ဂတ်စ် နဲ့ရေနံတွင်းတွေ နားမှာနေတဲ့ ကလေးတွေ သွေးဖြူဥ ကင်ဆာအဖြစ်များ

ဂတ်စ် နဲ့ရေနံတွင်းတွေ နားမှာနေတဲ့ ကလေးတွေ သွေးဖြူဥ ကင်ဆာအဖြစ်များ

                ယေးလ်တက္ကသိုလ် ပြည်သူ့ကျန်းမာရေး ဌာနရဲ့ သုတေသနတစ်ခုအရ ရေနံနဲ့ ဂတ်စ်တွင်း တွေနဲ့ မနီးမဝေးမှာ နေထိုင်တဲ့မိသားစုတွေမှ ကလေးတွေ က သာမန်မိသားစုတွေမှ ကလေးတွေ ထက် သွေးဖြူဥကင်ဆာ ရောဂါဖြစ်နိုင်ချေ ၃ ဆပိုများတယ်လို့ သိရပါတယ်။ အဲ့ဒိ အရေးပေါ်အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့ထုတ် Environmental Health perspectives ဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။ အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ရေနံတွင်းတွေနားက ၇နှစ်နဲ့ ၁၂နှစ်ကြား ကလေး ၂၅၀၀ ကို သုတေသနလုပ်ရာမှာ အယောက် ၄၀၀ က သွေးဖြူဥ ကင်ဆာရောဂါလက္ခဏါဖြစ်တဲ့ သွေးဖြူဥအားနည်းတဲ့ ရောဂါကို တွေ့ရှိခဲ့ရပါတယ်။ လူကေးမီးယားလို့ခေါ်တဲ့ သွေးဖြူဥကင်ဆာ ရောဂါက ကလေးသူငယ်တွေကြားမှာ အဖြစ်များပါတယ်။
                     ရောဂါဖြစ်တဲ့ ကလေးတွေက အသေအပျောက်နည်းပေမဲ့ သူတို့ဘဝရဲ့နောက်ပိုင်းမှာ နလုံးရောဂါ ၊ကျပ်မပြည့်တဲ့ရောဂါလို ကျန်းမာရေးပြဿနာတွေနဲ့ သူတို့ရင်ဆိုင်ရပါတယ်။ ၂၀၀၂ မှ ၂၀၁၇ အတွင်း ပန်ဆယ်ဗေးနီးယားမှာ ရေနံတွင်းပေါင်း ၁သောင်းကျော်တူးခဲ့ပါတယ်။ ရေနံနဲ့ ဂတ်စ်တွင်း သုံးပုံတစ်ပုံက လူနေအိမ်ခြေနဲ့ ၁မိုင်သာသာလောက်မှာ တူးခဲ့ကြတာပါ။ သောက်ရေ သုံးရေတွင်းတွေနဲ့ တစ်မိုင် ပတ်ခြာလည်အကွာလောက်မှာ ဟိုက်ဒရောလစ်တွင်းတွေကို တူးခဲ့တာပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သည်တွေ က အဲ့ဒိတွင်းတွေနဲ့ ၁မိုင်အကွာမှာ နေခဲ့တယ်ဆိုရင် လူကေးမီးယား ဖြစ်နိုင်ချေအများဆုံး ဖြစ်တယ်လို့ တွေ့ခဲ့ရပါတယ်။ “ ရေနံတွင်းတွေမှာ သုံးပြီး ထုတ်လွှတ်တဲ့ ဓာတုဓာတ်ပေါင်းတွေနဲ့ ကင်ဆာရောဂါဖြစ်မှု က ဆက်စပ် နေပါတယ်။
                        ကာစီနိုဂျင်ဓာတုဓာတ်ပေါင်းတွေက ပြည်သူ့ကျန်းမာရေးနဲ့ အဓိကပတ်သက်နေပါတယ်။ အဲ့ဒိဓာတ်ပေါင်းတွေနဲ့ ထိတွေ့နေတဲ့ ကလေးတွေရဲ့ အနာဂတ်က မမျှော်လင့်နိုင်တဲ့ ဆိုးကျိူးတွေရှိနေတယ်” လို့ သုတေသသန အကြီးတန်းအရာရှိ နီကိုလပ်ဒီဇယ်လ် ကပြောပါတယ်။ အဲ့ဒိပြဿနာကို အစပိုင်းက အသေးစားလေးပဲလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ယေးလ်တက္ကသိုလ်က အဲဒိကိစ္စကို ကျယ်ကျယ် ပြန့်ပြန့် သုတေသနလုပ်ခဲ့တာပါ။ သဲနဲ့ ဓာတုပစ္စည်းတွေကို မြေအောက်ကို ဖိသိပ်ထည့်လိုက်ပြီး ရေနံ နဲ့ ဂတ်စ်တွေကို စုဆောင်းပိုက်ကနေ ထုတ်ယူတဲ့ နည်းက မြေအောက်ရေထဲကို ဓာတုပစ္စည်းတွေ စိမ့်ဝင်သွာစေခဲ့တာပဲဖြစ်ပါတယ်။ ကင်ဆာဖြစ်စေတဲ့ နီကယ် ၊မာကျူရီ တို့လို လေးလံသတ္တုတွေ ၊ ပိုလီဆိုက်ကလစ်ဟိုက်ဒရိုကာဗွန် ၊ အငွေ့ပျံ အော်ဂဲနစ်ဓာတ်ပေါင်း ၊ ရေဒီယိုသတ္တိကြွ ပစ္စည်း နဲ့ ဘန်ဇီး တို့က မြေအောက်ရေထဲကို ပျံနှံ့ လာတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply