“”ကျောရိုးမဲ့ရေသတ္တဝါ သံပခြုပ်၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ””

“”ကျောရိုးမဲ့ရေသတ္တဝါ သံပခြုပ်၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ””

သံပခြုပ်များသည်ရေအောက်ကြမ်းပြင်တွင်နေထိုင်ကြသော ဆူးချွန်များပါသော ကျောရိုးမဲ့ရေနေ
သတ္တဝါ(Spiny Marine Invertabrate) အုပ်စုဝင်များ ဖြစ်ကြပါသည်။ သံပခြုပ်ကို အစိမ်းရောင်
ကျောက်သွေးဟုလည်း ခေါ်ကြပါသည်။
အမဲရောင်လည်းရှိပြီး ထန်းသီးအသေးအရွယ်အစား
နီးပါးရှိကြသည်။ တချို့သံပခြုပ်လေးများမှာ ကြက်မောက်သီးနှင့် ပုံစံရော၊ အရွယ်ပါဆင်တူကြပြီး ကျောက်တန်းများပေါ်နှင့် အဆင်ပြေရာကျောက်ခေါင်းများထဲတွင်လည်း ခိုအောင်းနေတတ်လေ့
ရှိကြပါသည်။ရေကျချိန်တွင် သံပခြုပ်ကောင်လေးများသည် ပင်လယ်အောက်ကကျောက်တုံးများတွင် ကပ်နေပြီး ကျောက်သွေးများကို စုပ်ယူကာ အသက်ရှင်နေထိုင်လေ့ရှိကြပါသည်။
သံပခြုပ်သည် ဒေသအခေါ်ဖြစ်ပြီး အဂ်လိပ်အမည်မှာ ‘Sea Urchin’ ဖြစ်သည်။မြန်မာနိုင်ငံတွင်
သံပခြုပ်ကို ချောင်းသာ၊ငွေဆောင်နှင့် တောင်ပိုင်းမြိတ်ကျွန်းစုကမ်းခြေများတွင် တွေ့မြင်နိုင်ပါသည်။
မြိတ်ကျွန်းစု၊ ကော့သောင်းဒေသများတွင်လည်း သံပခြုပ်အမြောက်အမြားတွေ့ရတတ်သည်။အပူပိုင်း
ဒေသတစ်လျှောက်တွင်ရှိသည့် သန္တာကျောက်တန်းများတွင်လည်း တွေ့ရတတ်သည်။
သံပခြုပ် (Sea urchins)များသည် Echinoderms အုပ်စုဝင်များဖြစ်ကြပြီး ဆူးချွန် (spine)များ
ပါရှိကြပြီး ထုလုံးပုံ ကျောရိုးမဲ့ ရေနေအကောင် (globular marine invertebrate) များ ဖြစ်ကြပါ
သည်။သံပခြုပ်(Sea urchin)မျိုးစိတ်များသည် သေးငယ်ကြပြီး ဆူးပါသာအရေပြား ပါရှိကြသည်။
အချိုးညီသောအနားတွန့် ၅ခု ပါရှိပြီး လုံးဝန်းသောပုံသဏ္ဍာန်ရှိသည်။
မျိုးစိတ်ပေါင်း ၉၈၀ ခန့်ရှိပြီး ဒီရေအတက်အကျရှိရာဒေသများနှင့် ပင်လယ်ရေအနက် မီတာ ၅၀၀၀ ပင်လယ်ကြမ်းပြင်များအထိ တွေ့ရှိနိုင်သည်။သံပခြုပ်၏ အရေခွံသည် ၃ စင်တီမီတာမှ ၁၀ စင်တီမီတာအထိ ရှိတတ်ပြီး အနက်
ရောင်၊အစိမ်း၊သံလွင်၊အညို၊ခရမ်း၊အပြာ၊အနီရောင်တို့ကို တွေ့ရှိရပြီး နှေးကွေးစွာ သွားလာတတ်ကြ
သည်။ဆူး(spines)များမှာ ၁စင်တီမီတာမှ ၃စင်တီမီတာရှည်ပြီး (၁-၂)မီလီမီတာ လုံးပတ်ရှိသည်။
ယင်းတို့၏ ဆူးချွန်များဖြင့် အန္တရာယ်များကို ကာကွယ်လေ့ရှိပြီး ပါးစပ်မှာ ၄င်းတို့ခန္ဓာကိုယ်၏ အောက်ဖက်တွင် ရှိကြသည်။ Carribbean နွယ်ဝင် Diadema antillarum သံပခြုပ်မျိုးမှာ ၁၀ စင်တီမီတာမှ ၂၀ စင်တီမီတာအရှည် ရှိတတ်ပါသည်။
သံပခြုပ်များသည် ယင်းတို့၏ ပြွန်ပုံစံခြေထောက် (tube foot)များနှင့် ဖြည်းညင်းစွာသာ ရွေ့လျား
သွားလာကြပြီး တစ်ခါတရံ ၄င်းတို့၏ ဆူးချွန်များနှင့် ယင်းတို့ကိုယ်တိုင်ပွတ်ဆွဲ သွားလာတတ်ကြပါ
သည်။ သံပခြုပ်များတွင် ပါးစပ်မှ စအိုသို့ထွက်သော အပေါက် (၅)ပေါက် ပါရှိကြပါသည်။
ညမှောင်မှအစာရှာထွက်လေ့ရှိကြပြီး ၄င်းတို့ဆူးချွန်များမှာ ရေသတ္တဝါများ၏ အန္တရာယ်မှကာကွယ်
ရန် အသုံးဝင်ကြပါသည်။ ဆူးစူးမိလျှင် အသားထဲဆူးများမြုပ်ကျန်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်း အဆိပ်
တက်ကာ ယောင်ကိုင်းလာပြီး နာလာသည်။ ရက်အနည်းငယ်တွင် ရောင်သောနေရာ ပုပ်သွားတတ်ပါ
သည်။
သံပခြုပ်များသည် အခြေခံအားဖြင့် အသီးအရွက်စား ( herbivores)များဖြစ်ကြပြီး ရေညှိရေမှော်
(algae) များကို အဓိကစားသုံးကြပြီး ကျောရိုးမဲ့ရေသတ္တဝါငယ်များ၊ရေနေအပင်များကိုလည်း
စားတတ်ကြပြီးအသက် ၂နှစ်ခန့်တွင် လိင်အားဖြင့်အရွယ်ရောက်သည်။ရေချိုနှင့် မိုးရေကိုအလွန်
ကြောက်ကြပြီးမိုးလယ်မိုးကြီးချိန်များတွင် သံပခြုပ်များ အများအပြားသေဆုံးရလေ့ရှိကြပါသည်။
သံပခြုပ်မျိုးပွားခြင်း
သံပခြုပ်အမတစ်ကောင်သည် ဥပေါင်း ၁၀၀၀ ခန့် ဥချလေ့ရှိသည်။အနီရောင် သံပခြုပ်များသည် အခြားသတ္တဝါများ၏ တိုက်ခိုက်ခြင်း မခံရပါက နှစ်ပေါင်း ၂၀၀ ခန့်ထိ အသက်ရှင်သန်နိုင်သည်။
သံပခြုပ်အမ ဥချထားသောဥများသည် ရေတွင်မျောနေကာ အဖိုမျိုးဥများနှင့် ထိတွေ့ပြီး နာရီအနည်း
ငယ်အတွင်းတွင် သန္ဓေအောင်ဥများဖြစ်၍ ၁၂ နာရီတွင် ဆဲလ်စတင်ကွဲသည်။ ၁၄ နာရီမှ ၂၀ နာရီတွင် Blastula အဆင့်၊ ၃၀ နာရီမှ ၅၀ နာရီအထိတွင် Gastrula အဆင့်၊ ၇၂ နာရီတွင် လက်တံ ၆ခုပါသော Pluteus larva အဖြစ် ရောက်ရှိ ပါသည်။၆ပတ်မှ ၈ပတ်ခန့်အကြာတွင်နောက်ဆုံး ရုပ်သွင်ကူးပြောင်း
မှု ပြည့်စုံပြီး Juvenile အဆင့်သို့ ရောက်ရှိပါသည်။
