ဂျပန်ကမ်းခြေကို ငါးအသေ သောင်းနဲ့ချီပြီး သောင်တင်တာ နျူအဆိပ်သင့်ရေတွေကြောင့်လား

ဂျပန်ကမ်းခြေကို ငါးအသေ သောင်းနဲ့ချီပြီး သောင်တင်တာ နျူအဆိပ်သင့်ရေတွေကြောင့်လား

ဂျပန်နိုင်ငံမြောက်ပိုင်းက ကမ်းခြေတစ်ခုကို ငါးအသေပေါင်း မြောက်များစွာ လှိုင်ပုတ်ခံရပြီး သောင်တင်လာတဲ့ ဗီဒီယိုဖိုင်တစ်ခုက အိတ်စ် ဆိုရှယ်မီဒီယာ ( ယခင် တွစ်တာ ) မှာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒိဗီဒီယိုဖိုင်က အခြားဆိုရှယ်မီဒီယာတွေမှာလည်း ပျံ့နှံ့သွားပါတယ် ။ ရေလှိုင်းက ပုတ်လို့ ငါးအသေပေါင်း သောင်းနဲ့ချီကမ်းတင်လာတာပါ ။ လိုင်းသုံးတဲ့ သူတွေကတော့ ငါးတွေသေကုန်ပါပြီ ဆိုပြီး ရေးတင်ကြတာပါ ။
အဲ့လို ငါးအသေတွေ ကမ်းတင်လာတာနဲ့ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်နေရတဲ့ အကြောင်းက မကြာသေးခင်လအတွင်းမှာ ဂျပန်အစိုးရက နျူ့အဆိပ်သင့်ရေတွေကို သမုဒ္ဒရာထဲကို ဖောက်ချခဲ့တာနဲ့ သက်ဆိုင်နေပါတယ်။ လက်ရှိကတော့ အဲ့ဒိကိစ္စနဲ့ ပတ်သက်မှုရှိမရှိကို စုံးစမ်းစစ်ဆေးနေပါတယ်။ အခြားသောသူတွေကတော့ အဲ့ဒိကိစ္စက ရေအောက် ငလျင်လှုတ်တာနဲ့ သက်ဆိုင်နေတယ်လို့ ပြောကြပါတယ် ။ ဒါပေမဲ့ ဘယ်သူမှ အတိအကျ မပြောနိုင်သေးပါဘူး ။ အဲ့ဒိလိုအဖြစ်အပျက်တွေက မကြာခဏဆိုသလို ကမ္ဘာကြီးမှာ ဖြစ်ပျက်နေပါတယ် ။ ပြီးခဲ့တဲ့လတွေတုန်းကလည်း အမေရိကန် တက္ကဆက်က ကမ်းခြေတစ်ခုမှာလည်း အဲ့လို ငါးအသေတွေ ထောင်နဲ့ သောင်းနဲ့ ချီပြီး ကမ်းတင်ခဲ့တယ်လို့ သိရပါတယ် ။
မောင်ယဿ
REF: lastly

About The Author

greenness_mm

No Comments

Leave a Reply