ချားလ်ဘုရင်က အစိမ်းရောင်ဘုရင်တစ်ပါး ဖြစ်လာလေမလား

ချားလ်ဘုရင်က အစိမ်းရောင်ဘုရင်တစ်ပါး ဖြစ်လာလေမလား

ဗြိတိန် ထီးနန်းကို ဆက်ခံမယ့် ချားလ်( ၃ ) က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ ၊ အော်ဂဲနစ် စိုက်ပျိုးရေးလုပ်ငန်းတွေ နဲ့ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာလုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး မင်းသားဘဝမှာ နှစ်ရှည်လများ အကြာကြီး လုပ်ခဲ့ ဖူးပါတယ်။ ကမ္ဘာ့သြဇာအရှိန်အဝါအကြီးဆုံး ဘုရင်တစ်ပါးအနေနဲ့ အစိမ်းရောင် လုပ်ငန်းတွေအပေါ်မှာ ဆက်လက်လုပ်ဆောင်သွား နိုင်မယ်လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက သူ့ကို မျှော်လင့်နေကြပါတယ်။ မနှစ်က စကော်တလန်မှာ ကျင်းပတဲ့ COP26 ကမ္ဘာ့ရာသီဥတုဆိုင်ရာ ညီလာခံမှာ သူက အဖွင့်မိန့်ခွန်းပြောခဲ့ပါတယ်။ “ ကျနော်တို့ အချိန်တွေ ကုန်တာမြန်လွန်းနေပါတယ်။

 

ကမ္ဘာကြီး ကိုပြန်လည်ကောင်းမွန်ဖို့အတွက် ကျနော်တို့ရဲ့ အလုပ်တွေကို ၂ ဆ တိုးလုပ်ဖို့ လိုအပ်နေပါတယ်” ဆိုပြီး ပြောသွားပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပထမဆုံး မိန့်ခွန်းကို ဂရမ်သမ် သုတေသန အင်စတီကျူ့ ဘော့ဘ်အဆောင်မှာ ၁၉၇၀ ခုနှစ် ပြောခဲ့တာပါ။ “ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး လူတွေ သတိထားမိလာအောင် ကျနော်တို့ ပြောဆိုစည်းရုံး တဲ့ အလုပ်တွေကို တိုးမြှင့်ပြီး လုပ်ဆောင်မှ ဖြစ်မယ်” လို့ ပြောခဲ့ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးသမားတွေ နဲ့ ပြည်သူတွေ ဂရုစိုက် သတိထားအောင် နည်းမျိုးစုံ သူလုပ်ခဲ့ တာကလည်း အမှန်ပါပဲ။ ဟိုက်ဂရုရဲတိုက်မှာ သူက ကိုယ်ပိုင်ပန်းခြံတစ်ခုကို စိုက်ပျိုးပြီး အော်ဂဲနစ်သီးနှံတွေ ထုတ်လုပ်ပုံကို အများပြည်သူ အလွယ်တကူ လေ့လာလို့ ရအောင် ဖွင်လှစ်ပေးခဲ့ပါတယ်။

 

အစပိုင်းမှာကတော့ အော်ဂဲနစ် စိုက်ပျိုးရေးအတွက် အသိပညာပေးဖို့အတွက်ပဲ လုပ်ခဲ့ပေမယ့် နောက်ပိုင်း မှာ ကုန်တိုက်တွေမှာ မြို့စားခြံထွက် အော်ဂဲနစ် သီးနှံများ ဆိုတဲ့ တံဆိပ်နဲ့ရောင်းရတဲ့အထိ လုပ်ငန်းက အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ ရုံးနဲ့ လူနေ အဆောက်အအုံတွေ အားလုံးရဲ့ ၉၀% ကျော်က ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို ပဲ သုံးထားပါတယ်။ လျှပ်စစ်စွမ်းအင် ကို အဓိကထားသုံးပြီး ဇီဝလောင်စာဘွိုင်လာ နဲ့ ဆိုလာစွမ်းအင် တို့ကို အပူပေးဖို့အတွက် အသုံးပြုပါတယ်။ သူက ခရီးသွားလို့ ကမ္ဘာ့လေထုထဲကို ကာဗွန်ဘယ်လောက်လွှတ်ထုတ်မိတယ်ဆိုတဲ့အကြောင်း ကို သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ နှစ်စဉ် ရေးတင်လေ့ရှိပါတယ်။ သူ့ရဲ့ ပျှမ်းမျှ ကာဗွန်လွှတ်ထုတ်မှု ပမာဏက တစ်နှစ် တန်ချိန်၅၀၀ နီးပါးရှိပါတယ်။

 

လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကတည်း ဝယ်ထားတဲ့ သူစီးနေတဲ့ ကား အက်စတန်မာတင်ကို ဒိန်ခဲ ထုတ်လုပ်တဲ့စက်ရုံကနေ ထွက်လာတဲ့ ဝိုင်ဖြူ နဲ့ မောင်းလို့ ရအောင် ပြုပြင်မှု လုပ်ထားပါတယ်။ အဲ့ဒိ ကားကို ဇီ၀ အီသနော ၈% နဲ့ ခဲမပါတဲ့ ဓာတ်ဆီ ၁၅% နဲ့ မောင်းနေတာပါ။ သူက ဇီဝမျိုးကွဲတွေ ပျောက်ကွယ်ကုန်တာနဲ့ ပတ်သက်ပြီး ရောက်လေရာ ပွဲတိုင်းနီးပါး မိန့်ခွန်းတွေ အများကြီး ပြောခဲ့သလို လူသားတွေရဲ့ အညစ်အကြေးကြောင့်သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုတွေကိုလည်း အမြဲပြောလေ့ရှိပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ အသင်း အဖွဲ့ တော်တော်များများ မှာ လည်း အသင်းဝင် တစ်ဦး ဖြစ်ပါတယ်။ ၏ ချားလ် ( ၃ ) ဘုရင် ဖြစ်လာတာက ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်ပယ်မှာ သြဇာကြီး တဲ့ လူတစ်ယောက် တိုးလာတယ်လို့ မြင်ရမှာပါ။ သူ့က အစိမ်းရောင် ဘုရင်တစ်ပါးအဖြစ် ကမ္ဘာဇာတ်ခုံ မှာ ကျင်လည် နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

REF: VOA

မောင်ယဿ

About The Author

greenness_mm

No Comments

Leave a Reply