ဂေဟစနစ်စုံတဲ့ ကမ္ဘာ့အလှဆုံးတော ဒိန်ထရီ မိုးသစ်တော

ဂေဟစနစ်စုံတဲ့ ကမ္ဘာ့အလှဆုံးတော ဒိန်ထရီ မိုးသစ်တော

သြစတေးလျှတိုက်မှာ ကွင်းစလန်ပြည်နယ်ဆိုတာရှိပါတယ်။ တိုက်ရဲ့ အရှေ့မြောက်ပိုင်းမှာရှိပါတယ် ။ အဲ့ဒိပြည်နယ်မှာ ဘေးမဲ့တောတွေ အများကြီးရှိပေမဲ့ ဒိန်ထရီ မိုးသစ်တောလောက် ဂေဟစနစ်စုံတာ ၊ လှပပြီးဆန်းပြားတာ မရှိပါဘူး ။ ၁၉၈၈ မှာ ယူနတ်စကိုက ကမာ္ဘ့အမွေအနှစ်အဖြစ်သွင်းခဲ့ပါတယ်။ အဲ့တောက ဘယ်လောက်တောင်ရှု့ခင်းတွေလှလည်းဆိုရင် ရုပ်ရှင်ဇာတ်ဝင်ခန်းတွေအဖြစ်အသုံးပြုရတဲ့အထိလှပါတယ် ။
အနီးစပ်ဆုံးပြောရရင် Avatar ရုပ်ရှင်ထဲက တောရှု့ခင်းတွေက အဲ့ဒိတောရဲ့ ရှု့ခင်းတွေပါပဲ ။ ဂေဟစနစ်စုံတဲ့အပြင် မျိုးသုဉ်းတော့မယ့် မျိုးစိတ် တွေထဲက ၁၂၂ မျိုးက အဲ့ဒိတောထဲမှာရှိပါတယ် ။ ရှားပါးတောရိုင်းတွေကို လေ့လာလို တဲ့ ဝါသနာအိုးတွေအတွက်ကတော့ ဒိန်ထရီ မိုးသစ်တောက အရမ်းကိုသွားရောက်လိုလာဖို့ကောင်းတဲ့ တောပါပဲ ။
ကမ္ဘာတစ်ဝှမ်းတွင် ထိခိုက်လွယ်သော မိုးသစ်တောများစွာကဲ့သို့ပင် Daintree Rainforest က ခြိမ်းခြောက်မှုခံနေရပါတယ် ။ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခံရပြီးနောက် မိုးသစ်တောများ၏ ထက်ဝက်ခန့်ရဲ့ မြေနိမ့်ပိုင်းများကို ရှင်းလင်းခဲ့ပါတယ် ။ အံ့ဩစရာကောင်းလောက်အောင် သက်တမ်း နှစ်ပေါင်း ၁၃၅ သန်းရှိတဲ့ Daintreeတော က ကမ္ဘာ့ရှေးအကျဆုံး အပူပိုင်းမိုးသစ်တောအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံရပြီး ထိန်းသိမ်းထိုက်တဲ့ သစ်တောတစ်ခုဖြစ်နေပါတယ် ။
မိုးသစ်တော ကယ်ဆယ်ရေးအဖွဲ့များသည် ခြိမ်းခြောက်မှုအောက်တွင် မြေယာများကို ပြန်လည်ဝယ်ယူနေကြပြီး မိုးသစ်တော ခရီးစဉ်များမှ အမြတ်အစွန်းများသည် မြေယာစီမံခန့်ခွဲမှုကို ထိရောက်စွာ အထောက်အကူပြုပါတယ် ။ မိုးသစ်တောကို ရှင်သန်ရန် ခရီးသွားလုပ်ငန်းက ကူညီပေးပါတယ်။
မောင်ယဿ ဘာသာပြန်သည်။

About The Author

greenness_mm

No Comments

Leave a Reply