ချန်ပန်ဇီတွေက အခြားအုပ်စုများကို ထောက်လှမ်းဖို့ စစ်နည်းဗျူဟာကို အသုံးပြုကြောင်းဆို

ချန်ပန်ဇီတွေက အခြားအုပ်စုများကို ထောက်လှမ်းဖို့ စစ်နည်းဗျူဟာကို အသုံးပြုကြောင်းဆို

အနောက်အာဖရိက၏ အကြီးဆုံး မိုးသစ်တောနယ်မြေ၊ အနောက်တောင်ဘက် အိုင်ဗရီကို့စ် အနောက်တောင် ပိုင်းရှိ တိုင်အမျိုးသားဥယျာဉ် ရဲ့ တောင်ကုန်း ၁ခုမှာ ချန်ပန်ဇီ ၂ကောင်က တိတ်တိတ်ကလေး လေးဖက်သွားပြီး တောအုပ်အစွန်က အခြားချန်ပန်ဇီအုပ်စုတစ်စု ကိုချောင်းနေတာကို သုတေသီတွေက ဗီဒီယိုမှတ်တမ်းကနေ တွေ့လိုက်ပါတယ် ။ သူတို့က အချိန်အတော်ကြာ ချောင်ကြည့်ပြီးနောက်မှာတော့ သူတို့နေတဲ့ တောအုပ်ကို ပြန်သွားကြပါတယ်။ အဲ့လိုမျိုးအပြုအမှုကို တစ်ရက်ခြားလောက်ကို အဲ့ဒိ ၂ကောင် လုပ်လေ့ရှိပါတယ်။ စစ်သားတွေ ထောက်လှမ်းရေးလုပ်သလိုမျိုးပေါ့ ။
Tai National Park ရှိ တောရိုင်းအနောက် ချင်ပန်ဇီများ၏ အိမ်နီးချင်း အသိုင်းအဝိုင်းနှစ်ခုကို ၃ နှစ်ကြာ လေ့လာ ကြည့်ရှုစဉ် စစ်ပွဲအခြေအနေများတွင် မြင့်မားသော မြေပြင်နည်းဗျူဟာကို အသုံးပြုနေတာကို သုတေသီများက မှတ်တမ်းတင်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့ပါတယ်။ ချင်ပန်ဇီများသည် ရန်သူ့များ သူတို့နယ်မြေ အတွင်းသို့ ခိုးဝင်ခြင်းရှိမရှိကို တောင်ကုန်းပေါ်မှ ထောက်လှမ်းမှုလုပ်လေ့ရှိပါတယ်။
ဒီအပတ်ထုတ် PLOS Biology ဂျာနယ်မှာ University of Cambridge မှ သုတေသီ Sylvain Lemoine က “မည်သည့်နေရာနှင့် မည်သည့်အချိန်တွင် သွားရမည်ကို ကြိုတင်ခန့်မှန်းရန်နှင့် စုဆောင်းထားသော အချက်အလက်များ အပေါ် လုံခြုံသောနည်းလမ်းဖြင့် လုပ်ဆောင်ရန် ဆန်းပြားသော သိမြင်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှု စွမ်းရည်များကို ပြသနေပါတယ်”လို့ ဆိုပါတယ်။
ချင်ပန်ဇီများတွင် အုပ်စုအချင်းချင်း အကြမ်းဖက်မှုသည် နေရာအနှံ့တွင် ရှိနေသည်ဟု Lemoine က ဆိုပါတယ် ။ တိုက်ပွဲများ နှင့် ပြန်ပေးဆွဲမှုများ သည် ရံဖန်ရံခါ နယ်နိမိတ်ချင်း ထိစပ်နေသော နေရာများတွင် ဖြစ်ပွားတတ် ကြပါတယ်။ “ချင်ပန်ဇီတွေဟာ အစားအစာ အရင်းအမြစ်တွေ လွှမ်းခြုံထားတဲ့ နေရာလွတ်တွေအတွက် ပြိုင်ဆိုင်နေကြတယ်။
