ကာဗွန်အခက် ဆိုလာအချက် အမေရိကန် အစိမ်းရေးတော်လှန်ရေး ခေတ်ဦး

ကာဗွန်အခက် ဆိုလာအချက် အမေရိကန် အစိမ်းရေးတော်လှန်ရေး ခေတ်ဦး

အမေရိကားမှာ အစိမ်းရောင်တော်လှန်ရေးလုပ်ဖို့အတွက် ရာသီဥတုထိန်းသိမ်းရေးဆိုင်ရာ ဥပဒေကြမ်းကို မနေ့က ဆီနိတ်အဖွဲ့ က အတည်ပြုပေးလိုက်ပါတယ်။

အဲ့ဒိဥပဒေထဲမှာ အိမ်းသုံးပစ္စည်းတွေအားလုံးနဲ့ ယာဉ်တွေအားလုံးကို ရုပ်ကြွင်းလောင်စာ အစား လျှပ်စစ်ပစ္စည်းတွေနဲ့ အစားထိုးမှာ ပါပါတယ်။ လောင်စာသုံး အင်ဂျင်တွေ အားလုံးနေရာမှာ လျှပ်စစ်စွမ်းအင်သုံး အင်ဂျင်တွေ အစားထိုးပြီး ကာဗွန် လျှော့ချရေး လုပ်ငန်းအတွက် ပထမအဆင့်အနေနဲ့ စတင်လိုက်တာပဲ ဖြစ်ပါတယ်။

အဲ့ဒိဥပဒေက လျှပ်စစ်ကားတွေကို ရောင်းအားတက်လာဖို့ ဖြစ်လာသလို ဆိုလာပြားတွေ ရောင်းအားက ထင်ထားတာ ထက်ပိုပြီး ဈေးကွက်မှာ အရောင်းတက်လာပါတယ်။ ဘတ်ထရီသုံး နည်းပညာတွေကလည်း မထင်မှတ်လောက်အောင်ကို အလုပ်ဖြစ်လာပါတယ်။ ရေတင်ဖို့ ၊ အခန်းအပူပေးဖို့ ၊ အဲယားကွန်းသုံးဖို့ နဲ့ ချက်ပြုတ်ဖို့ အတွက် အဆင့်မြင့်နည်းပညာတွေ က မရှိမဖြစ် လိုအပ်လာပါပြီ ။ အိမ်သုံးပစ္စည်းတွေကိုသုံးဖို့ လောလောဆယ်မှာ အသန့်စင်ဆုံးစွမ်းအင်က လျှပ်စစ်ဖြစ်နေတော့ လျှပ်စစ်ကို ရဖို့အတွက် အဆင့်မြင့် နည်းပညာတွေကို ဖန်တီးကြရတော့မှာပါ။

အစိုးရ လျှပ်စစ် စီမံကိန်းတွေက တကယ်တမ်း နင်လားငါလားသုံးပြီ ဆိုရင် မလုံလောက်နိုင်ပါဘူး။ ဒါကြောင့် အရန်သဘောနဲ့ အရေပေါ်သုံးလို့ရအောင် လျှပ်စစ်ကို စုဆောင်းထားရပါမယ်။ အဲ့တော့ ဆိုလာပြား လုပ်ငန်းနဲ့ ဘတ်ထရီ လုပ်ငန်းတွေက အနာဂတ်ရင်းနှီး မြုတ်နှံမှုအတွက် အလွန်ကောင်းတဲ့ လုပ်ငန်းတွေ ဖြစ်လာပါပြီ ။ ကာဗွန်က ကမ္ဘာကြီး ပူနွေးလာမှုကိုဖန်တီးလို့ကာဗွန်ကိုအပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့တွေ ကင်းစင်းရေး လုပ်ဖို့ ကြိုးစားလာတဲ့အတွက် ကာဗွန်အခက်ဖြစ်နေချိန်မှာ ဆိုလာစွမ်းအင်လုပ်ငန်းတွေအတွက်ကတော့ အချက်ဖြစ်နေပါပြီ။

 

မောင်ယဿ

REF: thederrick

#Greenness

About The Author

greenness_mm

No Comments

Leave a Reply