ကမ္ဘာ့အသက်အကြီးဆုံး ခေါင်းနှစ်လုံးပါလိပ်၏ ၂၅ နှစ်မြောက်မွေးနေ့ ပါတီကျင်းပ

ကမ္ဘာ့အသက်အကြီးဆုံး ခေါင်းနှစ်လုံးပါလိပ်၏ ၂၅ နှစ်မြောက်မွေးနေ့ ပါတီကျင်းပ

                  ကမ္ဘာ့အသက်အကြီးဆုံး ခေါင်းနှစ်လုံးလိပ်ဖြစ်သော ဂျန်နက်စ် ၏ ၂၅နှစ်မြောက်မွေးနေ့ ကို တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။ မျက်နှာနှစ်မျက်နှာရှိသော ရောမဘုရားကို အစွဲပြုပြီး ဂျန်နပ်စ်ဟု အမည်ပေးထားတာပါ။ ၎င်းကို မွေးစကတည်းက ဂျီနီဗာ သဘာဝသမိုင်းပြတိုက်တွင် မွေးမြူခဲ့ပါတယ်။ ခေါင်းနှစ်လုံးပါသောလိပ်တစ်ကောင်အနေနဲ့ ရန်သူ၏ ရန်ပြုမှုကိုရှောင်ရှားရန် အခွံ့အတွင်းသို့ ပုန်းအောင်း မနေနိုင်သောကြောင့် သဘာဝတွင် သေဆုံးကြတာများပါတယ်။
                  ဂျန်နပ်စ်ကို ပြုစုစောင့်ရှောက်ထားသူတွေထဲက အန်ဂျလီကာဘိုဂိုအင်က ” ကျမတို့ သူ့ကို နှစ်အကြာကြီးအသက်ရှင်အောင် မွေးမြူထားနိုင်တာနဲ့ ပတ်သက်လို့ ဝမ်းမြှောက်ဂုဏ်ယူမိပါတယ်” ဟုဆိုပါတယ်။ “သူ့ကို ကျန်းမာရေးကောင်းစေဖို့ ဘိုဂိုအင်နှင့် အခြားပြုစုစောင့်ရှောက်သူတွေက အော်ဂဲနစ်အစိမ်းရောင်အရွက်များကျွေးပြီး ဂရင်းတီးနှင့် ပန်းလက်ဖက်ရေ တို့ဖြင့် နေ့စဉ် နှိပ်နယ်ပေးပြီး ရေချိုးပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ရန်အတွက်၊ တစ်ခါတစ်ရံတွင် သီချင်းဆိုခြင်းနှင့် ပုံမှန်လမ်းလျှောက်ခြင်း၊ စိတ်ကြိုက်လုပ်ထားသော စကိတ်ဘုတ်ပေါ်တွင် စီးခြင်းတို့ကို စီစဉ်ပေးပါတယ်” “ကျမကတော့ မနက်တိုင်း သူ့ကိုစကားပြောပေးတယ်။ သီချင်းဖွင့်ပြပါတယ်” လို့ ဘိုဂိုအင်ကဆိုပါတယ်။ ဂျန်နပ်စ်ရဲ့ ညာဘက်ဦးခေါင်းသည် အခွံ၏ညာဘက်ခြမ်းရှိ ခြေထောက်များကို ထိန်းချုပ်ထားပြီး ဘယ်ဘက်ခေါင်းသည် ဘယ်ဘက်ခြမ်းကို ထိန်းချုပ်ထားပါတယ်။
                   ဂျန်နပ်စ် တွင် ကွဲပြားသော စိတ်ခံစားချက်များနှင့် မတူညီသော ကိုယ်ရည်ကိုယ်သွေးနှစ်ခုရှိပြီး တစ်ခါတစ်ရံတွင် ပဋိပက္ခများဆီသို့ ဦးတည်သွားလေ့ရှိပါတယ်။ ဥပမာအားဖြင့် ဘယ်လမ်းကြောင်းကို လျှောက်လှမ်းမယ်ဆိုတဲ့ ပြဿနာပါပဲ။ “ကျမ သတိထားမိတာတစ်ခုကတော့ ညာဘက်ဦးခေါင်းက ပိုသိချင်တယ်၊ ပိုတက်ကြွတယ်၊ ပိုသန်မာတဲ့ စရိုက်ရှိတယ်” ဟု ဘိုဂိုအင်က ရှင်းပြတယ်။ “ဘယ်ဘက်ခေါင်းက ပိုစိတ်လှုပ်ရှားပြီး အရမ်းလောဘကြီးတယ်” လို့ သူမကပြောပြီး ခေါင်းတစ်ပိုင်းဟာ မုန့်ညှင်းထုပ်ကိုကြိုက်ပြီး နောက်တစ်ပိုင်ကတော့ မုန်လာဥနီကိုကြိုက်တယ်လို့ သူမကပြောပါတယ်။ ဂျန်နပ်စ်က သေဆုံးနိုင်တဲ့ အခြေအနေကြုံတွေ့ဖူးပါတယ်။ ယခင်က ဆီးအိမ်ကျောက်တည်ခြင်းဝေဒနာကို ခံစားခဲ့ရပြီး ၎င်းကို ၂၀၂၀ ခုနှစ်တွင် ဖယ်ရှားခဲ့လို့ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။
Ref: euronews
ရင်ငြိမ်းနွေ
#greenness

About The Author

greenness_mm

No Comments

Leave a Reply