စားသောက်ကုန်တွေမှာ သစ်တောပြုန်းတီးမဖြစ်ပါဘူးဆိုတဲ့ တံဆိပ်ကပ်ရောင်းဖို့အတွက် ဥပဒေရေးဆွဲ

စားသောက်ကုန်တွေမှာ သစ်တောပြုန်းတီးမဖြစ်ပါဘူးဆိုတဲ့ တံဆိပ်ကပ်ရောင်းဖို့အတွက် ဥပဒေရေးဆွဲ

သစ်တောပြုန်တီးမှုဖြစ်ရတဲ့အဓိက လက်သည်က လူသားတွေရဲ့ နေထိုင်ရေးအတွက် ပြုလုပ်ရတဲ့ သစ်ထုတ်လုပ်ငန်းနဲ့ စားရေးအတွက် ပြုလုပ်ရတဲ့ စိုက်ခင်းတွေ ဖြစ်တဲ့အတွက်ကြောင့် စားသောက်ကုန် လုပ်ငန်းတွေမှာ သစ်တောပြုန်းတီးခြင်းမရှိတဲ့ စားသောက်ကုန်တွေ ဖြစ်ကြောင်း ကုန်အမှတ်တံဆိပ်မှာ ဖော်ပြရမယ်လို့ ဥရောပ သမဂ္ဂကောင်စီက ဥပဒေကြမ်းတစ်ခု ကိုရေးဆွဲနေပါတယ်။

မိမိတိုင်းပြည်ရဲ့ ဥပဒေကို မချိုးဖောက်ဘဲ စိုက်ပျိုးရေး လုပ်ငန်း ၊ မွေးမြူရေး လုပ်ငန်းနဲ့ သစ်ထုတ်လုပ်ငန်းတွေ ကနေထွက်ရှိလာတဲ့ ကုန်ပစ္စည်းတွေ နဲ့စားသောက်ကုန်တွေမှာ သစ်တောပြုန်းတီးမှု ကင်းစင်းပါတယ် ဆိုတဲ့ အာမခံ တံဆိပ်ကပ်ရမှာပါ။ ကမ္ဘာပေါ်မှာ အမဲသားထုတ်လုပ်ဖို့အတွက် တောတွေရှင်းပြီး စာကျက်မြေ လုပ်တာတွေ ၊ ရာဘာ ၊ ဆီအုန်း ပဲပိစပ် ၊ကော်ဖီနဲ့ လက်ဖက်တို့လို စီးပွားဖြစ်သီးနှံ တွေ ကို တောတွေရှင်းပြီး ဧကများစွာ စိုက်ပျိုးခဲ့လို့ သစ်တောတွေ ပြုန်းတီးမှုဖြစ်ခဲ့ပါတယ်။ မြို့ပြ ဧရိယာ တိုးချဲ့လာလို့ တောတွေနည်းပါးကုန်တာထက် စိုက်ပျိုးမွေးမြူရေး နဲ့ သစ်ထုတ်လုပ်ငန်းတွေ တောတွေပြုန်းကုန်တာက အဆပေါင်းများစွာပိုပါတယ်။

ကမ္ဘာ့နိုင်ငံခေါင်းဆောင် ၁၀၀ ကျော်လက်မှတ်ရေးထိုးထားတဲ့ COP26 ဂလက်စကို ကြေညာစာတမ်းပါ သစ်တော နဲ့ မြေယာအသုံး ပြုမှု အပိုဒ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သစ်တောပြုစုစောင့်ရှောက်ခြင်းနဲ့ ပျိုးထောင်ခြင်းက ငွေကြေးဆိုင်ရာ ဝန်ထုတ်ဝန်ပိုး တစ်ခုဖြစ်လာနိုင်တဲ့အတွက်ကြောင့် မြေယာနဲ့ သစ်တောအသုံးပြုမှုကို သေချာအောင် စီမံထိန်းသိမ်းရမယ်လို့ ဆိုထားပါတယ်။ စာသောက်ကုန်တွေမှာ သစ်တောပြုန်းတီးမှှု ကင်းစင်းပါတယ်ဆိုတဲ့ ကုန်အမှတ်တံဆိပ်မပါဘူး ဆိုရင် သွင်းကုန်အဖြစ်လက်မခံဖို့အတွက် ဒီနှစ်က စပြီး လုပ်ကြဖို့အတွက် လည်း စီစဉ်ထားပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ကမ္ဘာ့ ကုန်သွယ်မှုကြောင့် သစ်တောပြုန်းတီးမှု ၁၆ % ရှိနေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ လောလောဆယ် ကမ္ဘာကြီးပူနွေးလာမှုကိုလျှော့ ချဖို့ နည်းလမ်းတစ်ရပ်ဖြစ်တဲ့ သစ်တောပြုန်းတီးမှု ကာကွယ်ရေးလုပ်ငန်းက အားချင်း လုပ်လို့ရတဲ့ အတွက် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြပါတယ်။

 

မောင်ယဿ ( နိုဝင်ဘာ ၁၉ )

REF: euronews

Photo ; globallandscape

About The Author

greenness_mm

No Comments

Leave a Reply