ကျောက်မီးသွေး ၊ ရေနံ နဲ့ ဓာတ်ငွေ့ ပြီးရင် ကမ္ဘာကို ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ခြိမ်းခြောက်နေတာ ကွန်ကရိတွေပါ

ကျောက်မီးသွေး ၊ ရေနံ နဲ့ ဓာတ်ငွေ့ ပြီးရင် ကမ္ဘာကို ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ခြိမ်းခြောက်နေတာ ကွန်ကရိတွေပါ

ကမ္ဘာကြီးပေါ်မှာ ကွန်ကရိအဆောက်အအုံတွေပေါလာရင် အဲ့ဒိအဆောက်အအုံတွေက ကာဗွန်ထုတ်လွှတ်တဲ့ တတိယမြောက်ရင်းမြစ်တွေပဲ ဖြစ်တယ်လို့ ပညာရှင်တွေ က ဆိုကြပါတယ်။

Concrete 4 Change လို့ခေါ်တဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ ရဲ့ အဆောက်အအုံ နည်းပညာရှင်တစ်ဦး ဖြစ်တဲ့ ဒေါက်တာမိုက်ကယ်ဝိုက်စ် က ဆောက်လုပ်ရေးလုပ်ငန်းတွေ ကို နည်းပညာမြင့်ပြီး ကွန်ကရိတော်လှန်ရေး လုပ်ဖို့ ကောင်းပြီ လို့ ဆိုလာပါတယ်။ ကမ္ဘာကြီးရဲ့ ကာဗွန်ထုတ်လုပ်မှု ၈ % က ကွန်ကရိတွေကြောင့်ဖြစ်ပါတယ်။ ကွန်ကရိပြု လုပ်ဖို့အတွက် ဘိလပ်မြေကို ပြုလုပ်ရပါတယ်။ ဘိလပ်မြေကို လုပ်တဲ့ နေရာမှာ ကယ်လ်စီယံ ကာဗွန်နိတ် ( CaCO3 ) ကို သုံးရပါတယ်။ အရပ်အခေါ်ဆိုရင် ထုံးကျောက်တုံးတွေဖြစ်ပါတယ်။ အဲ့ဒိထုံးကျောက်တုံးတွေကို ကယ်လီဆီယံ အောက်ဆိုက် ( CaO ) တွေ ဖြစ်အောင်ဖောက်ပြီးမှာ ဘိလပ်မြေကို ထုတ်ရတာပါ။

အဲ့ဒိဖြစ်စဉ်မှာ ကာဗွန်ဒိုင်အောက်ဆိုက်က ဘေးထွက် ပစ္စည်းအဖြစ်ထွက်လာတာပါ။ ဘိလပ်မြေတွေ များများ ထုတ်လေ ။ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို လေထဲကို များများဖို့လေဖြစ်နေပါတယ်။ မြို့ပြမှာ ကွန်ကရိ အဆောက်အအုံတွေ အများကြီး ဆောက်လုပ်နေတာက လေထဲကို ကာဗွန်ဒိုင်အောက်ဆိုက်တွေ အများကြီး ပို့ နေတာပဲ ဖြစ်ပါတယ်။ ကွန်ကရိက ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရတဲ့ ဓာတ်ပေါင်း တစ်မျိုးဖြစ်ပြီး စက်ရုံးသုံး ရေ ၁၀ % က ဘိလပ်မြေနဲ့ ရောထားပါတယ်။ ကွန်ကရိက သစ်ပင်တွေ ခြုံပင်တွေလို ကမ္ဘာပေါ်မှာရှိတဲ့ ကာဗွန်ဒြပ်ထု တစ်မျိုးပါပဲ။

နောက်ပြီး နောင်ရောင်ရဲ့ အပူကို စုတ်ယူထားနိုင်စွမ်းလည်း ရှိပါတယ်။ အဲ့ဒိဂုဏ်သတ္တိကြောင့် ကွန်ကရိမှာ အပူကျွန်းသက်ရောက်မှု ( သို့) အပူအောင်းခြင်းလို့ခေါ်တဲ့ ဖြစ်စဉ်ရှိနေပါတယ်။ နောက်တစ်ခုကတော့ ကွန်ကရိက ကမ္ဘာ့စိုက်ပျိုးမြေသြဇာကို အပါ်ယံကနေ အုပ်ထားလိုက်ပြီး သစ်ပင်တွေ မပေါက်နိုင်အောင်လုပ်လိုက်ခြင်းက အဆိုးဆုံး ရလဒ်ပဲဖြစ်တယ်ဆိုတာပါပဲ။

မောင်ယဿ ( နိုဝင်ဘာ ၂၇ )

REF: euronews

Photo : consrattionpose

About The Author

greenness_mm

No Comments

Leave a Reply