှိရာ အင်ဒိုနီးရှားသည် အိန္ဒိယနှင့် တရုတ်ကဲ့သို့ နိုင်ငံကြီးမဟုတ်သော်လည်း လူဦးရေ ထူထပ်သည့် ထိပ်တန်းနိုင်ငံများတွင် ပါဝင်သည်။
မြစ်​ကြောင်းဝန်းကျင်ရှိ စက်ရုံပေါင်း ၂၀၀၀ မှ စက်မှုစွန့်ပစ်ပစ္စည်းများသည် ရေ၏ ပြဒါးအဆင့်ကို အဆပေါင်းများစွာ တိုးမြင့်လာစေခဲ့ပြီး မြစ်သည် ညစ်ညမ်းပြီး အရင်းအမြစ်များမှ ထွက်ပေါက်များ၊ ​ရေ​ဝေ​​ဒေများအထိ ညစ်ညမ်းလျက်ရှိသည်။ ကံမကောင်းစွာပင် စက်ရုံများနှင့် လူများသည် စီတာရမ်မြစ်ကို အမှိုက်ပစ်သည့်နေရာအဖြစ် အသုံးပြု​နေကြသည်။ လူဦး​ရေများပြားထူထပ်​သော​ကြောင့် ​ဒေသခံများသည် မြစ်​ရေအား မဖြစ်မ​နေ သုံးစွဲ​နေရပြီး ယင်းအကျိုးဆက်​ကြောင့် ကျန်းမာ​ရေးဆိုးကျိုးများ ဖြစ်​ပေါ်ကာ နှစ်စဉ် လူ ၅၀၀၀ ခန့် အသ်ဆုံးရှုံး​နေရသည်ဟု ဆိုသည်။
Ref:Google

About The Author

greenness_mm

No Comments

Leave a Reply