အုပ်စုတွင်း ပြိုင်ဆိုင်မှု လျော့နည်းသွားတဲ့အတွက် ကြီးမားတဲ့ နယ်မြေတွေက အကျိုးဖြစ်ထွန်းပြီး အမျိုးသမီးတွေ မျိုးပွားမှုနှုန်း ပိုကြီးတဲ့ နယ်မြေတွေမှာ တိုးလာနေပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ဤလေ့လာမှုတွင် ခြေရာခံထားသည့် အိမ်နီးချင်းအုပ်စုနှစ်စုသည် အရွယ်ရောက်ပြီးအထီး၅ကောင် နှင့် အရွယ်ရောက်ပြီးအမ ၁၃ ကောင်တို့ဖြစ်ပြီး အရွယ်ရောက်ပြီး ဆယ်ကျော်သက်များ၊ အရွယ်မရောက်သေးတဲ့ အကောင်များနှင့် မွေးကင်းစကလေးငယ်များက ၄၀ မှ ၄၅ ကောင်ထိရှိပါတယ်။ “ချင်ပန်ဇီတွေဟာ နယ်မြေပိုင်စိုးမှုကို အလွန်နှစ်သက်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ပုံမှန်နယ်ခြားစောင့်ကင်းတွေကို လုပ်ဆောင်ကြပြီး၊ တစ်ဦးချင်းစီက သူတို့ရဲ့ နယ်မြေအစွန်အဖျားမှာ အလွန်ညှိနှိုင်းပြီး စည်းလုံးစွာ သွားလာနေကြပါတယ်” လို့ ဆိုပါတယ်။
“သူတို့ဟာ ကြမ်းတမ်းတဲ့၊ အန္တရာယ်ရှိတဲ့၊ ဖိစီးမှုရှိတဲ့ အုပ်စုအချင်းချင်း တွေ့ဆုံမှုမျိုးတွေရှိနေပါတယ် ။ အုပ်စုအချင်းချင်း တွေ့ဆုံမှုတွေဟာ အဝေးကနေ အသံဖလှယ်တာ၊ အမြင်အာရုံ အဆက်အသွယ်တွေ ဒါမှမဟုတ် ရန်ဖြစ်တာ၊ ကိုက်တာ၊ လိုက်ဖမ်းတာတွေ၊ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေ၊ ရန်ပွဲတွေ အမြဲဖြစ်နေပြီး အသက်အရွယ်မရွေး အုပ်စုတစ်စုရဲ့တိုက်ခိုက်ဖမ်းဆီးမှု သားကောင်ဖြစ်သွားနိုင်ပါတယ်”
ချန်ပန်ဇီတွေက အများအားဖြင့် ကိုယ့်နယ်မြေက တောင်ကုန်းတွေပေါ်မှာ နေထိုင်ကြပြီး တစ်ဖက်အုပ်စု ဝေးကွားသွားပြဆိုရင် ကုန်တွေပေါ်ကဆင်းပြီး နယ်ချဲ့ဖို့ လုပ်ကြတော့တာပါပဲ ။ ချင်ပန်ဇီများနှင့် အနီးကပ်ဆက်နွယ်နေသော ဘိုနိုဗိုမျိုးစိတ်များက လူသားတွေရဲ့ DNA နဲ့ ၉၈.၈ ရာခိုင်နှုန်းလောက် တူပါတယ်။ လူသားနှင့် ချင်ပန်ဇီတို့၏ ဆင့်ကဲဖြစ်စဉ်မျိုးရိုးသည် လွန်ခဲ့သောနှစ်ပေါင်း ၆.၉ သန်းမှ ၉ သန်းခန့် ကွဲသွားခဲ့ကြောင်း ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် သုတေသနပြုချက်အရ သိရပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply