ကမ္ဘာ့အလှပဆုံးကျွန်းများ (အေဇိုးရက်စ်(Azores)ကျွန်းစု)

ကမ္ဘာ့အလှပဆုံးကျွန်းများ (အေဇိုးရက်စ်(Azores)ကျွန်းစု)


ပေါ်တူဂီနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော Azores ကျွန်းစုသည် အတ္တလန္တိတ်သမုဒ္ဒရာ အလယ်ပိုင်းရှိ ကျွန်းစုတစ်ခုဖြစ်သည်။ ကျွန်းများကို စိမ်းပြာနေသော တောတောင်ရေမြေများက ဝန်းရံထားသည့်အပြင် တံငါရွာများ၊ စပျစ်ခြံများ၊ ကော်ဖီနှင့် လက်ဖက်စိုက်ခင်းများက သာယာသောသဘာရှုခင်းများအဖြစ် ဖန္တီးပေးထားသည်။
ထို့အပြင် တောင်ပေါ်ဒေသပန်းမျိုးစိတ်တစ်မျိုးဖြစ်သည့် ဟိုက်ဒရင်းဂျာစ် ပန်းခင်းများက လည်း အေဇိုးရက်စ်ကျွန်းစု၏ နေရာအနှံအပြားကို အျပာရောင်များဖြင့် လွှမ်းမိုးထားသည်။ ထို့အပြင် ရေထဲမှ ထိုးထွက်နေသော ကမ်းပါးများ၊ ရေတံခွန်များ၊ ကျွန်းစုတွင် ရှင်သန်နေထိုင်သော ဇီဝမျိုးစုံမျိုးကွဲများကလည်း ကျွန်းများ၏ သဘာဝအလွတရားကို ဖြည့်ဆည်ပေးထားပြန်သည်။
အေဇိုးရက်စ်ကျွန်းစုရှိ ပီကိုကျွန်းတွင် အတ္တလန္တိတ်ဒေသ၏ အမြင့်မားဆုံးတောင်တစ်ခုဖြစ်သည့် Pico တောင်ရှိပြီး ၎င်းသည် ငြိမ်သက်မီးတောင် တစ်လုံးလည်းဖြစ်သည်။


Azores ကျွန်းစုတွင်နေထိုင်သူ လူဦးရေ ၂၄၅, ၇၆၆ (ဒေသစာရင်းအင်းရုံး၊ ၂၀၁၅ အချက်အလက်များ) ရှိပြီး ကျွန်းစုရှိကျွန်းများတွင် ပျံနှံနေထိုင်ကြသည်။

#ကေဇက်အေ
Ref:internet

About The Author

greenness_mm

No Comments

Leave a Reply