ကိုဗစ်ကြောင့် သမုဒ္ဒရာထဲကို ပလက်စတစ်တန်ချိန် ၂သောင်းခွဲကျော်ရောက်ရှိ

ကိုဗစ်ကြောင့် သမုဒ္ဒရာထဲကို ပလက်စတစ်တန်ချိန် ၂သောင်းခွဲကျော်ရောက်ရှိ

၂၀၂၀ ဇန်နဝါရီလကစပြီး ကမ္ဘာကြီးပေါ်ကို ကိုဗစ် -၁၉ ကပ်ရောဂါကြီး ပြန့်နှံ့ ခဲ့ပါတယ်။ ကူးစက်ရောဂါဖြစ်လို့ ရောဂါကူးစက်မှုကို လျှော့ချနိုင်ဖို့အတွက် တစ်ခါသုံး ပလက်စတစ်ပစ္စည်းများကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြပါတယ်။ တစ်ခါသုံးပြီးတာနဲ့ အမှိုက်အဖြစ်စွန့်ပစ်ရင်းက သမုဒ္ဒရာထဲကို ကိုဗစ်နဲ့ဆက်စပ်စွန့်ပစ် အမှိုက် တန်ချိန် ၂၆၀၀၀ကျော် ရောက်ရှိကုန်တယ်လို့ ဟောင်ကောင်အခြေစိုက် သမုဒ္ဒရာလေ့လာရေးအဖွဲ့ရဲ့ သုတေသီတွေက ဆိုပါတယ်။ အဲ့ဒိအတိုင်းအတာထဲမှာ မက်စ်တွေနဲ့ ဖေ့စ်ရှီးတွေမပါဘူးလို့ ဆိုပါတယ်။

လက်ရှိလေ့လာလို့ ရတဲ့ ဆေးရုံသုံး ကိုဗစ်ဆက်စပ်အမှိုက်တွေရဲ့ ပမာဏကိုပဲ ဖော်ပြလိုက်တာပါ။ မက်စ်တွေနဲ့ ရောဂါပိုးစမ်းသက်ချောင်းတွေ ကို အွန်လိုင်းဈေးကွက်နဲ့ ဆေးရုံတွေရဲ့ အမှာစာတွေကို စစ်ဆေးပြီး စွန့်ပစ်မှု ပမာဏကို တိုင်းတာတွက်ချက်ခဲ့ကြတာပါ။ အဲ့ဒိဆေးရုံစွန့်ပစ် ပလက်စတစ်အမှိုက်တွေကို စနစ်တကျမစီမံနိုင်တဲ့အတွက် အခုတော့ သမုဒ္ဒရာထဲကို အမှိုက်တွေရောက်လာပြီး ရေနေသတ္တဝါတွေကို အန္တရာယ်ဖြစ်လာစေတာပေါ့။

ဆေးရုံထွက် ပလက်စတစ်အမှိုက်တွေ ရေထဲကိုစွန့်ပစ်တဲ့ စီမံခန့်ခွဲမှုအမှား တွေကို အများဆုံး ပြုလုပ်တာက အာရှနိုင်ငံတွေဖြစ်ပြီး ၇၀% ရှိပါတယ်။ ဥရောပဆေးရုံတွေက ၁၁ % လုပ်ပါတယ်။ မြောက်အမေရိက က ၁၉ % လုပ်ပါတယ်။ ဆေးရုံးသုံး အမှိုက်တွေ အများဆုံးစွန့်ပစ်ခံရတဲ့ မြစ်တွေကတော့ အီရန်နိုင်ငံက ရှက်အယ်လ်အာရပ် ၊ အိန္ဒိယက အင်ဒူ နဲ့ တရုတ်က ယန်စီမြစ်တို့ ပဲ ဖြစ်ပါတယ်။ အဲ့ဒိမြစ်တွေထဲကနေ ပင်လယ်ထဲကို အမှိုက်တွေ မျောပြီး ပင်လယ်ကမ်းစပ်တွေမှာ သောင်တင်နေခဲ့ကြပါတယ်။ အနီးစပ်ဆုံးတွက်ချက်မှုအရ ဆေးရုံသုံး ပလက်စတစ် အပိုင်းအစ သန်းပေါင်း ၅ သန်းကျော် ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

မောင်ယဿ ( နိုဝင်ဘာ ၁၈ )

REF; mongabay

Photo: mongabay

About The Author

greenness_mm

No Comments

Leave a Reply