ကြောင် ( သို့) စိုးရိမ်စရာကောင်းတဲ့ သတ်ဖြတ်ရေးသမား

ကြောင် ( သို့) စိုးရိမ်စရာကောင်းတဲ့ သတ်ဖြတ်ရေးသမား

ကြောင်တွေက လူသားအဖော်များကို ချစ်ခင်နှစ်သက်ကြသော်လည်း ၎င်းတို့သည် အလွန်ထိရောက်သော သတ်ဖြတ်ရေး သမားများဖြစ်ကြကြောင်း လေ့လာမှုတစ်ခုအရ သိရပါတယ်။ ၎င်းတို့သည် ကမ္ဘာတစ်ဝှမ်းတွင် မျိုးစိတ်ပေါင်း ၂၀၀၀ ကျော်ကို စားသုံးကြတဲ့ နေရာမှာ မျိုးသုဉ်းသွားမှာကို စိုးရိမ်ပြီး ထိန်းသိမ်းနေရတဲ့ အကောင် ရာနဲ့ချီပြီး ပါနေပါတယ် ။
ကြောင်တွေကို လူတွေ မွေးလာတာ နှစ်ပေါင်း ၉ ထောင်ကျော်သွားပါပြီ ၊ အန္တာတိကတိုက်ကလွဲပြီး ကြောင်မရှိတဲ့ နိုင်ငံက မရှိသလောက်ပါပဲ ။ Nature Communications တွင် ထုတ်ဝေသည့် စာတမ်းတွင် သုတေသီများက ၎င်းတို့အား “ကမ္ဘာပေါ်တွင် ပြဿနာအများဆုံး ပျံ့နှံ့နေသော မျိုးစိတ်များထဲမှ တစ်မျိုး ” အဖြစ် ဖော်ပြထားပါတယ်။
အမေရိကား အူဘန် တက္ကသိုလ်မှ Christopher Lepczyk ဦးဆောင်သော သုတေသီများက ၎င်းစာတမ်း တွင်”ကျွန်ုပ်တို့၏လေ့လာမှုမှာ ကြောင်လို အမဲလိုက်ကောင်တွေရဲ့ အလေ့အထကို မီးမောင်းထိုးပြပါတယ်” ရေးသားထားပါတယ်။
ငှက်များ၊ နို့တိုက်သတ္တဝါများ၊ အင်းဆက်များနှင့် တွားသွားသတ္တဝါများ အားလုံးသည် ကြောင်တွေရဲ့ မီနူးတွင် ပါဝင်ပြီး ၎င်းတို့အနက် ၁၇ ရာခိုင်နှုန်းသည် သုတေသနပြုချက်အရ မျိုးမသုဉ်းစေရန် ထိန်းသိမ်းစောင့်ရှောက်မှု အတွက် စိုးရိမ်စရာဖြစ်နေပါတယ် ။ ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာအရ ကြောင်တွေရဲ့ အစားအစာနဲ့ ပတ်သက်ပြီး ပထမဆုံး အရေအတွက်အဖြစ် သုတေသနပြုချက်အရ ဖော်ပြနိုင်ခဲ့ပါတယ် ။
ကြောင်များသည် ငှက်မျိုးစိတ် ၉၈၁ မျိုး ၊ တွားသွားသတ္တဝါ ၄၆၃ မျိုး နှင့် နို့တိုက်သတ္တဝါ ၄၃၁ မျိုးကို စားပါတယ် ။ အင်းဆက်မျိုးစိတ် ၁၁၉ မျိုးနှင့် ကုန်းနေရေနေရေနေသတ္တဝါ ၅၇ မျိုး တို့ကိုလည်း စားကြောင်း သုတေသနလုပ်ပြီး သိလာခဲ့ရပါတယ် ။ ကြောင်းတွေရဲ့ အစာတွေထဲမှာ မျိုးသုဉ်းလုနီးပါး မျိုးစိတ်တွေပါနေတာက စိုးရိမ်စရာ ဖြစ်နေပါတယ် ။ ပိုဆိုးတာက ကျွန်းတွေမှာ သူတို့ရဲ့ အစာ ရှားပါးကောင်တွေက စိုးရိမ်စရာ ဖြစ်နေတာပါပဲ ။ ဥပမာအားဖြင့် နယူးဇီလန်နိုင်ငံ Stephens Island Rockwren နှင့် New Zealand ငုံးများအပါအဝင် တောရိုင်းများက မျိုးသုဉ်းလုနီးပါးဖြစ်နေပါတယ် ။ အဲ့ဒိမျိုးစိတ်တွေက ကြောင်တွေရဲ့ အစာဖြစ်နေတာကို သိခဲ့ရပါတယ် ။
နယူဇီလန်က လွှတ်တော်အမတ် တစ်ယောက်ဆိုရင် ကြောင်တွေကိုရှင်းလင်းပစ်ဖို့ အတွက် တောင်းဆိုမှု လုပ်ခဲ့ပါတယ် ။ အဲ့ဒါနဲ့ ပတ်သက်ပြီး အငြင်းအခုံတွေ ဖြစ်နေကြပါတယ်။ အဲ့ဒိအမတ်က ကြောင်ရိုင်းတွေ ကို ပစ်သတ်ဖို့အတွက် ကလေးတွေရဲ့ ကစားနည်းမှာတောင် ထည့်သွင်းဖို့တောင်းဆိုခဲ့ပါတယ် ။
သြစတေးလျှ တိုက်တစ်ခုတည်းမှာပဲ ကြောင်တွေကို ရှင်းမယ်ဆိုရင် တစ်နှစ်ကို အကောင်ရေ သန်း ၃၀၀ လောက်ရှိနေပါတယ် ။ အိမ်မွေးကြောင်တွေကို အပြင်မလွှတ်ဖို့အတွက် တောရိုင်း ထိန်းသိမ်းရေးအဖွဲ့တွေက တောင်းဆိုထားတာလည်း ရှိပါတယ် ။ ဂျာမဏီက ဝေါဒေါ့ဖ် မြို့မှာဆိုရင် နွေဦးရာသီရောက်လို့ ၃ လအတွင်း ကြောင်တွေကို အိမ်ထဲမှာပဲ ထားဖို့အတွက် အမိန့်ထုတ်ထားတာရှိပါတယ် ။
အကြောင်းကတော့ မိုးဆွေငှက်တွေ အပါအဝင် ငှက်ငယ်မျိုးစိတ်တွေက မြို့ကိုလာပြီး မျိုးပွားချိန်ဖြစ်နေလို့ပါပဲ ။ အိမ်မွေးကြောင်တွေက ကြီးမားတဲ့ အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိနေတယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်လာပြီးနောက်မှာ တော့ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး ကျိုးကြောင်ညီညွတ်စွားသုံးသပ်ဖို့ ဆွေးနွေးမှုတွေ ရှိလာပါတယ် ။
လေ့လာမှုအရ သိပြီးသား ငှက်များ၏ ၉ % ခန့်၊ သိပြီးသားနို့တိုက်သတ္တဝါများ၏ ၆ % နှင့် တွားသွားသတ္တဝါ မျိုးစိတ်များ၏ ၄ % ကို ကြောင်များက စားသောက်ကြပါတယ် သိပ္ပံပညာရှင်များသည် ရာနှင့်ချီသော လေ့လာမှုများကို ဖြတ်သန်းခြင်းဖြင့် ဤကိန်းဂဏာန်းများကို ရရှိခဲ့တာပါ ။
မောင်ယဿ- ဘာသာပြန်သည်၊
REF: Guardian

About The Author

greenness_mm

No Comments

Leave a Reply