ကိုမိုဒို ဒရဂွန်တွေပေါက်လို့ တိရစ္ဆာန်ဝန်ထမ်းတွေပျော်နေ

ကိုမိုဒို ဒရဂွန်တွေပေါက်လို့ တိရစ္ဆာန်ဝန်ထမ်းတွေပျော်နေ

နယူးယောက်ခ် က ဘရွန့်စ် တိရစ္ဆာန်ဥယှာဉ်မှာ ကမ္ဘာ့အကြီးဆုံး ဖွတ်မျိုးဖြစ်တဲ့ ကိုမိုဒို ဒရဂွန် ၆ကောင် ဥပေါက်လို့ တိရစ္ဆာန်ရုံ ဝန်ထမ်းတွေ ဝမ်းသာအားရ ပွဲခံကြပါတယ်။

နှစ်ပေါင်း ၁၀၀ ကျော်ပြီးဖြစ်တဲ့ အဲ့ဒိတိရိစ္ဆာန် ဥယျာဉ်မှာ ပထမဆုံး ကိုမိုဒိုဒရဂွန်တွေကို သားဖောက်နိုင်ပြီး ဖြစ်လို့ အထိမ်းအမှတ် ပွဲလုပ်ခဲ့ကြတာပါ။

ကမ္ဘာပေါ်မှာ မှတ်တမ်းတင်ထားတဲ့ ကိုမိုဒို ဒရဂွန် အကောင်ရေ က ၂၅၀၀ ပဲ ရှိတော့တာပါ။ အဲ့ဒိအထဲမှာ အမကောင်ရေက ၃၅၀ ပဲ ရှိပါတယ်။ အခုလို သားဖောက်နိုင်ပြီးဆိုရင် မျိုးတုံးတော့မယ့် အဲ့ဒိဖွတ်ကြီး မျိုးတွေ ကို ထိန်းသိမ်းနိုင်တော့မှာ ဖြစ်လို့ ဝမ်းသာနေကြတာပါ။

ကိုမိုဒိုတွေက အင်ဒိုနီးရှား မျိုးရင်းတွေ ဖြစ်ပါတယ်။ တစ်ကောင်နဲ့ တစ်ကောင်ရန်လိုတဲ့ အကောင်တွေဖြစ်ပြီး မိတ်လိုက်ချိန်ဆိုရင် အချင်းချင်း တိုက်ခိုက်တတ်တဲ့ အကောင်တွေ ဖြစ်ပါတယ်။

“ ကျနော်တို့ အများကြီး မျှော်လင့်လို့ ရပါပြီ ။ ကိုမိုဒိုတွေက ကမ္ဘာပေါ်မှာ ရှိတဲ့ နှစ်လိုဖွယ်ကောင်းတဲ့ တွားသွားတွေပါ။ ကျနော်တို့ တိရစ္ဆာန်ရုံရဲ့ အောင်မြင်မှုကြီးဆိုရင် မမှားပါဘူး “ လို့ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

 

မောင်ယဿ ( ဒီဇင်ဘာ ၁၈ )

REF: world of buzz
Photo : roberthading

About The Author

greenness_mm

No Comments

Leave a Reply