ကြက်ရိုး ၊ ငါးရိုးတွေကို အမှုန့်ကြိတ်ပြီး စားလို့ရအောင်လုပ်နိုင်တယ်လို့ပြောပြီ

ကြက်ရိုး ၊ ငါးရိုးတွေကို အမှုန့်ကြိတ်ပြီး စားလို့ရအောင်လုပ်နိုင်တယ်လို့ပြောပြီ

စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာလွှင့်ပစ်နေကြတဲ့ ကြက်ရိုး ၊ ငါးရိုးတွေကို အမှုန့်ကြိတ်ပြီးတော့ အနှစ်တုံးတွေ လုပ်ကာ အရိုးတစ်ရှုးစားသောက်ကုန်အဖြစ် ပြန်လုပ်ရင် စားနတ်ရိက္ခာ အခက်အခဲဖြစ်နေတဲ့နေရာ တွေအတွက် ပြဿနာတစ်ရပ်ပြေလည်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ထောက်ပြလာကြပါတယ်။
ဖင်လန် စားသောက်ကုန်ထုတ်လုပ်ရေး ကုမ္ပဏီ SuperGround က အထက်ဖော်ပြပါ အိုင်ဒီယာကို အစားအသောက်အလေ့အလွင့် လျှော့ချဖို့နဲ့ တိရစာ္ဆန်မွေးမြူရေးလုပ်ငန်းတွေကနေ ထွက်ရှိနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ မီသိန်းဓာတ်ငွေ့ လျှော့ချနိုင်ရေးအတွက်တင်ပြ ဆွေးနွေး သွားတာပါ ။
SuperGround တည်ထောင်သူနှင့် တီထွင်သူ အကြီးအကဲ Santtu Vekkeli က “ကျွန်တော် မဖြေရှင်းနိုင်တဲ့ အစားအသောက်ဆိုင်ရာ ပြဿနာများစာရင်းကို နှစ်ပေါင်းများစွာ စုဆောင်းခဲ့ပါတယ်” လို့ Euronews Green ကို ပြောပါတယ်။
“အင်ဇိုင်းများလို ဓာတုပစ္စည်းများမပါဘဲ အရိုးများကို အစားအသောက်များတွင် အသုံးချခြင်းမှာ ရှစ်နှစ်ခန့် စာရင်းထဲမှာပါခဲ့ပါတယ်။ ရှိပြီးသား စက်အတော်များများကို ပေါင်းစပ်ပြီး ပြုပြင်မွမ်းမံကာ တီထွင်သူများက လွန်ခဲ့သော သုံးနှစ်က မာကျောသော တစ်ရှူးများမှ “ချောမွေ့ပြီး အရသာရှိသော ငါးအနှစ်များ” ကို တီထွင်ခဲ့ကြပါတယ် ။ SuperGround သည် ၎င်း၏ရေရှည်တည်တံ့သောမစ်ရှင်နဲ့ပတ်
သက်ပြီး စိတ်အားထက်သန်သော ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်သည့်ကုမ္ပဏီများနှင့် လက်တွဲရန် ရှာဖွေနေပါတယ်” လို့ ဆိုပါတယ်။
စူပါဂရောင်းက အရိုးနှစ်တွေကို အခြားကြွက်သားထွက်အနှစ်တွေနဲ့ရောပြီး ထုတ်လုပ်လို့ ရကြောင်းကိုလည်း ပြသခဲ့ပါတယ်။ “အရိုးတစ်ရှူးများက အစားအစာအတွက် ကောင်းမွန်သောပစ္စည်းဖြစ်ပြီး ပါးပါးလှီးထားတဲ့အသားလိုပဲ ပရိုတင်းနှင့် အဆီပမာဏ တူညီသည်” လို့ Vekkeli ကဆိုပါတယ်။
“အာရုံခံဂုဏ်သတ္တိများ ပြောင်းလဲခြင်းမရှိဘဲ အမြင့်ဆုံးရာခိုင်နှုန်းကို ငါးပစ္စည်းများတွင် ကြက်သား ခါပတ် နှင့် ဆော်လမွန်ငါးအသားလုံးများတွင် သုံးနိုင်ပါတယ် ။ ကြက်သားနှင့်ငါးထုတ်ကုန်နှစ်မျိုးစလုံးအတွက် SuperGround က ၎င်း၏လုပ်ငန်းစဉ်သည် အစားအစာအထွက်နှုန်းကို ၂၀ မှ ၇၀ ရာခိုင်နှုန်းအထိတိုးမြှင့်ခြင်းဖြင့် CO2 ကိုလျှော့ချနိုင်ပါတယ်။ တိရစ္ဆာန်ထွက်ကုန်များစားသုံးမှုက ကျွန်ုပ်တို့ရဲ့ဖြေရှင်းချက်ထက် ပိုမတိုးသည့် အခြေအနေတွင်သာ CO2 ထုတ်လွှတ်မှု လျော့နည်းသွားလိမ့်မှာပါ ” လို့ Vekkeli က ထပ်လောင်းပြောသွားပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply