ဂေဟဗုံးပေါက်ကွဲပြီး စာကျက်ပျောက်လို့ သြစတေးလျမှာ မျိုးတုန်း ပြဿနာရင်ဆိုင်နေရ

ဂေဟဗုံးပေါက်ကွဲပြီး စာကျက်ပျောက်လို့ သြစတေးလျမှာ မျိုးတုန်း ပြဿနာရင်ဆိုင်နေရ

မနေ့က သြစတေးလျှ စိုက်ပျိုးရေး ဝန်ကြီးဌာနက တင်တဲ့ စာတမ်းမှာ သူတို့ နိုင်ငံက ကမ္ဘာ့ ဘယ်တိုက် မဆိုထက် နို့တိုက်သတ္တဝါအမျိုး စုံတဲ့ တိုက်ပဲ ဖြစ်ပါတယ် လို့ ပါရှိပါတယ်။ ကမ္ဘာ့ ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါလျှက်နဲ့ နို့တိုက်သတ္တဝါတွေ ဆုံးရှုံးမှု က အခြားသော နိုင်ငံတွေထက် အများကြီး ဆိုးနေတာကိုလည် တွေ့နေပါတယ်လို့ ၅ နှစ်ကြာပြုလုပ်ထားတဲ့ သုတေသန စစ်တမ်းအရ ဆိုထားပါတယ်။

အခုဆိုရင် အမြီးပြာ ကင်းလိပ်လျှောလို အကောင်းမျိုး ဆိုရင် မျိုးတုန်း သွားလောက် အောင် ကို ရှားပါးသွားပါပြီ ။ သြစတေးလျှ အလယ်ပိုင်းက ကျောက်တောင်တွေမှာ နေတဲ့ ကြွက် မျိုးတွေ ၊ ခရစ္စမတ်ကျွန်းမှာ နေတဲ့ မြေခွေးပျံ လင်းဆွဲ တွေ ဆိုရင် တော်တော်ကြီး ကိုရှာဖို့ ခက်နေပါတယ်။ လာမယ့် နှစ် ၂၀ လောက်ဆိုရင် အဲ့ဒိ နို့တိုက် သတ္တဝါ ၂မျိုး က လုံး၀ မျိုး တုန်းသွားနိုင်တယ်လို့ သူတို့ က ဆိုကြပါတယ်။

သစ်ပင်တွေ ဖက်မှာ ဆိုရင်လည်း နံ့သာဖြူ ပင်တွေက တော်တော်ကြီး ကိုရှားသွားပါပြီ ဖြစ်လို့ မျိုးတုန်း သွားမယ့် အန္တရာယ်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ် အတွင်းမှာ ကြုံ လိုက်ရတဲ့ မိုးခေါင်မှု၊ တောမီးနဲ့ ရေလွှမ်းမိုး မှုက သက်ရှိမျိုးစိတ်တွေကို မျိုးတုန်းသွားအောင် သဘာဝပတ်ဝန်းကျင် တိမ်းစောင်းမှုကြီး ကို ဖန်တီးလိုက်တာပါပဲလို့ ဆိုကြပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုက မိုးခေါင်တာ ၊ တောမီးလောင်တာ ၊ မိုးရွာသွန်းမှုပုံစံပြောင်းလာတာ ၊ ပင်လယ်ရေ မြင့်တာလာတာ နဲ့ သမုဒ္ဒရာရေ အချဉ်ဖောက်လာတာတွေ ကိုဖြစ်စေပါတယ်။ အဲ့ဒိလိုတွေဖြစ်လာပြီ ဆိုရင် တောရိုင်းတွေအတွက်က စားကျက်ရှားပါးမှုဖြစ်လာက ဦးရေလျှော့ပြီး မျိုးတုန်းမှုဖြစ်လာစေပါတယ်။

တောရိုင်းများ မျိုးတုန်းလာပြီ ဆိုပါက ဂေဟစနစ်တိမ်းစောင်းမှုဖြစ်ကာ သဘာဝပတ်ဝန်းကျင် တည်မြဲမှုကို တိုက်ရိုက် စိန်ခေါ်လာသလို ဖြစ်လာနိုင်ပါတယ်။ သြစတေးလျှ ပညာရှင်တွေ ရဲ့ တင်ပြမှုက အစိုးရကို ရှော့ခ်ဖြစ်သွားစေပါတယ်။ အဲ့ဒိ နို့တိုက်သတ္တဝါ မျိုးတုန်းမှုဖြစ်ပေါ်လာပါက ကမ္ဘာပေါ်မှာ သြစတေးလျှက ပထမဆုံး ဂဟစနစ် တိမ်းစောင်းမှု အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ တိုက်တစ်တိုက် ဖြစ်သွားမှာပါ။ သဘဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန နဲ့ အလုပ်သမားဝန်ကြီး ဌာနတို့ပူးပေါင်းပြီး အဲ့ ဒိစိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ အစည်းအဝေး တွေ စလုပ်နေရပါပြီ ။

ဝန်ကြီးဌာနတွေကတော့ လာမယ့် ၂၀၃၀ မှာ သြစတေးလျှရဲ့ သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းမှု ကို ၃၀ % အထိ ပြန်လည်ကောင်းမွန်လာအောင် လုပ်မယ်လို့ ဆိုထားပါတယ်။ လက်ရှိ အန္တရာယ်ဖြစ်နေတဲ့ အပင်တွေ နဲ့ အကောင်တွေ ကိုစာရင်း ပြုစုတော့ အကောင်မျိုးစိတ် ၅၃၃ မျိုးနဲ့ အပင်မျိုးစိတ် ၁၃၈၅ မျိုး ရှိနေတာတွေ့ ရပါတယ်။

 

မောင်ယဿ ( ဇူလိုင် ၁၉ )

REF: euronews

#greenness

About The Author

greenness_mm

No Comments

Leave a Reply