ဂေါ့ဖ် အားကစားက ဂေဟစနစ်ကို ဖျက်ဆီးနေတဲ့ အားကစားလား

ဂေါ့ဖ် အားကစားက ဂေဟစနစ်ကို ဖျက်ဆီးနေတဲ့ အားကစားလား

အက်ဘီရစ်ချက်ဆိုတဲ့ သိပ္ပံ ဆောင်းပါးရှင်က ဂေါ့ဖ် အားကစားက ဂေဟစနစ်နဲ့ လူမှုဘဝကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ အားကစား တစ်မျိုးဖြစ်တယ်လို့ စွတ်စွဲ ပြောဆိုလိုက်ပါတယ်။
မြို့ပြစနစ်ဖွံ့ဖြိုးလာတဲ့အခါမှာ တောမြေတွေကို အိမ်ယာစီမံကိန်း ၊ စုပေါင်းလယ်ယာနဲ့ ပြည်သူပန်းခြံ အစရှိတဲ့ နေရာတွေက တောမြေတွေကိုအများကြီး သုံးပစ်လိုက်ပါတယ်။ လူတွေနေထိုင်ဖို့အတွက် အိမ်ယာ တွေထက် သူတို့ အပန်းဖြေဖို့ မြေကို သုံးတာက ပိုများနေပါတယ်။ အဲ့လိုသုံးတဲ့အထဲမှာ ဂေါ့ဖ်ရိုက်ဖို့အတွက် သုံးတဲ့ မြေက ပိုများ နေသလိုပါပဲ ။
ကမ္ဘာပေါ်မှာ ဂေါ့ဖ်ကွင်း ၄ သောင်းကျော်ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ဘောလုံးကွင်း အရေအတွက် စုစုပေါင်းထက် ၂၆ ဆကျော် ပိုများတဲ့ မြေတွေကို ဂေါ့ဖ်ရိုက်ဖို့အတွက် သုံးထားပါတယ်။ ဂေါ့ဖ်ရိုက်တာက သဘာဝနဲ့ ပိုမိုနီးစပ်တယ်ဆိုတဲ့ အယူအဆအမှားကြီး ကလည်း ကစားသမားတွေရဲ့ အိုင်ဒီယိုလောဂျီထဲကို ရောက်နေပါတယ်။ အမှားကြီးမှားနေပါတယ်။ ဂေါ့ဖ်ကွင်းတွေကို ဘယ်လိုပြင်ပြင် သဘာဝလုံးဝ မဆန်ပါဘူး ။ သူတို့က သဘာဝနဲ့ မတူတူအောင် လုပ်ထားတဲ့ ဖျော်ဖြေရေး ဥယျာဉ် တစ်ခုထက် မပိုပါဘူး ။ အဲ့ဒိမှာ အနုပညာဆန်ဆန် အရာတွေအများကြီး ပါပါတယ် ။ အဲ့ဒါတွေကို လုပ်ဖို့အတွက် တောတွေကို ဖျက်ပြီး မြေပြင်ထားတာပါ။ ဂေါ့ဖ်က သဘာဝရဲ့ ချီးမွမ်းမှု မဟုတ်ပါဘူး ၊ ၎င်းက သဘာဝကို ကျော်လွန်လွှမ်းမိုးထားတဲ့ အရာတွေရဲ့ ချီးမွမ်းမှု တစ်ခုပါ။ ဇီဝမျိုးကွဲတွေ မရှိတဲ့ ပေါင်းသတ်ခံထားရပြီး အရိတ်ခံထားရတဲ့ မြက်ခင်းစိမ်းစိမ်းတွေပါ။ နောက်ပြီး အရက် (အယ်လ်ကိုဟော) တွေ အများကြီးရှိ တဲ့ နေရာပါ။ ကွင်းအကျယ်ကြီးမှာ လူတွေကစားဖို့အတွက် သဘာဝမြေကြီးကို ဘူဒိုဇာတွေ နဲ့ ထိုးပြီး အလှဆင်ထားတဲ့ မြေပြင်ကျယ်ကြီးပါ။
ဂေါ့ဖ်ကွင်းတွေကို ထိန်းသိမ်းဖို့အတွက် အမေရိကန်တစ်နိုင်ငံတည်းမှာပဲ တစ်နှစ်ကို ရေ လီတာ ၉ သန်းကျော်သုံးစွဲနေရပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ဂေါ့ဖ်ကွင်း တစ်ကွင်း မှာ သုံးတဲ့ ရေ က ကျေးလပ်နေ ပြည်သူ ၆ သောင်း ကျော် သုံးလို့ ရတဲ့ ရေပမာဏါကို သုံးစွဲ နေတာပါ။ အဲ့ဒိလို့ နေရာမှာ ချမ်းသာတဲ့ နိုင်ငံခြားသားတွေက ဟေးလားဝါးလားနဲ့ အချိန်တွေ ဖြုန်း နေကြတာပါ။ ဂေါ့ဖ် ကွင်းတွေမှာ ပိုးသတ်ဆေးတွေ ၊ ဓာတ်မြေ သြဇာတွေ အလွန်အကျွံ သုံးစွဲ နေကြတာ က ဂေဟစနစ်ကိုဖျက်ဆီးဖို့အတွက် ရေညှိ ရေမှော်တွေကို မွေထုတ်ပေးနေသလို ဂေါ့ဖ်ကွင်း က နေ စွန့်ထုတ်လိုက်တဲ့ ရေ တွေက သဘာ၀ ပတ်ဝန်းကျင် ကို ထိခိုက် စေတာကတော့ အမှန် ပါပဲ ။
ဂေါဖ်ကွင်းတွေက သူတို့မလိုချင်တဲ့ ပိုးတွေအတွက် ပိုးသတ်ဆေး ကို ၉၈ % သုံးနေသလို ပေါင်းပင်နဲ့ ပင်ပျော့တွေကို သတ်တဲ့ဆေးတွေက ၉၆% သုံးနေပါတယ်။ ဂေါ့ဖ်သာကစားနေကြတာ ဂေါ့ဖ်ကွင်းတွေက သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတတ်တဲ့ ဘေးဖြစ်စေတဲ့ ဓာတုဒြပ်ပေါင်းတွေ ကို အတိုင်းအဆမရှိ စွန့်ထုတ်နေတာကို ဘယ်သူမှ ဂရု မစိုက် ကြပါဘူး။ ဓာတုပိုးသတ်ဆေးတွေကင်းတဲ့ ဂေါ့ဖ်ကွင်းတွေ ဖန်တီးဖို့အတွက် သက်ဆိုင်ရာ ဂေါ့ဖ်အသင်းတွေ သတိထားဖို့ လိုပြီလို့ ဆောင်းပါရှင်က ပြောသွားပါတယ်။
မောင်ယဿ
REF: euronews
#Greenness

About The Author

greenness_mm

No Comments

Leave a Reply