ကျနော်တို့ တောင်တက်နေရသလိုပါပဲဗျာလို့ COP26 ပွဲဖြစ်မြောက်ရေး ဥက္ကဋ္ဌငြီးတွား

ကျနော်တို့ တောင်တက်နေရသလိုပါပဲဗျာလို့ COP26 ပွဲဖြစ်မြောက်ရေး ဥက္ကဋ္ဌငြီးတွား

လက်ရှိကျင်းပနေတဲ့ ကမ္ဘာရာသီဥတုဖောက်ပြန်မှု ညီလာခံ အဆောက်အအုံ ရဲ့ နံရံထက် နာရီက တစ်ချက်ချက် နဲ့ လည်နေပါတယ်။ တစ်နေ့ပြီး တစ်နေ့ အချိန်တွေ ကုန်သွားပါတယ်။ ညီလာခံပြီးဆုံးမယ့် ရက်ကလည်း အနည်းငယ်သာကျန်ပါတော့တယ်။ ကမ္ဘာကြီး ၁.၅ ဒီကရီ ပိုပူလာတာကို လျှော့ချပေးဖို့အတွက် တိကျရေရာတဲ့ သဘောတူညီမှုတွေကလည်း ကောင်းကောင်း မရသေးပါဘူး ။
ညီလာခံ ကျင်းပရေး လုပ်ငန်းကောင်စီဥက္ကဋ္ဌ အာလော့ ရှာမာ က “ ကျနော်တို့တွေ တောက်တက်နေရသလိုပါပဲဗျာ။ ခက်ခဲလိုက်တာ။ သဘောတူညီချက် အသေးလေး တစ်ခုရဖို့တောင် အတော်ကြီးကိုပြောယူနေရတယ်” လို့ ဆိုလာပါပြီ။ ဒီနေ့ကတော့ ညီလာခံကျင်းပတာ ၉ ရက်မြောက်နေ့ပါပဲ ။ ဘာတွေ လုပ်နေတယ်ဆိုတာကို နည်းနည်းပြောပြပါမယ်။
– ရာသီဥတုဖောက်ပြန်မှုကြောင့် ရွှေ့ပြောင်းနေထိုင်နေရတဲ့ အထဲမှာ ကလေးတွေနဲ့ အမျိုးသမီး က ၈၀% လောက်ဖြစ်နေတယ်။ လိင်သဘောအရ အားနည်းမှုတွေကိုပြင်ဆင်ဖို့ စီစဉ်နေကြပါတယ်။
– ရာသီဥတု ဖောက်ပြန်မှုနဲ့ ပတ်သက်တဲ့ သဘောတူညီမှု မူကြမ်း တင်သွင်းဖို့လုပ်နေပါတယ်။ အချိန် ၊ ငွေကြေးနဲ့ ပွင့်လင်းမြင်သာမှု ပိုင်းဆိုင်ရာတွေ ကို အသစ်ပြန်လည်ရေးဆွဲနေပါတယ်။
– ညှိနှိုင်းရေး အခန်းထဲမှာတော့ ချမ်းသာတဲ့ နိုင်ငံ နဲ့ ဆင်ရဲတဲ့ နိုင်ငံကိုယ်စားပြု ဝန်ကြီး ၂ဦး ရဲ့ သက်သမ်းတမ်းကာလကို ဆွေးနွေးနေပါတယ်။
– ၂၀၃၀ မှာ ကမ္ဘာ့အပူချိန်တိုးတက်လာမှု ကို မူလအတိုင်းဖြစ်အောင် နောက်ဆုံးထားပြီး လုပ်ပေးဖို့အတွက် အကြိတ်အနယ် ဆွေးနွေး နေပါတယ်။
– ၂၀၃၀ မှာ ကျောက်မီးသွေး သုံးစွဲမှု ကို အပြီးရပ်တန့်မယ်ဆိုတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးပြီးမှာ တောင်ကိုရီးယားက ဘွာတေးလုပ်တဲ့ နောက်ဆုံး နိုင်ငံဖြစ်လာတယ်။ အဲ့ ဒါတွေကတော့ ဒီကနေ့ လှုတ်လှုတ်ရှားရှားဖြစ်နေတဲ့ COP26 ညီလာခံရဲ့ သက်ဝင်မှုတွေပါပဲ။
မောင်ယဿ
REF; euronews
Photo : skynews ? Ani news

About The Author

greenness_mm

No Comments

Leave a Reply