စပိန်မှာ ရေဘယ်လောက်တောင်ခမ်းလည်းဆိုတော့ ရေမြုပ်နေတဲ့ ဘုရားကျောင်းတောင် ပေါ်

စပိန်မှာ ရေဘယ်လောက်တောင်ခမ်းလည်းဆိုတော့ ရေမြုပ်နေတဲ့ ဘုရားကျောင်းတောင် ပေါ်

စပိန်မှာမိုးခေါင်ရေရှားဖြစ်ရပ် ဖြစ်ပေါ်ခဲ့တဲ့အတွက်ကြောင့် လွန်ခဲ့တဲ့ နှစ်၆၀ က ရေကာတာတစ်ခုထဲမှာ မြုပ်သွားတဲ့ ၁၁ ရာစုနှစ်က တည်ဆောက်ခဲ့တဲ့ ဘုရားရှိခိုးကျောင်းတစ်ကျောင်းက ကုန်ပေါ်မှာ အထင်အရှားကို တွေ့လာရလို့ ခရီးသွားတွေအတွက် ဆွဲဆောင်မှု တစ်ခုဖြစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်၆၀က ဘာစီလိုနာမြို့ကို သောက်သုံးရေထောက်ပံ့ရန် အတွက် Sant Romà de Sau ရွာနားမှာ Sau ရေကာတာ တစ်ခုကိုတည်ဆောက်ခဲ့ပါတယ် ။ ရေလှောင်ကန်ကြောင့် အထပ် ၃ ထပ်နဲ့ မျှော်စင်တစ်ခုပါတဲ့ ဘုရားကျောင်း တစ်ခုက ရေအောက်ကို နှစ်မြုပ်သွားပါတယ် ။ ဆည်ထဲမှာ ရေအပြည့်ရှိတဲ့အချိန်မှာ အဲ့ဒိ ဘုရားကျောင်းရဲ့ မျှော်စင်ထိပ်ကိုတောင် မမြင်ရပါဘူး ။ အခုတော့ ဘုရားကျောင်းက ခြောက်သွေ့နေတဲ့ မြေပြင်ပေါ်မှာ အခိုင်အမာရပ်တည်နေပြီး ခရီးသွားတွေ လာလည်လို့ရအောင် ဆွဲဆောင်နေပါတယ်။
ရေလှောင်ကန်ကို မကြာခဏလာရောက်လည်ပတ်သူ Sergio Iberico က “ရေပမာဏ ဘယ်လောက်ကျ သွားတယ် ဆိုတာ မယုံနိုင်စရာပါပဲ။ မနှစ်က ဒီအချိန်တုန်းက ကျနော် လှေလှော်ပြီးတော့ ဘုရားကျောင်
းဆီကို လာလည်ဖူးတယ်။ အဲ့ဒါကိုမှတ်မိနေပါတယ် ။ ရေက ဘုရားကျောင်း မျှော်စင် ပြတင်းပေါက်မှာရှိနေခဲ့တာပါ” လို့ ဆိုပါတယ်။
Sau ရေလှောင်ကန်ရှိ လက်ရှိရေပမာဏသည် တစ်ကန်လုံးရဲ့ ပမာဏ ၆ ရာခိုင်နှုန်းသာရှိပါတယ် ။ မနှစ်က ဒီအချိန်ဆိုရင် ရေက ၁၉ ရာခိုင်နှုန်းဝန်းကျင်တွင်ရှိပြီး အမှန်တကယ်ဆိုရင် ဇန်နဝါရီလထဲမှာဆိုရင် ရေကန်ရဲ့ရေက ၉၀ ရာခိုင်နှုန်းဝန်းကျင်ရှိပါတယ် ။
ရေလှောင်ကန်အနီးမှာ နေထိုင်တဲ့ အန်တိုနီယို ရိုဒရီဂွက်ဇ်က ရေတွေ ကျဆင်းမှုကြောင့် သူ့ကိုယ်သူနဲ့ သူ့မိသားစုအတွက် စိုးရိမ်ပူပန်မိတယ်လို့ ပြောပါတယ်။ “ရေက ကုန်နေပြီ။ ရေသုံးစွဲမှုကို ကန့်သတ်ထားပြီး လိုအပ်တာကိုပဲ သုံးပါတယ်” လို့ ၎င်းက ဆိုပါတယ်။ Sant Romà de Sau ရှိ ဘုရားရှိခိုးကျောင်းသည် နိုင်ငံအတွင်း ရင်ဆိုင်နေရသော ပိုမိုကျယ်ပြန့်သော မိုးခေါင်ရေရှားအရေးပေါ် လက္ခဏာတစ်ခုမျှသာဖြစ်ပါတယ်။
တာရှည်မိုးခေါင်မှုဒဏ်ကို အဆိုးရွားဆုံးခံစားရသည့် ဒေသများမှာ Andalusia နှင့် Catalonia တို့ဖြစ်ပြီး ၎င်းတို့သည် အရေးကြီးသော စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်ရာ ဒေသများဖြစ်ပါတယ်။ Catalonia တွင် မိုးခေါင်ရေရှားမှုသည် သုံးနှစ်ကြာဖြစ်ပွားနေပြီး ဒေသတွင်း ရေပေးဝေမှု၏ ၁၇ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည် ။ အကယ်၍ အဆိုပါကိန်းဂဏန်း ၁၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားပါက Catalonia အစိုးရသည် အရေးပေါ် အခြေအနေ ကြေညာပြီး အိမ်ထောင်စုများအတွက် ရေအသုံးပြုမှုအပေါ် တင်းကျပ်သောကန့်သတ်ချက်များ ချမှတ်ရမည်ဖြစ်ပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply