စင်ကာပူနိုင်ငံထက်ကြီးတဲ့ ဆိုလာဥယျာဉ်ကြီးတည်ဆောက်ဖို့ အိန္ဒိယ ပြင်နေ

စင်ကာပူနိုင်ငံထက်ကြီးတဲ့ ဆိုလာဥယျာဉ်ကြီးတည်ဆောက်ဖို့ အိန္ဒိယ ပြင်နေ

အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဥယျာဉ်ကို တည်ဆောက်နေသည်။ ပါကစ္စတန်နှင့် အိန္ဒိယကို ပိုင်းခြားထားသော ဆားသဲကန္တာရကြီးသည် တစစနှင့် ကျယ်ပြောလာမှုကြောင့် နေရောင်ခြည်နှင့် လေအားလျှပ်စစ် စိုက်ခင်းများကို တည်ဆောက်နေရာ သုံးနှစ်အတွင်း ပြီးစီးမည်ဟု မျှော်လင့်ရသည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဥယျာဉ်သည် အလွန်ကြီးမားမည်ဖြစ်ပြီး ၎င်းကိုအာကာသမှမြင်နိုင်မည်ဖြစ်ကြောင်း developer များကဆိုသည်။ စီမံကိန်း ပြီးစီးပါက စတုရန်းကီလိုမီတာ ၇၂၆ဝ ကျော် ကျယ်ဝန်းပြီး စင်္ကာပူ နိုင်ငံထက် ကျယ်ဝန်းမည်ဖြစ်သည်။ အိန္ဒိယအစိုးရသည် အနည်းဆုံး ဒေါ်လာ ၂.၂၆ ဘီလီယံ (ယူရို ၂.၀၈ ဘီလီယံ) ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းခြင်းသည် COP28 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် အဓိကပြဿနာဖြစ်သည်။ အချို့သောခေါင်းဆောင်များသည် ကမ္ဘာတစ်ဝှမ်းတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးဆတိုးစေမည့် ပစ်မှတ်ကို ထောက်ခံအားပေးကြပါသည်။ ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ အသုံးပြုမှုကို တားမြစ်သည့် နောက်ဆုံးသဘောတူညီချက်ဖော်ပြခဲ့ကြပါသည်။
အဆိုပါ စီမံကိန်း ပြီးသွားသည်နှင့် ၎င်းစွမ်အင်ပန်းခြံမှ အိန္ဒိယရှိ အိမ်ခြေ ၁၈ သန်းနီးပါးကို လုံလောက်အောင် စွမ်းအင် ထုတ်ပေးနိုင်မည်ဖြစ်သည် ။ နှစ်စဉ် လျှပ်စစ် စွမ်းအင် ၃၀ ဂစ်ဂါဝပ် ထောက်ပံ့ပေးမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် ယခု ဆယ်စုနှစ်အကုန်တွင် သန့်ရှင်းသော စွမ်းအင် ၅၀၀ gigawatts တပ်ဆင်ရန်နှင့် ၂၀၇၀ ခုနှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု သုညသို့ရောက်ရှိရန် ရည်ရွယ်ထားသည်။ ဤပရောဂျက်ဆိုက်သည် ကာဗွန်မထုတ်လွှတ်သည့် အရင်းအမြစ်များမှ စွမ်းအင် ထုတ်လုပ် သည့် အသွင်ကူးပြောင်းမှုတွင် သိသိသာသာ အထောက်အကူဖြစ်နိုင်ဖွယ်ရှိသည်။
လက်ရှိအခြေအနေအရ အိန္ဒိယနိုင်ငံသည် ၎င်း၏လျှပ်စစ်ဓာတ်အား ၇၀ ရာခိုင်နှုန်းကျော်ကို ကျောက်မီးသွေးနှင့် အခြား ရုပ်ကြွင်းလောင်စာများဖြင့် စွမ်းအင်ပေးနေရဆဲဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှရရှိသည့် လျှပ်စစ်ဓာတ်အားသည် အိန္ဒိယနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းခန့်ကိုသာ ပံ့ပိုးပေးလျက်ရှိသည်။ အိန္ဒိယ သည် တရုတ်နိုင်ငံနှင့် အမေရိကန်ပြီးလျှင် ကမ္ဘာမြေပူနွေးစေသော ဓာတ်ငွေ့ထုတ်လွှတ်မှု တတိယအကြီးဆုံး နိုင်ငံဖြစ်သည်။
ခန့်မှန်းခြေ အလုပ်သမား ၄၀၀၀ နှင့် အင်ဂျင်နီယာ ၅၀၀ ခန့်သည် လွန်ခဲ့သည့်နှစ်ကတည်းက ယာယီစခန်းများ ဆောက်လုပ်နေထိုင်ပြီး ဤပရောဂျက်ကို အကောင်အထည်ဖော်ရန် ပင်ပန်းစွာ လုပ်ဆောင်နေပါသည်။ ၎င်းတို့သည် ခက်ခဲသောအခြေအနေများနှင့် ရင်ဆိုင်နေရပါသည်။ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြင်တွင် ရွှံ့ဗွက်များ ပေါများလာခြင်း က ဆိုလာနှင့်
လေတာဘိုင်တည်ဆောက်ရန်အတွက် တိုင်ထောင်ရသည့်လုပ်ငန်းမှာ အခက်အခဲဖြစ်နေရပါသည်။
ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံ ၃၅ နှစ်ကျော်ရှိသည့် Verma က သူလုပ်ဆောင်နေသည့် အခက်ခဲဆုံး ပရောဂျက်များထဲမှ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ “အလုပ်လုပ်ရတာ လွယ်ကူတဲ့ နေရာတစ်ခုတော့ မဟုတ်ပါဘူး၊ လူနေစရာ၊ မြေက စိမ့်စိမ့်၊ လေပြင်းတိုက်တာ၊ မိုးရွာတာတွေ များတယ်၊ ဒါက ငလျင်လှုပ်ခတ်မှု များတဲ့နေရာ” လို့ မန်နေးဂျင်း ဒါရိုက်တာ Vneet Jaain က ပြောသည်။
Adani Group အတွက် ရည်မှန်းချက်ကြီးသော ပရောဂျက်များစွာကို ကြီးကြပ်ခဲ့သူ Jaain က ပထမခြောက်လကို အခြေခံအဆောက်အဦများ တည်ဆောက်ဖို့အချိန်းတွေကို သုံးစွဲခဲ့သည်ဟု ဆိုသည်။ “ဒီနှစ် ဧပြီလကစလို့ တကယ့် ပရောဂျက်ကို စလုပ်နေပါပြီ” ဟု ၎င်းက ထပ်လောင်းပြောသည်။
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply