ကျွန်သက်ရှည်တဲ့ကြက်သွန်တွေ

ကျွန်သက်ရှည်တဲ့ကြက်သွန်တွေ

မိုးပေါ်က ဒုက္ခက
မြေကြီးပေါ်ကို တန်းကျတာပဲ
ရာသီဥတုကလည်း
ထင်သလိုဖြစ်မလာဘူး
မြေကြီးက ရွှေသီးတယ်ငွေသီးတယ်ဆိုတာတွေ
ချန်ခဲ့
သူ့စိုက်ခင်းထဲက ဒဏ်ရာနဲ့
ကိုယ့်စိုက်ခင်းထဲက ဒဏ်ရာ
ဘယ်သူက ချွေးပိုကျထားရကြောင်း
ပြောကြ
သက်ပြင်းမောကိုယ်စီနဲ့
ပြိုလဲနေတဲ့ ကမ်ဘာကို ထွန်ယက်ပြုပြင်
မျက်ရည်တစ်ဖက်
အပြုံးတစ်ဖက် မျက်နှာပိုင်ရှင်တွေဟာ
လယ်သမားတွေပဲ
ငွေရှင်ကြေးရှင်ဆိုတဲ့ ကောင်တွေကလည်း
သူတို့ဆီက ဒုက္ခတွေကိုပဲ လာ လာပေးနေကြတယ်
ကိုယ့်ဆီက ဒုက္ခကိုကျ
ဘယ်တော့မှ ဈေးကောင်းပေးမဝယ်ကြဘူး
ငါတို့ဟာ
ကိုယ့်ဆေးနဲ့ကိုယ်မှားထိုးခံရ
ငါတို့ဟာ ။
ကိုယ့်ထွန်သွားနဲ့ကိုယ် ခြစ်ကုတ်ခံရ
ပဲနဲ့လည်း အရင်းမကြေ
နှမ်းနဲ့လည်း အရင်းမကြေ
စပါးလည်း ဒီလိုပဲ
ကြက်သွန် နေကြာလည်း ဒီလိုပဲ
လောကကြီးက ဘယ်တော့မှငါတို့ကို အပျင်းမပြေခဲ့
တချို့က ငွေတွင်းပေါ်တက်ထိုင်နေတဲ့ကောင်တွေလို့ ပြောကြတယ်
ကိုယ့်အဓိပ္ပါယ်ကိုယ် သိတဲ့သူတွေကတော့
ချောက်ကမ်းပါးပေါ်က ဘဝကို ပြန်ပြန်ဆွဲထူနေကြရပေါ့
ဆင်းရဲဖို့ဆိုတာ လယ်တာမဟုတ်ဘူး
ချွေးနဲ့ရင်းထားရတယ်
သွေးနဲ့ရင်းထားရတယ်
ကိုယ့်ဘဝကိုယ် ပြန်ပြန်နင်းထားခဲ့ရတယ်။
နွေယံ
၂၀၁၉
#Kite Lann Gallery
Photo-Greenway

About The Author

greenness_mm

No Comments

Leave a Reply