ဂရိတွေ ဓာတ်ငွေ့တူးဖော်မှု ရပ်တန့်ပေးဖို့ ဂရင်းပိစ်အဖွဲ့ တောင်းဆို

ဂရိတွေ ဓာတ်ငွေ့တူးဖော်မှု ရပ်တန့်ပေးဖို့ ဂရင်းပိစ်အဖွဲ့ တောင်းဆို

ဂရိနိုင်ငံ၏ Aegean ပင်လယ်တွင် သဘာဝဓာတ်ငွေ့ တူးဖော်မှု ပြုလုပ်ရန်အတွက် စမ်းသက်မှုများ လုပ်ကိုင် နေသောကြောင့် လင်းပိုင်နှင့် ဝေလငါးများကဲ့သို့သော ရေနေတောရိုင်းတိရစ္ဆာန်များ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမည်ကို Greenpeace မှ စိုးရိမ်မှုများ ဖြစ်ပေါ်နေသောကြောင့် ဂရိအစိုးရကိုတောင်းဆိုမှုများ လုပ်ခဲ့ပါတယ်။
Greenpeace သည် မြေထဲပင်လယ်တွင်ဂရိနိုင်ငံ၏ရည်မှန်းချက်ကြီးသော ရေနက်ပိုင်းဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းကို စွန့်လွှတ်ရန် အသနားခံစာ ရေးပြီးတင်သွင်းခဲ့ပါတယ်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော သုတေသနကို ကိုးကား၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းမှ အဆိုပါ စီမံကိန်း၏ သက်ရောက်မှုမှာ ယခင်က ယုံကြည်ထားသည်ထက် ကြီးမားသော အန္တရာယ်ရှိသဖြင့် ဝေလငါးများနှင့် လင်းပိုင်များအပေါ် အကျိုးသက်ရောက်မှုရှိသည် ဟု စောဒကတက်ခဲ့ပါတယ်။
ဂရိနိုင်ငံ အနောက်တောင်ပိုင်းနှင့် ကရေတေတို့ရှိ ရေပြင်တွင် စူးစမ်းလေ့လာတူးဖော်ရန် လျာထားသည့် ဧရိယာများတွင် ယမန်နှစ်က ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုက ဆောင်းရာသီနှင့် နွေရာသီတွင် တစ်နှစ်ပတ်လုံး ပင်လယ်နို့တိုက်သတ္တဝါများ တသမတ်တည်း ရှိနေကြောင်း ဖော်ပြခဲ့ပြီး ယခင်တွေ့ရှိချက်များကို ထပ်မံအတည်ပြုခဲ့ပါတယ်။
ဓာတ်ငွေ့ရှာဖွေခြင်းအတွက် စိစစ်ခံနေရသော ဒေသသည် မြေထဲပင်လယ်၏ အနက်ရှိုင်းဆုံး ရေပြင်တွင် ကျယ်ပြောလှသော အနက် ၅,၂၆၇ မီတာ (ပေ ၁၇,၃၀၀) တွင် လွှမ်းခြုံထားသည့် Hellenic Trench နှင့် အကြီးအကျယ် တိုက်ဆိုင်နေပါတယ်။ ငါးဖမ်းခြင်း၊ သင်္ဘောတိုက်မိခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုတို့ကြောင့် ခြိမ်းခြောက်ခံနေရသော ပင်လယ်ရေနေ နို့တိုက်သတ္တဝါများ ၊ ဝေလငါးများနှင့် အခြားသော ရေနေနို့တိုက် သတ္တဝါများအတွက် အရေးကြီးသောနေရာတစ်ခုဖြစ်ပါတယ် ။ ပရောဂျက်အတွက် ရှိရင်းစွဲ သဘာဝပတ်ဝန်းကျင် အကာအကွယ်များသည် ဝေလငါးနှင့် လင်းပိုင်ပေါက်ပွားချိန်များတွင် ဆိုးရွားသောသက်ရောက်မှုများကို လျှော့ချရန် ဆောင်းရာသီတွင် စူးစမ်းရှာဖွေမှုကို ကန့်သတ်ထားပါတယ်။
သို့သော် ကြာသပတေးနေ့တွင် ထုတ်ဝေသည့် အန္တရာယ်ရှိမျိုးစိတ် သုတေသနဂျာနယ်တွင် ထုတ်ဝေသည့် အစီရင်ခံစာအရ ဝေလငါးများနှင့် Cuvier’s beaked whales များအပါအဝင် အနည်းဆုံး cetacean မျိုးစိတ် လေးခုသည် ထိုဧရိယာတွင် တစ်နှစ်ပတ်လုံး နေထိုင်ကြောင်းသိရပါတယ်။
မောင်ယဿ
REF; euronews

About The Author

greenness_mm

No Comments

Leave a Reply