ချီလီက ဒေသတစ်ခုမှာ ကန္တာရပန်းတွေထူးထူးခြားခြား ပွင့်လို့ အမျိုးသားဥယျာဉ်သတ်မှတ်

ချီလီက ဒေသတစ်ခုမှာ ကန္တာရပန်းတွေထူးထူးခြားခြား ပွင့်လို့ အမျိုးသားဥယျာဉ်သတ်မှတ်

                 ကမ္ဘာကြီးပေါ်မှာ နေအပူဆုံးနဲ့ အခြောက်သွေ့ဆုံး ကန္တရကိုပြောပါဆိုရင် ချီလီနိုင်ငံက အတ္တာကာမာ ကန္တရကိုပြောရမှာပါ။ ဒါပေမဲ့ ဒီလအစောပိုင်းမှာ အတ္တာကာမာမှာ ထူးထူးခြားခြားကို ပန်းတွေ အခင်းလိုက်ကြီး ပွင့်နေတဲ့အတွက် ချီလီအစိုးရက ထူးဆန်းတဲ့ သဘာဝဖြစ်စဉ်ကို ကာကွယ်ဖို့အတွက် အဲ့ဒိဒေတစ်ခုလုံးကို တိုင်းပြည်ရဲ့ ၄၄ ခုမြှောက် အမျိုးသားဥယျာဉ်အဖြစ် ကြေညာခဲ့ပါတယ် ။
ချီလီသမ္မတ ဂါဘရီရယ် ဘောရစ်က အဆိုပါဧရိယာပန်းပွင့်သောသဲကန္တာရကို ကာကွယ်ရန်အတွက် အမျိုးသား ဥယျာဉ်အဖြစ်အောက်တိုဘာ ၂ ရက်တွင် ကြေညာခဲ့သည်။အမျိုးသားဥယျာဉ်ကို အုပ်ချုပ်မည့် ဧရိယာအတိအကျ ကို မသတ်မှတ်ရသေးသော်လည်း ကာပီယာပေါင် မြို့တောင်ဘက်နှင့် ဗော်လန်နာမြို့မြောက်ဘက်ကြားတွင် ရှိမည်ဟု ဆုံးဖြတ်ခဲ့ပါတယ်။Atacama သဲကန္တာရတွင် ပန်းများပွင့်တယ်ဆိုတာ ရှားတောင့် ရှားခဲ ကိစ္စဖြစ်ပါတယ်။ ရာသီဥတုအခြေ အနေပေါ်မူတည်ပြီး သုံးနှစ်မှ ငါးနှစ်တစ်ကြိမ် ပန်းများ ပွင့်တတ်ပါတယ် ။ ဒါပေမဲ့ ဒီနှစ်လို အပင်မျိုးစိတ် ၂၀၀ ကျော်ပွင့်တာကတော့ မကြုံဖူးကြဘူးလို့ ဒေသခံတွေက ဆိုပါတယ် ။တစ်ချိန်တည်းမှာပင်၊ ပန်းပွင့်မျိုးစုံ ပွင့်ဖူးနေကြတော့ အင်းဆက်ပိုးမွှားများနှင့် တိရစ္ဆာန်သစ်များ ရောက်ရှိလာပြီး အစာရှာဖွေရန် ခွင့်ပြုပေးထားသလိုဖြစ်နေပါတယ် ။ အဲ့တော့ ဒီပန်းခြံကို ကာကွယ်ဖို့ အရေးကြီးပါတယ် လို့ အမျိုးသားပိုင်ဆိုင်မှုဆိုင်ရာ ဝန်ကြီး ဇာဗီယာတိုရို က ရှင်းပြပါတယ်။
ယခင်နှစ်အခေါက်တွေတုန်းက ပွင့်တဲ့ နှင်းတောဖြူ၊ ခိုတောင်ပန်းများနှင့် ခရမ်းရောင် လီလီများကဲ့သို့သော ပန်းမျိုးစိတ်များ ဖူးပွင့်လာသည်ကို မြင်တွေ့ရသည်။ ပညာရှင်များ၏အဆိုအရ ရာသီဥတုဖောက်ပြန်မှုသည် ချီလီလူမျိုးများဟုခေါ်သည့် “ပန်းပွင့်သောသဲကန္တာရ” ကို မကြာခဏဆိုသလို ဖြစ်ပေါ်လာစေတာပါလို့ သိရပါတယ်။
               အတ္တာကာမာ သဲကန္တာရသည် တောင်အမေရိကရှိ ကုန်းပြင်မြင့်တစ်ခုဖြစ်ပြီး အင်းဒိစ် တောင်တန်းများ၏ အနောက်ဘက် ပစိဖိတ်ကမ်းရိုးတန်းရှိ ၁၀၀၀ ကီလိုမီတာရှည်လျားသော ကုန်းပြင်တစ်ခုဖြစ်သည်။ သဲကန္တာရက နေရာ အများစုက ကျောက်ခဲမြေပြင်၊ ဆားအိုင်များ (ဆားရက်စ်)၊ သဲများနှင့် အင်ဒီးစ်တောင်တန်းများမှ စီးဆင်း လာတဲ့ ဖယ်လစ်ချော်ရည်များဖြင့် ဖွဲ့စည်းထားပါတယ်။ ခန့်မှန်းချက်များအရ၊ သဲကန္တာရက စတုရန်းကီလိုမီတာ ၁၀၅၀၀၀ ကျယ်ဝန်းပြီး သီးခြားတည်ရှိနေတဲ့ အဲ့ဒိနေရာကို ရေရှည်တည်တံ့စေမည့် သဘောတူညီချက်ပြု လုပ်ဖို့အတွက် အဓိကနေရာတစ်ခု ဖြစ်လာပါတယ်။
               သိပ္ပံပညာရှင်များစွာအတွက်၊ ဤပန်းပွင့်များပွင့်ခြင်းသည် စိတ်လှုပ်ရှားစရာကောင်းသည့်ဖြစ်ရပ်တစ်ခုဖြစ်ပြီး ကမ္ဘာ့အခြောက်သွေ့ဆုံးဒေသရှိ သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်အမျိုးအစားအချို့၏ ခံနိုင်ရည်အား သက်သေပြနိုင်သောကြောင့်ဖြစ်ပါတယ်။ သဲကန္တာရသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လေ့လာမှုအတွက် လျှို့ဝှက်ချက်များစွာကို သိမ်းဆည်းထားနိုင်သည့်အပြင် လပေါ်ရှိသက်ရှိများ၏ အလားအလာများကို လေ့လာရန်အတွက်လည်း အလားတူများစွာရှိသောကြောင့်လည်း စိတ်လှုတ်ရှားစရာကောင်းနေတာပါ။
ချီလီသည် ၎င်း၏ ရေရှည်တည်တံ့ခိုင်မြဲရေး သဘောတူညီမှုများကို အားကောင်းစေရန်နှင့် ဤကမ္ဘာ၏ စွဲမက်ဖွယ်ကောင်းသော ဒေသအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အနာဂတ်ကို ရှာဖွေနေပါတယ်။
မောင်ယဿ
REF:Euronews

About The Author

greenness_mm

No Comments

Leave a Reply