စပိန်မှာ မိုးခေါင်လွန်းလို့ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာရပြီ

စပိန်မှာ မိုးခေါင်လွန်းလို့ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာရပြီ

ကားရေးဆေးတာတွေ ၊ အိမ်ကမြက်ခင်းရေလောင်းတာတွေ ပြုလုပ်တဲ့ ဘယ်နိုင်ငံသားမဆို ပြစ်မှုကျူးလွန်တယ်လို့ သတ်မှတ်ကာ ကြီးလေးတဲ့ငွေဒဏ် ခံရမှာဖြစ်ပါတယ်။)
လပေါင်းများစွာကြာအောင် သတိပေးချက်တွေပေးပြီးနောက် မှာတော့ စပိန်နိုင်ငံ ကာတာလန်ပြည်နယ် အာဏာပိုင်တွေက ဒီကနေ့ မှာ မိုးခေါင်ရေရှားမှု အရေးပေါ်အခြေအနေကို ကြေငြာလိုက်ရပါတယ်။ ဘာစီလိုနာရှိ လူခြောက်သန်းနှင့် စပိန်အရှေ့မြောက်ပိုင်းရှိ မြူနီစီပယ် ၂၀၁ ခုအတွက် ပိုမိုပြင်းထန်တဲ့ ရေသုံးစွဲမှု ကန့်သတ်ချက် ကို ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ် ။ ကားရေဆေးကြောခြင်း ၊ ခြံထဲက ဥယျာဉ်ကို ရေလောင်းခြင်းလို ပြစ်မှု အငယ်စားတွေ အတွက် ဒဏ်ငွေ ယူရို ၅၀ အထိ ပေးဆောင်ရမှာဖြစ်ပြီး ရေ ကို သောက်သုံးခြင်းမှလွဲပြီး အခြား မလိုအပ်တဲ့ သုံးစွဲမှုအတွက် ဘာစီလိုနာမြို့သားတွေ ‘ရေပြစ်မှု’ ကို ကျူးလွန်ပါက ဒဏ်ငွေ ယူရို ၃၀၀၀ အထိ ပေးဆောင်ရမှာဖြစ်ပါတယ်။
ကာတာလန်အာဏာပိုင်များက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလောက်ကတည်းက မိုးခေါင်ရေရှား အရေးပေါ် အခြေအနေကို ကြေညာရန် စီစဉ်ခဲ့ပါတယ်။ ။ ယခုအခါမှာတော့ မြင့်မားတဲ့ အပူချိန်ကြောင့် ရေလှောင်ကန်များရှိ ရေများ နည်းပါးသွားနေပါတယ်။ “ကျွန်တော်တို့ရဲ့ အရန်ရေ က ၁၆ % အောက်မှာရှိနေတယ်။ ဘာစီလိုနာနဲ့ ဂီရိုနာ အနီးတဝိုက်မှာ အခြေအနေက စိုးရိမ်ရတဲ့အတွက် ကျွန်တော်တို့ ပိုပြီးတော့ ပြင်းထန်တဲ့ အစီအမံတွေ လုပ်ရတာပါပဲ ” လို့ ကတ်တလန်ပြည်နယ်အစိုးရ တာဝန်ရှိသူ လော်ရာဗီလာဂရာက စပိန်ရေဒီယို RNE သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ် ။ ယင်းဒေသတွင် လ ၄၀ နီးပါးကြာ မိုးရွာသွန်းမှု မရှိခြင်းကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားခဲ့ပါတယ်။
အာဏာပိုင်များက မိုးခေါင်ရေရှားမှု ပိုမိုဆိုးရွားလာမှုအပေါ် အဆင့်သုံးဆင့်ခွဲကာ စီမံကိန်းကို ရေးဆွဲထားပါတယ်။ ပထမအဆင့်တွင် လူတစ်ဦးလျှင် တစ်နေ့လျှင် ရေ ၂၀၀ လီတာအထိ သုံးစွဲနိုင်မည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ၁၈၀ လီတာအထိ ကျဆင်းသွားမှာပဲ ဖြစ်ပါတယ် ။
အမြင့်ဆုံးအဆင့်ကတော့ လူတစ်ယောက် တစ်နေ့ ရေလီတာ ၁၆၀ ပဲ ဖြစ်ပါတယ်။ အမျိုးသားစာရင်းအင်းအင်စတီကျုမှ နောက်ဆုံးအချက်အလက်များအရ စပိန်လူမျိုးများသည် တစ်နေ့လျှင် ပျမ်းမျှရေ ၁၃၃ လီတာ အသုံးပြုကြပါတယ် ။ အာဏာပိုင်များကလည်း ရေသုံးစွဲမှု ဖိအားကို လျှော့ချရန် စီစဉ်လျက်ရှိနေပါတယ် ။ ဒါပေမဲ့ မိုးပြန်ရွာနိုင်မယ့် ဇူလိုင်လအထိ ဘာစီလိုနာသားတွေ တောင့်ခံနိုင်ထားဖို့အတွက်မျှော်လင့်ထားရမှာဖြစ်ပြီး စီမံကိန်းအတိုင်းလိုက်နာနိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ ဒေသဆိုင်ရာ ကောင်စီများကတော့ ရေသုံးစွဲမှုကို ပိုမိုနီးကပ်စွာ စောင့်ကြည့်ကြပ်မတ်ပြီး ဒဏ်ငွေ ချမှတ်သွားမှာဖြစ်ပါတယ် ။
ရေ သုံးစွဲမှုနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးနှင့် စက်မှုလက်မှုလုပ်ငန်းများကိုလည်း ဖြတ်တောက်မှာဖြစ်ပါတယ် ။ ဒေသဆိုင်ရာ အရေးပေါ်ကြေညာချက်အရ သီးနှံစိုက်ပျိုးရေအတွက် ၈၀ % ၊ မွေးမြူရေးအတွက် ၅၀ % နဲ့ စက်မှုလုပ်ငန်းအတွက် ၂၅ % လျှော့ချမယ်လို့ သိရပါတယ် ။ လူဦးရေနည်းတဲ့ ကာတာလန် ဒေသတောင်ပိုင်းမှာတော့ အီဘရိုမြစ်ကနေ ရေရနေပါသေးတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply