ကျိန္တလီ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်းတွင် ရှားပါးလိပ်မတကောင် ဥချ

ကျိန္တလီ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်းတွင် ရှားပါးလိပ်မတကောင် ဥချ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ကျိန္တလီကမ်းခြေဒေသ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်တွင် လိပ်မတကောင် တက်ရောက်ဥချသွားခဲ့ကြောင်း ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုအသင်း (KIFCA) မှ သိရသည်။

စက်တင်ဘာ ၂၇ ရက်နေ့တွင် ပင်လယ်လိပ်မတကောင် တက်ရောက်ဥချခဲ့ပြီး လိပ်ခြေရာအကျယ်မှာ ၉၀ စင်တီမီတာ ရှိကြောင်း၊ လိပ်ဥကျင်းတည်နေရာကို GPS Point မှတ်ကာ သဘာဝအတိုင်းထားရှိကြောင်း ယင်းအသင်းမှ ကိုသားကြီးက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း ပင်လယ်လိပ်မတကောင် တက်ရောက်ဥချမှုရှိခဲ့ကြောင်း သိရသည်။

ရှားပါးပင်လယ်လိပ်မျိုးစိတ်များကို ထိန်းသိမ်းနိုင်ရန် ကျိန္တလီကမ်းခြေတွင် ကမ်းခြေအရှည် ၂၄ မိုင်အား ဇုန် သုံးဇုန် ပိုင်းခြားပြီး လိပ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

#News Watch

About The Author

greenness_mm

No Comments

Leave a Reply