ကာဗွန်ဘတ်ဂျတ်ကြောင့် ၂၀၃၀ မှာ ကမ္ဘာကြီး ပျက်ကိန်း စတော့မှာလား

ကာဗွန်ဘတ်ဂျတ်ကြောင့် ၂၀၃၀ မှာ ကမ္ဘာကြီး ပျက်ကိန်း စတော့မှာလား

တနင်္လာနေ့ထုတ် Nature Climate Change ဂျာနယ်ပါ ဆောင်ပါး တစ်ပုဒ်မှာ ဖော်ပြတဲ့ လေ့လာမှုတစ်ခုအရ ၂၀၃၀ မှာ ကမာ္ဘကြီးပူနွေးလာမှုကို ထိန်းချုပ်ဖို့ ၁.၅ ဒီကရီမှာမြဲနေအောင်လုပ်ဖို့အတွက် နိုင်ငံတကာ ကတိကဝတ် ဟာ ဘယ်လိုမှ ဖြစ်လာနိုင်စရာအကြောင်းမရှိတော့ဘူးလို့ သိပ္ပံပညာရှင်တွေက သတိပေး လိုက်ပါတယ် ဆိုပြီး ပါရှိပါတယ် ။
လက်ရှိဖြစ်ပေါ်နေတဲ့ ကမာ္ဘနိုင်ငံရေးအ‌ခြေအနေတွေနဲ့ နိုင်ငံတကာစီးပွားရေးယှဉ်ပြိုင်မှုတွေကြောင့် ကမာ္ဘ့ လေထုထဲကို ကာဗွန်ထုတ်လွှတ်မှုက လျော့ကျသွားနိုင်စရာမရှိဘူးလို့လည်း ဆိုပါတယ် ။
၂၀၂၉ ခုနှစ် အစောပိုင်းကာလ (၅) နှစ်ကျော်အတွင်း၊ လက်ရှိနှုန်းဖြင့် ရုပ်ကြွင်းလောင်စာများကို ဆက်လက် လောင်ကျွမ်းနေပါက ကမ္ဘာကြီးပူနွေးလာမှုအတွက် နိုင်ငံတကာက သဘောတူထားသည့် အပူချိန်ကန့်သတ်ချက် ၁.၅ ဒီကရီ အောက်၌ ရှိနိုင်မည်မဟုတ်ပေ။ လေ့လာမှုသည် ကမ္ဘာကြီးသည် ဤပြင်းထန်သော ရာသီဥတု အဆင့်ကို ရောက်ရန် သုံးနှစ်ပိုမိုနီးကပ်လာမည်ဖြစ်သည်။
လက်ရှိနှုန်းအတိုင်း ဆက်သွားနေမည်ဆိုပါက ကမ္ဘာသည် သန္တာကျောက်တန်းအများစုကို ဆုံးရှုံးရဖွယ်ရှိပြီး အဓိကရေခဲလွှာများက ပြန်မခဲတော့ဘဲ အရည်ပျော်သွားမည်ဖြစ်သည်။ မိုးခေါင်ရေရှားမှုကြောင့် သောက်သုံးရေ ပြတ်လပ်မှု ၊ အပူလှိုင်းများကျရောက်ခြင်းနှင့် ပြင်းထန်သော ရာသီဥတုများကြောင့် သေဆုံးမှုများ သိသိသာသာ တိုးလာနိုင်ကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင်လည်း ဖော်ပြပါရှိပါသည်။
လေ့လာမှုကတော့ စက်မှုခေတ်မတိုင်မှီ ကမာ္ဘကြီးရဲ့ အပူချိန်ထက် ပိုမိုတိုးတက်လာနေတာကို ၁.၅ ဒီကရီ အထိ ရောက်အောင် ထိန်းချုပ်ကြမယ်လို့ ၂၀၁၅ ပါရီသဘောတူညီချက်မှာ လက်မှတ်ရေးထိုးကြတာကို လောလော ဆယ်မှာ အကောင်အထည်ဖော်ဖို့ နည်းလမ်းအနည်းငယ်ပဲရှိပြီး ၅၀ ရာခိုင်နှုန်းလောက်တော့ အခွင့်အရေးကျန် နေသေးတယ်လို့ ဖော်ပြထားပါတယ်။
တိုင်းတာတွက်ချက်မှုတွေက ဘာပြောနေသလဲဆိုရင် ပြီးခဲ့တဲ့ ၁၀စုနှစ်အတွင်းမှာ ကမာ္ဘကြီးက ၁၉ရာစုနှစ် တွေထက် ၁.၁၄ ဒီကရီ အပူချိန် တိုးလာပါတယ် ။ မနှစ်ကထက် ဒီနှစ်မှာ ၁.၂၆ ဒီကရီ ပိုပြီး ပူလာပါတယ်။ ကမာ္ဘ့လေထုထဲမှာ ကာဗွန်ပမာဏက ၂၅၀ ဘီလီယံ မက်ထရစ်တန် ရှိနေပါတယ် ။ တစ်နှစ်ကို မက်ထရစ်တန်ချိန် ၄၀ ဘီလီယံလောက် ဆက်လက်ထုတ်လွှတ်နေပါတယ် ။
ထပ်ပြီး တိုးလာစရာပဲရှိနေပါတယ်။ အဲ့ဒိပမာဏကကို လျှော့ချဖို့ကြိုးစားနေပေမဲ့ ကာဗွန်ကတိုးလာနေဆဲဖြစ်ပါတယ် ။ လေထုထဲရှိ ကာဗွန်လက်ကျန်ပမာဏကို ကာဗွန်ဘတ်ဂျတ်လို့ ခေါ်ပါတယ်။ အဲ့ဒိပမာဏ ကလျော့ရင်လျော့ မလျော့ရင် ၂၀၃၀ မှာ ကမာ္ဘကြီးရဲ့ အနေအထားက သက်ရှိတွေ ရှင်သန်ဖို့ခက်ခဲတဲ့ အနေအထားကိုရောက်သွားတော့မယ်လို့ သတိပေးနေတာပဲ ဖြစ်ပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply