ဂျာမန်အစိုးရ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဘာမှမလုပ်လို့ သူ့နိုင်ငံသားတွေဆန္ဒပြ

ဂျာမန်အစိုးရ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဘာမှမလုပ်လို့ သူ့နိုင်ငံသားတွေဆန္ဒပြ

လီနာရှင်ကိုးသီး ဆိုတဲ့ ဂျာမန်အမျိုးသမီးက သူမကိုယ်ကို စူပါဂလူးတွေ သုတ်ပြီး ဘာလင်မြို့ လူစည်ကားတဲ့ လမ်းပေါ်မှာ လှဲချပြီ ဆန္ဒပြ နေပါတယ်။ သူမက ဂျာမန် အစိုးရက ရာသီဥတုပြေင်းလဲမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာကိုပေးထားတဲ့ ကတိ ကဝတ်တွေ ဘာမှ မလုပ်ဆောင်တဲ့အတွက်ကြောင့် အခုလိုပဲ ဆန္ဒပြတာလို့ ဟစ်ကြွေး နေပါတယ်။
အသက် ၁၉ နှစ်အရွယ် မိန်းကလေးက အခုတော့ သူမရဲ့ နုပျိုခြင်း အချိန်တော်တော်များများကို ထောင်ထဲမှာ ဖြုန်းရတော့မှာပါ။ သူမက နောက်ဆုံးမျိုးဆက် အရေးအခင်း ဆိုပြီး လှုတ်ရှားနေတဲ့ အဖွဲ့ရဲ့အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ သူမတို့က ကမ္ဘာကြီး ပူနွေးလာမှုကြောင့် များမကြာမီအချိန်မှာ ကမ္ဘာကြီး ပျက်စီးသွားဖို့ ရှိနေရာ သူမတို့က ယနေ့ကမ္ဘာရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်နေလို့ ရသလောက်ရုန်းကန်ကြမယ်ဆိုပြီး အခုလိုမျိုး ဆန္ဒပြနေကြတာပါ။
ဥရောပမှာ ကမ္ဘာပူနွေးလာမှုနဲ့ ပတ်သက်ပြီး အရပ်ဖက်က စိတ်ဝင်စားပြီး အစိုးရတွေကို ဖိအားပေးမှုတွေ လုပ်နေပါတယ်။ ပြင်သစ်နိုင်ငံမှာလည်း အားကစားပွဲတွေမှာ အင်္ဂလန်မှာလည်း ဖော်မြူလာဝမ်းကားပြိုင်ပွဲတွေမှာ လှုံ့ဆော်ရေးသမားတွေ ဆန္ဒပြ နေကြပါတယ်။ ခန္တာကိုယ်ကို ကော်နဲ့ ကပ်တဲ့ သရုပ်ပြ တဲ့ ဆန္ဒပြမှုကလည်း သူတို့ရဲ့ လုပ်ငန်းစဉ်ထဲက တစ်ခုပါပဲ ။ အဲ့ဒါနဲ့ ပတ်သက်ပြီး နိုင်ငံရေးသမားတွေက ဗရုတ်သုက္ခတွေ ပရမ်းပတာတွေ ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေကြတာပါဆိုပြီး ပြစ်တင်ပြောဆိုမှုတွေ လုပ်နေပါတယ်။ လှုံ့ဆော်ရေးသမားတွေကတော့ နိုင်ငံရေးသမားတွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စိန်ခေါ်မှုဖြစ်လာလို့ သူတို့ ကို လူရာမသွင်းတာဆိုပြီး ပြန်လည် ပစ်တင် ဝေဖန်နေကြပါတယ်။
” ကျမတို့ လုပ်တာကို ပြည်သူတွေက ကြိုက်တယ်ဆိုရင်တော့ ကျမတို့ က ဘာမဆိုလုပ်မှာပါပဲ “လို့ လီနာက ဆိုပါတယ်။ ” ကျမတို့က ကောင်းကောင်းမွန်မွန်တောင်း ဆိုနေတာပါ၊ ကျမတို့ က အေးအေးချမ်းချမ်းပဲ ဆန္ဒပြသွားမှာပါ” လို့ ဆိုပါတယ်။
ကမ္ဘာကြီး ပိုကောင်းလာဖို့အတွက် ကျောင်းထွက်ပြီး ဆန္ဒပြနေကြတဲ့ ဆွီဒင်က ဂရီသာသမ်ဘာဂ် ဦးဆောင်တဲ့ ကျောင်းသူအုပ်စုနဲ့ သူမတို့ အချိတ်အဆက်လုပ်ထားပါတယ်။ သူတို့ အုပ်စုက အခုဆိုရင် ကမ္ဘာမှာ ထောင်နဲ့ ချီအောင် ချိပ်မိနေကြပါပြီ ။ သက်ဆိုင်ရာအစိုးရအသီးသီးကို ဖိအားပေးပြီး ရာသီဥတုပြောင်းလဲလာမှုကို အရေ အရာယူပြုလုပ်ပေးရန် အတွက် သူတို့ နည်းမျိုးစုံနဲ့ ဆန္ဒပြသွားကြမှာပါ။ ” ကျမတို့ ပြောင်းလဲမှုတစ်ခုခုရဖို့ မျှော်လင့်နေပါတယ်။ နိုင်ငံရေးသမားတွေက ကျမတို့ကို အာရုံ စိုက်လာပြီ ၊ ရာသီဥတုနဲ့ ပတ်သက်ပြီး သူတို့ အရေးတယူပြုလုပ်လာအာင် စွမ်းဆောင်လာမယ်လို့အောင့်မေ့ထားပါတယ်’ လို့ ဆိုပါတယ်။
မောင်ယဿ ( ဇူလိုင် ၁၅ )
REF: euronews
#Greenness

About The Author

greenness_mm

No Comments

Leave a Reply