သံပခြုပ်၏ပါးစပ်တွင် ကယ်လ်စီယမ်ကာဗွန်နိတ်ပါဝင်သော သွားသဏ္ဍာန်မေးရိုးတစ်ခုရှိပြီး လျှာကဲ့သို့ ပွယောင်းနေသောအစာကို ကြိတ်ဝါးပြီး အစာရေမြိုမှတဆင့် အစာအိမ်သို့ ပို့ဆောင်ပေးသည်။မျက်စိ မပါရှိသော်လည်း ထိတွေ့မှုအာရုံဖြင့် အလင်းရောင်နှင့် ဓာတုပစ္စည်းများကို ခံစားသိရှိနိုင်ပါသည်။
ဆေးဘက်ဝင် သံပခြုပ်
သံပခြုပ်ဆိုသော ထူးခြားလှသည့် ပင်လယ်ရေနေသတ္တဝါတွင် ထူးကဲလှသော အကျိုးသက်ရောက်မှု
များစွာ ရှိပါသည်။သံပခြုပ်၏ အတွင်းသားမှာ အလွန်နူးညံ့ပြီး ခွန်အားကိုတိုးစေသည်ဟု ဆိုကြပါ
သည်။ တချို့က အစိမ်းစားကြသည်။ သံပခြုပ်ကို ဓားလေးဖြင့် ခွဲ၊ အတွင်းမှအနှစ်များကို ဖန်ခွက်
သေးသေးလေးထဲထည့်ပြီး သံပရာရည်ညှစ်ထည့်ကာ သမအောင်မွှေပြီး သောက်ကြပါသည်။ တချို့
လည်း ပျားရည်၊ အရက်၊ သံပရာရည်တို့ဖြင့် သံပခြုပ်အနှစ်ကို ရောပြီး သောက်ကြပါသည်။
သံပခြုပ်ကို အရက်နှင့်စိမ်လိုက်လျှင် သံပခြုပ်ကိုယ်မှ ကျောက်သွေးများကျပြီး အရက်အရောင်မှာ သံပခြုပ်သွေးအရောင်အတိုင်း ပြောင်းသွားလေ့ရှိပါသည်။ သံပခြုပ်ကောင်ကို ယောက်ျား၊ မိန်းမ
မရွေးသောက်သုံးနိုင်ပြီး ကိုယ်ခံစွမ်းအားကိုကောင်းစေတယ်လို့ ဆိုကြပါသည်။ အနည်းငယ်ညှီပြီး အလွန်ရှားပါး ဆေးစွမ်းထက်သည်ဟု အယူရှိကြသည်။
သံပခြုပ်ဆူးအန္တရာယ်
သံပခြုပ်၏ ဆူးများမှာ ဆွေးနေသောသံကဲ့သို့ရှိပြီး အလွန်ချွန်ထက်သည်။စူးမိလျှင် ဆူးကြွေသွားပြီး အသားထဲမြုပ်ကျန်ခဲ့သည်။စက္ကန့်ပိုင်းအတွင်း အဆိပ်တက်ကာ မခံမရပ်နိုင်အောင် နာသည်။အပြင်း
အထန်ယောင်ကိုင်းလာသည်။ရက်အနည်းငယ်အတွင်း ယောင်သောနေရာ ပုတ်သွား တတ်သည်ဟု
ဆိုကြသည့်အတွက် ဆူးကို သတိထားစေလိုပါသည်။
ဆလုံလူမျိုးများအလွန်ကြိုက်သည့် သံပခြုပ်ကောင်
သံပခြုပ်သည် ဆလုံများ အဓိကကြိုက်နှစ်သက်သော အစားအစာဖြစ်ပြီး ၄င်းတို့ အလွန်တရာ ခင်မင်
ရသော မိတ်ဆွေများ၊ခေါင်းဆောင်/အကြီးအကဲများကိုသာ ရှာဖွေကျွေးမွေး၊လက်ဆောင်ပေးတတ်
ကြသည်။ တော်ရုံသင့်ရုံခင်မင်သူများအား သံပခြုပ် မကျွေးတတ်ဟု သိရသည်။
ဆလုံလူမျိုးများသည် သံပခြုပ်ကောင်အား ညင်သာစွာခွာယူပြီး ဓားဖြင့်ခွဲကာ အတွင်းရှိအသားများ (ခုံးကောင်၊ခရုကောင်တို့၏အသားများကဲ့သို့)ကို ပြုတ်ခြင်း၊ပေါင်းခြင်း၊ကြော်ခြင်းများ ပြုလုပ်စား
သုံးကြ သည်။အသားမှာ ချိုအီပြီး ညှီသောအရသာရှိပါသည်။သံပခြုပ်ကိုစားလျှင် သွေးအားကောင်း
ခြင်း၊ ဟော်မုန်းဓာတ်တိုးပွားခြင်းနှင့် ရာသီဥတုပူခြင်း/အေးခြင်းတို့ကို ခံနိုင်ရည်ရှိစေဟု ဆိုသည်။
သံပခြုပ်ကောင်၏ထူးခြားမှုမှာ ၄င်းတို့၏အနီးသို့ အမျိုးသားများချဥ်းကပ်လာပါက ဆူးတောင်များ ထောင်ပြီး တိုက်ခိုက်လေ့ရှိပါသည်။အမျိုးသမီးများဖြစ်ပါက လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်စွာ နေထိုင် လျှက်ရှိပါသည်။ထို့ကြောင့် သံပခြုပ်များကို ဆလုံအမျိုးသမီးများကသာ ရှာဖွေဖမ်းဆီးခြင်း ပြုကြ သည်ဟု ဆိုပါသည်။
သံပခြုပ်ကောင်များသည် အများအားဖြင့် ရေအောက်ကြမ်းပြင်ရှိ သဲနုန်းများနှင့် ဘာဂီကျောက်တန်း ကျောက်ပုံများကြားတွင် နေထိုင်ကြသည်။ ၄င်းတို့ကို နင်းမိလျှင် သို့မဟုတ် ၄င်းတို့၏တိုက်ခိုက်ခံရ
လျှင် ဆူးများက လူ့အသားတွင် စိုက်ဝင်ကျိုးကျန်ခဲ့ပြီး အနာရင်းကာ ပြည်တည်ပြီး အသားပုတ်တတ်
သဖြင့် အလွန်ကြောက်ဖို့ ကောင်းပါသည်။
သံပခြုပ်အတွင်းသား ကြိုက်တတ်သူမျအနေဖြင့် သံပခြုပ်ကြော်ကို ကြိုက်နှစ်သက်ကြသော်လည်း
သံပခြုပ်ဖမ်းခြင်းကိုမူ လူတိုင်းမလုပ်ဆောင်ရဲ့ကြဘဲ ပင်လယ်ပျော်မော်ကင်းများကသာ ဖမ်းဆီးရှာဖွေ
နိုင်သူများ ဖြစ်ပါသည်။
ဂျပန်လူမျိုးများလည်း ကြိုက်နှစ်သက်သည့် သံပခြုပ် roe (ခေါ်) uni (အူနီ)
ယခုနောက်ပိုင်းတွင် ပင်လယ်စာအနေနှင့် ပိုမိုခေတ်စားလာသော ချွန်ချွန်ထက်ထက် သံပခြုပ်လေးများ
သည် သမုဒ္ဒရာပင်လယ်ကျောက်ဆောင်အနီးတွင် ရှင်သန်နေထိုင်ကြပါသည်။ Uni(အူနီ)ဆိုသည်မှာ
သံပခြုပ်၏ roe ဟုခေါ်သည့် မျိုးပွားအဂ်ါလေးဖြစ်ပြီး အင်မတန်မှ နူးညံ့လှပါသည်။သံပခြုပ်များကို
သဘာဝအတိုင်းဖမ်းယူရတာများပြီး မွေးမြူရတာခက်ခဲပါသည်။ထို့ကြောင့် သံပခြုပ်တစ်ကောင်မှ Uni
roe ဟုခေါ်သည့် အနှစ်လေးများကို အနည်းငယ်သာ ရပါသည်။ ထို့ကြောင့် Uni လေးများသည်
စျေးကြီးလေ့ရှိပါသည်။ဂျပန်လူမျိုးများကလည်း အလွန်ကြိုက်ကြပါသည်။
ကျန်းမာရေးအရဆိုလျှင်လည်း Uni(အူနီ)သည် salmon ငါးများကဲ့သို့ Omega-3 ကြွယ်ဝပြီး protein
nutrients များသည့် healthy foods တစ်မျိုးဖြစ်ပါသည်။သံပခြုပ်၏ Uni(အူနီ)အရသာသည်
ဆိမ့်ဆိမ့်လေးနှင့် အရသာအလွန်ရှိပြီး အနီးစပ်ဆုံးဆိုရလျှင် ကိုင်းဥကဲ့သို့ creamy ဆိမ့်ဆိမ့်လေးကို
စားရသည့်အရသာနှင့် ဆင်တူပါသည်။ဂျပန်လူမျိုးများသည် Uni(အူနီ)ကို ဆူရှီ(sushi)ထမင်းလိပ်
ပြုလုပ်စားကြပြီး sashimiလိုလည်း အစိမ်းစားကြသည်က များပါသည်။
သံပခြုပ်စားခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများ
ဆေးဖက်ဝင်သော သံပခြုပ်ကို စားခြင်းဖြင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများ ရရှိလာနိုင်
ပါသည်။ သံပခြုပ်တွင်-
၁။အသားဓာတ်(Protein)ကြွယ်ဝခြင်း
သံပခြုပ်များသည် အသား၊ငါးများကဲ့သို့ ပရိုတင်းဓာတ်ကြွယ်ဝသဖြင့် အသားဓာတ်ရနိုင်မည့် အရင်း
အမြစ်တစ်ခုအဖြစ် စားသုံး၍ရပါသည်။ထို့​ကြောင့်လည်း သံပခြုပ်အနှစ်ဂျပန်ထမင်းလိပ်ကို အခြား နိုင်ငံများတွင် လူကြိုက်များကြပါတယ်။ သံပခြုပ်အနှစ်ဆူရှီတစ်တုံးတွင် ပရိုတင်း(အသားဓာတ်) ၃.၂ ဂရမ် ပါဝင်ပါသည်။
၂။အမျှင်ဓါတ်(Fiber)ကြွယ်ဝခြင်း
သံပခြုပ်ကိုစားလျှင် အုတ်ဂျုံနှင့် ဂျုံကြမ်းတို့ကဲ့သို့ အမျှင်ဓါတ်များများရနိုင်သောကြောင့် ဝမ်းချုပ်
ခြင်းကို ကာကွယ်ပြီး အစာခြေလမ်းကြောင်းကို ကျန်းမာစေပါသည်။သံပခြုပ်ကို ဆက်တိုက်စားပေး
ပါက အမျှင်ဓါတ်လိုအပ်မှုကို အတော်ဖြည့်ဆည်းနိုင်ပါသည်။
၃။ဗီတာမင်-စီ(Vitamin-C)ပါဝင်ခြင်း
သံပခြုပ်တွင် Vitamin-C ပါဝင်သောကြောင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအတွက် အားဖြည့်ပေးနိုင်ပြီး
ရောဂါများကိုခုခံနိုင်စွမ်း ကောင်းမွန်စေနိုင်ပါသည်။ သရက်သီး၊ လိမ္မော်သီး၊အစိမ်းရောင်အသီး
အရွက်များနှင့် အားဆေး မစားချင်ဘူးဆိုလျှင်လည်း သံပခြုပ်ကို စားသုံးနိုင်ပါသည်။
၄။ခွန်အားတိုးစေခြင်း
သံပခြုပ်ကို ကျားခွန်အားတိုးစေသည့် အာဟာရအဖြစ် ဂျပန်တွင် လူသိများသည့်အပြင် သံပခြုပ်
ဆူရှီကိုလည်း လူကြိုက်များပါသည်။ သံပခြုပ်သည် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါသည်။
ထို့ပြင် လိင်စိတ်ဖြစ်ပေါ်မှုကိုလည်း အားပေးပါသည်။
၅။ဗီတာမင်-အေ(Vitamin-A)ကြွယ်ဝခြင်း
ဗီတာမင်-အေ ကြွယ်ဝသော အစားအစာကိုရှာချင်သည်ဆိုလျှင် သံပခြုပ်ကို ညွန်ရမည်ဖြစ်သည်။
မုန်လာဥနီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ သခွားမွှေးတို့တွင်သာ အဓိကတွေ့ရတတ်သော Vitamin-A ကို
သံပခြုပ်မှ လုံလောက်သည့်ပမာဏအထိ ရနိုင်ပါသည်။ ဘီတာကယ်ရိုတင်းက ကိုယ်ခံအားစနစ်
အတွက် အားဖြည့်ပေးပါလိမ့်မည်။
၆။ကယ်လိုရီ(Calories)ရနိုင်ခြင်း
ခန္ဓာကိုယ်ကြီးလှုပ်ရှားနိုင်ဖို့အတွက် ပါဝါဘဏ်များလို ခွန်အားပုံမှန်ဖြည့်ပေးဖို့လိုပါသည်။ ထိုပြဿနာ
ကို သံပခြုပ်က ကူညီပေးနိုင်ပါသည်။ အရမ်းပင်ပန်းထားပြီးအားကုန်နေသည်ဆိုလျှင် ကယ်လိုရီ
ကြွယ်ဝသော သံပခြုပ်ကိုစားလိုက်ခြင်းအားဖြင့် အမြန်အားပြန်ပြည့်စေနိုင်ပါသည်။ထို့ပြင် ကိုယ်တွင်း
ကလီစာများ၏လုပ်ဆောင်ချက်များကို မှန်ကန်သွားစေပြီး နှလုံးကိုလည်း ကျန်းမာစေပါသည်။
ထိုကဲ့သို့ ကျန်းမာရေးအကျိုးကျေးဇူးများလှသောသံပခြုပ်ကို နေရာတိုင်းတွင် အလွယ်တကူဝယ်ယူ၍ မရနိုင်သော်ငြား မိမိကိုယ်တိုင်ကမ်းခြေရောက်နေပြီဆိုလျှင်တော့ စားဖြစ်အောင်စားကြည့်စေချင်ပါ
သည်။
သတိပြုရမည့်အချက်များ-
သံပခြုပ်တစ်ကောင်လုံးတွင် Uni(အူနီ)ဟုခေါ်သည့် သံပခြုပ်၏ မျိုးပွားအဂ်ါအစိတ်အပိုင်းတစ်ခုသည်
သာ စားဖို့အတွက်သင့်တော်ပြီး ဆူးများဖြစ်သော Spine များမှာ အဆိပ်အရှိဆုံးနေရာ ဖြစ်ပါသည်။ သံပခြုပ်ကို စားသုံးသောအခါ Uni(အူနီ)ကိုသာစားသင့်ပြီး သံပခြုပ်အရှင်ကိုစားပါက ဆူးတွေသာမက သံပခြုပ်၏ ပါးစပ်နေရာကိုပါ သေချာသတိထားရှောင်ပြီး စားသုံးသင့်ပါသည်။ထို့ပြင် သံပခြုပ်မျိုးကွဲ တချို့သည် အဆိပ်ပြင်းသောကြောင့် စားဖို့အတွက် လုံးဝမသင့်တော်သည့်ထဲတွင် ပါဝင်ပါသည်။
စားလို့ရသော သံပခြုပ်၏ အဆိပ်မိသွားလျှင် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေ
အထိ မရောက်ရှိနိုင်သော်လည်း နာကျင်ခြင်း၊မူးနောက်ခြင်း၊အော့အန်ခြင်း၊ဗိုက်နာခြင်းနှင့် အင်အား
လျော့နည်းခြင်း အစရှိသော ပြင်းထန်သည့်ရောဂါလက္ခများကို ခံစားရနိုင်သ​ဖြင့် မပေါ့မလျော့ပဲ သေချာကုသသင့်ပါသည်။
သံပခြုပ်၏ ပါးစပ်သည် ၄င်း၏ခန္ဓာကိုယ်အောက်တည့်တည့်တွင် ရှိပါသည်။ပါးစပ်ကို ရှောင်ရမည့်အကြောင်းအရင်းမှာ ကိုက်တတ်၍ဖြစ်သည်။ကိုက်လိုက်လျှင် အဆိပ်ရှိတတ်သည်မို့ ရှောင် သင့်ပါသည်။သံပခြုပ်သည် စားသုံးရန်အတွက် အန္တရာယ်ရှိနိုင်သော ပင်လယ်စာတစ်ခုဖြစ်သော်လည်း
အရသာရှိသည့်အပြင် လူသားများအတွက် အာဟာရဖြစ်စေသော Vitamin နှင့် Protein များ ပါဝင်သော
ကြောင့် စားသုံးဖို့သင့်တော်သော ပင်လယ်စာတစ်ခုလည်း ဖြစ်ပါသည်။
ကိုးကား-ဝီကီပီးဒီးယား
ရေးသားသူ- နှင်းအိ(ရာမညမြေ)

About The Author

greenness_mm

No Comments

Leave a Reply