ကယ်လီဖိုးနီးယားကမ်းရိုးတန်းမှ ရေနံယိုဖိတ်မှုကြောင့် ပင်လယ်နေသတ္တဝါများ သေကြေပျက်စီး

ကယ်လီဖိုးနီးယားကမ်းရိုးတန်းမှ ရေနံယိုဖိတ်မှုကြောင့် ပင်လယ်နေသတ္တဝါများ သေကြေပျက်စီး

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ဖြစ်ပွားခဲ့သည့် ကယ်လီဖိုးနီးယားကမ်းရိုးတန်းမှ ရေနံယိဖိတ်မှုများကြောင့် ပင်လယ်နေသတ္တဝါများ သေကြေပျက်စီးကာ ဟန်တင်တန်ကမ်းခြေတွင် ငါးများနှင့် ပင်လယ်ပျော်ငှက်အသေများကို တွေ့ရှိရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
စည် ၃၀၀၀ တန်ဖိုးရှိ ​ရေနံများ ပစိဖိတ်သမုဒ္ဒရာထဲကို ဝင်ရောက်သွားပြီးနောက် တောင်ပိုင်းကယ်လီဖိုးနီးယားကမ်းခြေတစ်ဝိုက်ကိုရေနံတွေနဲ့ဖုံးလွှမ်းထားပြီးဒေသခံတောရိုင်းတိရစ်ဆာန်အချို့ကိုပျက်စီးစေတယ်လို့တာဝန်ရှိသူတွေကပြောသည်။
Orange County ကြီးကြပ်ရေးမှူး Katrina Foley က ဟန်တင်တန်ကမ်းခြေနှင့် ငါးမိုင်ခန့်အကွာတွင် ရေနံပိုက်လိုင်းကျိုးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီး အဆိုပါကမ်းခြေတစ်လျှေက်ကို County တာဝန်ရှိသူများနှင့် အမေရိကန်တပ်မတော်သားများပူးပေါင်းကာ ဆယ်စုနှစ်နှင့်ချီကာ သဘာဝရင်းမြစ်များကို ထိန်းသိမ်းခဲ့ရကြောင်း၊ ရေနံယိုဖိတ်မှုကြောင့် ၄င်းတို့တည်ဆောက်ခဲ့သည့် သဘာဝရင်းမြစ်များ တစ်ရက်တည်းနှင့် ပ်က္စီးခဲ့ရကြောင်း Ms. Foley က ပြောသည်။
ရေနံယိုဖိတ်မှုမှာ ဂါလန်ပေါင်း ၁၂၂၂၀ ဂါလန်ခန့်ရှိကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
သို့သော် တနင်္လာနေ့ညနေပိုင်းက ထပ်မံအတည်ပြုလိုက်သည့် သတင်းများအရ ရေနံဂါလန်ပေါင်း ၁၀၀၀၀၀(တစ်သိန်း)ခန့်သည် ပစိဖိတ်သမုဒ္ဒရာထဲသို့ ပျံနှံစိမ့်ဝင်နေသည်ဟု ဆိုသည်။ အဆိုပါ ရေနံယိုဖိတ်မှုကြောင့် ကယ္လီဖိုးနီးယားတောင်းရှိ လူကြိုက်များသည့် ကမ်းခြေများကို ပိတ္ထားရကြောင်းလည်း သိရသည်။
#Ref:CNN

About The Author

greenness_mm

No Comments

Leave a Reply