ငါးစွန့်ပစ်မြေဩဇာ

ငါးစွန့်ပစ်မြေဩဇာ

ကျွန်တော် ‌အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာအစုံ သင်ယူလေ့ကျင့်သုံးစွဲခဲ့သည့် ငါးအမိုင်နိုအက်စစ်
အကြောင်းလေးမျှဝေပါရစေ
ငါး တစ်ဆ ထန်းညိုတစ်ဆ ကိုတလခန့်ချဉ်ဖေါက် သုံးစွဲသည့်နည်းပညာလေးပါ
ငါး (မည်သည့်ငါးမဆိုသုံး၍ဖြစ်ပါသည်) ၁။ဈေးမှငါးခုတ်သားရောင်းသည့်ဈေးတန်းမှလူစားရန် မသင့်သော ဂျီးခွံ အူ ချေး ပါးဟတ် ဆူးတောင်
၂။လူအများစားသုံးနိုင်သော ငါးများ
၃။ငါးသေးငါးနုတ်များ
ထန်းလျက်အညို (အောက်ပါပစ္စည်းများသုံးစွဲ၍ရ)
၁။မုန့်လုပ်ရန်အခဲကြီးများအိုးချအခဲများ
၂။တင်လဲ‌ရည်
၃။သကါရည်
ပြုလုပ်ရန်
ထန်းလျက် ၆၀ကျပ်သားကို ကြိုချက်ပြီးသာအရည်၁လီတာရအောင်ကြိုချက်ပါ
ဥပမာ။ ။ ငါး ၁ ပိဿာနှင့်ပြုလုပ်မည်ဆိုပါလျင်
ထန်းလျက်ညို၁ပိဿာကိုကြိုချက်ရ ၁.၇၅ လီတာရအောင်ကြိုချက်ပါ
ငါးစိမ်းနှင့်ထန်းလျက်ရည့််ကိုစဉ်းအိုး(စဉ်းအိုးအရွယ်အစား ငါး၁ပိဿာချဉ်ဖေါက်ရန် ၇ပိဿာခန့်ဆန့်ရ
ပါမည်) အတွင်းထည့်ပြီးလေလုံ ၁၅ရက်ခန့်ထားရပါ
မည် ။၁၆ရက်မြောက်သောနေ့မှစ၍ အဖုံးဖွင့် မနက် တကြိမ်ညနေတကြိမ်သစ်သားမွှေတန်အသုံးပြု ၍ နေ့စဉ်မွှေပေးရပါမည် ။စုစုပေါင်းရက်၃၀ အကြာ ရေကြက်အေး ၄ပိဿာဖြည့်ပေးရပါမည် ။ရေဖြည့် ပြီး၇ ရက်ခန့်အထိမနက်ညနေ ပုံမှန်မွှေပေးဂပါမည် မွှေခြင်းလုပ်ငန်းစဉ်ပြီးတိုင်းသေခြာလုံခြုံစွာပြန်၍ အုပ်ထားရပါမည် ။၇ရက်စေ့ပါက ခြင်ဇကာအပြာ အသုံးပြု၍စစ်ယူရမှာဖြစ်ပါတယ် စစ်ယူရရှိသော ငါးချဉ်ဖေါက်ရေ၏အပေါ်ယံတွင် ငါးအဆီများကို စင်အောင်ဖယ်ထုတ်ပစ်ရန်လိုအပ်ပါသည်။
FAA /ငါးအမိုင်နိုအက်စစ်/ငါးချဉ်ဖေါက်ရေကိုအသုံးမပြုခင် လစ်တမတ်စက္ကူအသုံးပြု၍ ရေကျက်အေးကိုအသုံးပြု၍ PH 4အနေအထားရောက်အောင်ရောစပ်ထိမ်းထားရန်လိုအပ်ပါသည်။
Ph-4အဆင့်သိမ်းထားသောFAA 30cc -50cc ကို ရေ၅ဂါလံနှင့်ရေစပ်၍စိုက်ခင်းအပင်များဖျန်းပေးပါ ကအထူးထိရောက်ပါကြောင်း လက်တွေ့စိုက်ပျိုးခဲ့ ဘူးသောသီးနှံများနှင့်တကွတင်ပြပေးလိုက်ပါတယ်။
ဤနည်းပညာသည် ဆရာမကြီးDr-Than Than Sein ၏အော် ဂဲနည်းပညာသင်တန်းမှသင်ကြားခဲ့ပါသည်။
အော်ဂဲနစ်ချစ်သူများအား ထာဝရလေးစားလျက်-

About The Author

greenness_mm

No Comments

Leave a Reply