စိတ်အပန်း​ဖြေ ခရီးထွက်ရင်း ဇီဝမျိုးကွဲ ထိန်းသိမ်း​ရေး မှာ ပါဝင်ကူညီလို့ ရတယ်

စိတ်အပန်း​ဖြေ ခရီးထွက်ရင်း ဇီဝမျိုးကွဲ ထိန်းသိမ်း​ရေး မှာ ပါဝင်ကူညီလို့ ရတယ်

အ​မေရိကားနိုင်ငံ အနှံ့မှာ ​နွေဦး​​ပေါက်ချိန်ဆို Outdoor Recreation အပြင်ထွက်ရတာ နှစ်သက်တဲ့သူ​တွေက လွင်ပြင် ​တွေ ​တော ​တွေ ​တောင်​တွေ မြင်ကွင်း​ကောင်းတဲ့ ​​နေရာ​တွေ လမ်း​လျှောက်ထွက်ရင်း ​ကောင်းကင်မှာ ဖြတ်သန်းပျံလွှားတဲ့ ငှက်​တွေ ​စောင့်ကြည့်ခြင်းဖြင့် စိတ်အ​ပန်း​ဖြေစရာ ရှာကြတဲ့ အ​လေ့အထ ရှိပါတယ်
​Autumn ဆောင်းရာသီဝင်စအချိန်မှာ ​ရာသီဥတု​အေးတဲ့ ​မြောက်ဝင်ရိုးစွန်း နဲ့ နီးတဲ့ က​နေဒါနိုင်ငံဘက်က ငှက်​တွေက ရာသီဥတုသက်သာတဲ့ အ​မေရိကန်ပြည်​ထောင်စု​တောင်ပိုင်း မက္ကဆီကို နှင့် အ​မေရိကအလယ်ပိုင်း ​ဒေသ ​တွေမှာ လာ​ရောက် ​ဆောင်းခို​လေ့ ရှိကြတယ် (မြန်မာနိုင်ငံ မှာဆို ရုရှား အစရှိတဲ့ ​ဒေသက ငှက်​တွေ လာ​ရောက်​ဆောင်းခိုတယ်)
​Spring နွေဦး​ပေါက်ပြီဆို ဌာ​နေ ကို ပြန်ကြတယ် ​နွေဦး နဲ့ ​ဆောင်းဦး အချိန်က ​ဆောင်းခိုငှက်မျိုးစိတ်​တွေ အများအပြား မြင်​တွေ့နိုင်တဲ့အချိန် ဖြစ်တယ်
​ဆောင်းဦးအချိန်က ရာသီဥတု ​အေးလာတဲ့အတွက် အပြင်ထွက်တာ​လျှော့ပြီး အိမ်ထဲ စပြီး ​နေရတဲ့အချိန် ရွက်​ကြွေ​တော​တွေ အ​ရောင်​ပြောင်း ရွက်​ကြွေစပြုတဲ့အချိန် Hibernate ​ဆောင်းရာသီအိပ်တန်းတက်မယ့် တိရစ္ဆာန် ​တွေ နားစပြုကြတဲ့အချိန် ​Daylight ​နေ့အလင်း​ရောင် နည်းလာတဲ့အချိန် ဖြစ်​နေ​တော့ ​ဆောင်းဦးရာသီ ထက် ​နွေဦးရာသီ မှာ အပြင်ထွက်ရတာကို လူအများစုက ပိုမို နှစ်သက်ကြတယ်။
​နွေဦးရာသီဆိုတာ ရွက်သစ်ထွက်တဲ့အချိန် ငှက်​လေး​တွေရဲ့ မိတ်လိုက်ရာသီ ဖြစ်​နေ​တော့ ​တေးသီသံ အစုံ ကြားနိုင်တဲ့အချိန် ရာသီဥတု တစ်​နေ့တခြား သာယာ​နေတဲ့အချိန် ဆို​တော့ လူ​တွေကို စိတ်ရွှင်လန်း​စေတယ် ​ဆောင်းတွင်း အပြင်မထွက်ဘဲ အကြာကြီး​နေထားရ​တော့ အပြင်ထွက် စိတ်အပန်း​ဖြေချင်စိတ် ပိုဖြစ်ကြတယ် နွေဦးရာသီ မှာ ငှက်ကြည့်ရတာ​တွေ လူအများစုက ပိုနှစ်သက်ကြတယ် ​။
နွေဦးရာသီ ဆိုရင် အမျိုးသားဥယျာဥ် လို ​နေရာမျိုး​တွေမှာ လူစုလူ​ဝေး နဲ့ လမ်း​လျှောက်ထွက်ကြတယ် ​ကောင်းကင်မှာ ပျံသန်းသွားတဲ့ ငှက်အမျိုးအစား​ ဘယ်နှမျိုး ​တွေ့ရတယ် အ​​ရေအတွက် အကြိမ်​ရေ ဘယ်​လောက်များများ ​တွေ့ရတယ် ​လေ့လာကြတယ်။
ငှက်ပညာရှင် ဖြစ်စရာ မလိုဘူး ဝါသနာပါတဲ့လူတိုင်း ပါဝင်နိုင်တယ် ငှက်ပညာရှင်​တွေက နှစ်စဥ် ​တွေ့ရတဲ့ ငှက်မျိုးစိတ်​တွေကို မှတ်တမ်းတင်ကြတယ်။
စဥ်းစားဖူးတယ် ဒါက စိတ်​ပျော်စရာ ရှာကြတာ သက်သက်ပဲ အပန်း​ဖြေလုပ်ငန်း သက်သက်ပဲ ငှက် ဘယ်နှမျိုး ​တွေ့သလဲ ထိုင်ကြည့်​နေရုံနဲ့ ငှက်မျိုးကွဲ ထိန်းသိမ်း​ရေး ကို ဘယ်လိုများ အ​ထောက်အကူ ဖြစ်မှာလဲ။ ပ​ရော်ဖက်ဆာ ကို ​မေးကြည့်ဖူး​တော့ ရှင်းပြတယ်။
ဒီအစီအစဥ် ရဲ့ အကျိုးရှိမှု ကို ​လျှော့တွက်လို့ မရဘူး။ လိုက်ပါသူ​တွေအတွက် က အပန်း​ဖြေခရီး သက်သက်ပဲ။
တစ်ဖွဲ့ တစ်ဖွဲ့ က ​တစ်ခါထွက်ရင် နွေဦးအချိန် မှာ ငှက်မျိုးစိတ် အများဆုံး မြင်ရမယ် လို့ ယူဆတဲ့အချိန် ၁ရက် ၂ရက် ပဲ ထွက်တယ်။ မျက်စိ​ နဲ့ ထိုင်ကြည့်တယ် မှန်ဘီလူး နဲ့ ကြည့်မယ်။ ​တေးသီသံ နား​ထောင်မယ်။ လိုက်ပါတဲ့သူ​တွေအတွက် ကုန်ကျစရိတ် မရှိတဲ့ ​ပေါ့​ပေါ့ပါးပါး ခရီးတို​လေး။
နှစ်စဥ် မှတ်တမ်း​တွေက​နေ ဘာ​တွေသိရသလဲ ဆို အမြဲတမ်း မြင်​တွေ့​နေကျ ငှက်မျိုးစိတ်​တွေ အ​ကောင်​ရေ နည်းလာတယ်။ မြင်​တွေ့ရတဲ့ အကြိမ်​ရေ နည်းလာတယ်။ မ​တွေ့ရတာ​တွေ ရှိလာတယ် ဆိုရင် ​စော​စော သိနိုင်တယ်။ “အချိန်မှီချုပ် အစုပ်သက်သာ” ရှားပါးသွားတဲ့ အဆင့်မ​ရောက်ခင် ပြသနာအရင်းအမြစ် ရှာပြီး လိုအပ်တဲ့ ထိန်းသိမ်း​စောင့်​ရှောက်​ရေး လုပ်ငန်း​တွေကို ကုန်ကျစရိတ်နည်းပါးစွာ နဲ့ ​စော​စောစီးစီး ​ဆောင်ရွက်နိုင်တယ်။
မျိုးသုဥ်းလုနီးပါး အဆင့် ​ရောက်မှ ထိန်းသိမ်းဖို့ စီစဥ်ရင် အစစအရာရာ ကုန်ကျစရိတ် သိပ်ကြီးသွားတယ်။ အ​မေရိကား မှာ နဂိုကတည်းက အရမ်း ရှားပါးတဲ့ Whooping Crane ငှက်ကို အ​ကောင်၂၀ ​လောက် ကျန်​တော့မှ ထိန်းသိမ်း​ရေး project ​တွေ အပူတပြင်း ​ဆောင်ရွက်ကြတယ်။ နှစ်​ပေါင်း များစွာ ကြိုးစားလာတာ အခုထိ ရာဂဏန်းပဲ တိုးပွားလာမှု ရှိတယ်။ Whooping Crane တစ်​ကောင် ရဲ့ ထိန်းသိမ်း​ရေးစရိတ်က အ​မေရိကန်​ဒေါ်လာ တစ်သိန်း မြန်မာ​ငွေ သိန်းတစ်​ထောင်​ကျော် ရှိတယ် ဆိုတယ်။
ပညာရှင် မဟုတ်တဲ့ သူ​တွေရဲ့ အင်အား ကို သုံးလို့ရတယ်။ ကုန်ကျစရိတ်မရှိဘူး ပါဝင်တဲ့သူ​တွေအတွက်လည်း Outdoor အပြင်ထွက်ရခြင်း ​ကျန်းမာ​စေတဲ့ လေ​ကောင်း​လေသန့် ရှူခွင့်ရခြင်း စိတ်အပန်း​​ပြေ​စေခြင်း စတဲ့ ​ကောင်းကျိုး​တွေ ရ​စေတယ်။ ဇီဝမျိုးကွဲ ထိန်းသိမ်း​ရေး လုပ်ငန်း ကိုလည်း ကြီးမားစွာ အ​ထောက်အကူ ပြုနိုင်တယ်။
မြန်မာနိုင်ငံ မှာလည်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းအချို့ အလားတူ Activity ​လေး​တွေ ​ဆောင်ရွက်ကြတာ ကြားဖူးပါတယ်။ ရန်ကုန်တိုင်း ဆို မိုးယွန်းကြီးအိုင် ​လှေကားဥယျာဥ် တို့ မှာ သွားကြည့်ကြတယ်။ဒီထက် လူ​တွေ ပိုစိတ်ဝင်စားလာ​အောင် ဝါသနာတစ်ရပ် အဖြစ် ​ဆောင်ရွက်လိုတဲ့ သူ​တွေ များပြားလာ​အောင် ကြိုးစားသင့်တယ်။ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာဖို့​ကောင်းတဲ့ Ecotourism သဘာဝခရီးသွားလုပ်ငန်း တစ်ခု လို့ မြင်ပါတယ်။
လင်းလွန်းသူ
》》》ဓါတ်ပုံ က မြန်မာနိုင်ငံ ရဲ့ ဌာ​နေငှက်​တွေအ​ကြောင်း ဓါတ်ပုံ​တွေနဲ့အတူ ​ဖော်ပြထားတဲ့ စာအုပ်​လေးရယ် Pre Order ​တွေအတွက် T Shirt လက်​ဆောင်​လေးရယ်ပါ။ ဌာနငှက် ​တွေ Native Species ​တွေ အ​ကြောင်း ​လေ့လာချင်​နေတာ။ ဒီစာအုပ်​လေးရ​တော့ အ​တော်ဖြစ်သွားတယ်။ ဓါတ်ပုံ​လေး​တွေကလည်း Quality ​ကောင်းတယ်။ အပြင်မှာ မမြင်ဖူးတဲ့ငှက်​တွေ အများကြီး ရှိသလို အ​ဝေးကပဲ လှမ်းမြင်ဖူးတဲ့ ငှက်အမျိုးအစား ​တွေလည်း အများကြီးပါ။ ဒီ ဌာ​နေငှက်​လေး​တွေကို ဓါတ်ပုံ Quality ​ကောင်း​ကောင်း​လေးနဲ့ ကြည့်ရတာတင်ပဲ စိတ်ချမ်းသာစရာ ​​ကောင်းပါတယ်။

About The Author

greenness_mm

No Comments

Leave a Reply