စပိန်တောမီးက စပျစ်ခင်းတွေကို ပြောင်သလင်းခါသွားစေတယ်

စပိန်တောမီးက စပျစ်ခင်းတွေကို ပြောင်သလင်းခါသွားစေတယ်

ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဥရောပအနောက်တောင်ပိုင်းကို အပူလှိုင်း စဝင်ခဲ့ပါတယ်။ အပူချိန် ၄၀ဒီကရီ ဆဲလ်စီးယက် ကျော်တဲ့နေရာအချို့မှာ တောမီးတွေလောင်ကျွမ်းခဲ့ပါတယ်။ တောမီးကြောင့် ဒေသခံလူတွေကို ပြောင်းရွှေ့ပေးလိုက်ရပါတယ်။

ဂျီဆက်ဆိုတို လို့ခေါ်တဲ့ ဝိုင်ဖန်တီးရေးသမား တစ်ယောက်က သူရဲ့ အိမ်ကို ဒီအပတ် ပြန်ရောက်လာတဲ့အချိန်မှာ အရာအားလုံးကို တံမြတ်စည်းနဲ့ လှဲခါလိုက်သလိုမျိုး တောမီးက ပြောင်သလင်းခါအောင် လုပ်လိုက်တာကို တွေ့ လိုက်ရပါတယ်။ သူက ဝိုင်ဗေဒပညာရှင် သမီးဖြစ်သူ ဘယ်လာကို အားကိုပြီး သူဘဝရဲ့ ၁၀ စုနှစ်တစ်ခုကျော်အား စပျစ်ခြံတွေထဲမှာ နှစ်မြုပ်ထားတာပါ။ သူတို့ သားအဖ ၂ယောက်က အာဗီလာပြည်နယ်က ဆီဘရီယို ဒေသမှာ ခြံဝယ်ပြီး ရှေးဟောင်း စပျစ် စိုက်ပျိုးနည်းနဲ့ ရှေးဟောင်း ဝိုင်းချက်နည်းတွေကို စမ်းသပ်နေတာပါ။ သူတို့လုပ်ငန်း က အကောင်အထည်ပေါ်နေပါပြီ ။

” တောမီးက ကျနော့်ပိုင်ဆိုင်မှုတွေကို ယူသွားတာမဟုတ်ဘူး ၊ ကျနော့် ဝိဉာဉ်တွေကို ထုတ်ယူသွားတာပါ” လို့ သူက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ သူတို့ ထုတ်ချင်တဲ့ ထူးခြားတဲ့ဝိုင်ကို ထုတ်လုပ်ဖို့ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၇၀၀ နဲ့မီတာ ၁၁၀၀ အတွင်းမြေမျက်နှာပြင်တစ်ခု ရှာဖွေထားတာပါ။  တောမီးက အရမ်းရက်စက်တာပဲဗျာ ၊ သူ့ရဲ့ အပူချိန် ၊မီးခိုးတွေနဲ့ လောင်ကျွမ်းမှုတွေက ကျနော့်ကို စားပစ်လိုက်တာပါပဲဗျ” လို့ သူက ဝမ်းပမ်းတနည်းပြောသွားပါတယ်။

သူ့ရဲ့ ဝိုင်တွေကို မန်ချက်စတာစီတီးဘောလုံးကလပ်က ကွင်းလယ်ကစားသမားဟောင်း ဒေဗစ်ဆီဗီးလား ကဝယ်ယူပြီး ဈေးကွက်တင်ပေးနေတာပါ။ ဆိုတိုမန်ရီကေးတံဆိပ်နဲ့ တစ်နှစ်ကို ပုလင်း ၃ထောင် ထုတ်ပါတယ်။ လက်ရှိအနေအထားက စပျစ်ပင်တွေ ပြန်ပျိုးဖို့နေနေသာ မြေကို ပြန်ပြင်ရမယ့် ကိစ္စကိုက ခေါင်းခဲစရာဖြစ်နေပါတယ်။ ပြန်ပြီး ထုတ်မယ့် ဝိုင်က အရင်လို အရည်အသွေး ပြန်မရမှာကို စိတ်ပူနေရပါတယ်။

” အရည်အသွေးမြင့် ဝိုင်ကို ထုတ်လုပ်ဖို့အတွက်က သဘာဝကို အရမ်းမှီခိုနေရပါတယ်။ စပျစ်တွေကို သဘာ၀ လေ မြေ ရေ နဲ့ ထိတွေ့စေပြီး စီပွားဖြစ်ထုတ်ဖို့ ဆိုတာက အရမ်းကို ဂရုစိုက်ရပါတယ်”လို့ ဆိုသွားပါတယ်။

ဆီဘရီယို ဒေသတစ်ခုလုံး တောမီးတွေ က နေရာအနှံ လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။ စပိန် ပြည်နယ်မီးသတ်သမားတွေ အင်အားသုံး မီးသတ်နေပေမဲ့ လေပွေတွေကြောင့် ပြဿနာက ရှင်းမရဘူးဖြစ်နေတယ်။ လေပွေတွေရဲ့ ဦးတည်ချက် ကို ရှာပြီး မီးသတ်တဲ့ နည်းပညာကလည်း မတတ်နိုင်ဘူးဖြစ်နေပါတယ်။ စပိန်မှာ တောမီးကြောင့် လောင်ကျွမ်းခံလိုက်ရတဲ့ စိုက်ခင်း ဧက ၅သောင်းကျော်သွားပါပြီ။

 

မောင်ယဿ ( ဇူလိုင် ၂၅ )

REF: euronews

#Greenness

About The Author

greenness_mm

No Comments

Leave a Reply