စိုးရိမ်စရာကမ္ဘာကြီးအကြောင်း ပညာရှင်တွေ ပြောပြီ

စိုးရိမ်စရာကမ္ဘာကြီးအကြောင်း ပညာရှင်တွေ ပြောပြီ

တနင်္လာနေ့ကထွက်တဲ့ Nature Climate Change ဂျာနယ်မှာ ကမ္ဘာ့သမုဒ္ဒရာ ရေထုအပူချိန်ကို တိုင်းတာတဲ့ သုတေသန ရလဒ်အရ ကမ္ဘာကြီးက စက်မှုခေတ်မတိုင်မီကထက် ၁.၅ ဒီကရီ ပိုပြီး ပူနေတာမဟုတ်တော့ဘူးတဲ့ ။ ၁.၈ ဒီကရီတောင် ကျော်နေပြီလို့ ဖော်ပြပါရှိပါတယ်။
သုတေသီတွေက ရေထုရဲ့ အပူချိန်တင်သာမကဘဲ ၊ ရေထဲမှာရှိတဲ့ အက်ဆစ်ပြင်းအားနဲ့ လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် လယ်ဘယ်ကိုပါတိုင်းတာခဲ့ပါတယ်။ အဲ့ဒီနောက်မှာ သမုဒ္ဒရာရေအောက်ထဲက နှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ ရေမြုပ် ၆မျိုးကို ဆက်ပြီလေ့လာခဲ့ပါတယ်။ ပတ်ဝန်ကျင်ပြောင်းလဲမှုကြောင့် အဲ့ဒိ ရေမြုပ်တွေ ဘယ်လို ပြောင်းလဲလာသလဲဆိုတာကိုပါ တွေ့ရှိခဲ့ပါတယ်။
ရာသီဥတုပြောင်းလဲမှုသည် ကျွန်ုပ်တို့ထင်သည်ထက် ပိုမိုလျင်မြန်စွာ အရှိန်မြှင့်လာနေကြောင်း ရေနက်ပိုင်း ရေမြှုပ်များ၏ အပူချိန်မှတ်တမ်းများက ဖော်ပြနိုင်ပါသည်။ ကာရေဘီယံပင်လယ်အတွင်းမှ ရာစုနှစ်များစွာ သက်တမ်းရှိ လက်တစ်ဆုပ်စာမျှရှိသော ရေမြှုပ်များတွင် လူသားများကြောင့်ဖြစ်ပေါ်စေသည့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ သဲလွန်စများကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့လေထုပူနွေးလာမှု မြန်ဆန်လာပြီး ယခင်က ထင်ထားသည်ထက် ပိုမိုလျင်မြန်စွာ တိုးတက်လာသည်ဟု သိပ္ပံပညာရှင်အချို့က ယုံကြည်စေသည်။ စက်မှုခေတ်မတိုင်မီကတည်းက ကမ္ဘာကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီစင်တီဂရိတ်သို့ ကန့်သတ်ရန် နိုင်ငံတကာမှ အတည်ပြုထားသော ပစ်မှတ်ကို ကမ္ဘာသည် ကျော်လွန်သွားခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ၁.၇ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သုတေသီများက တွက်ချက်ထားတယ်။
“ကမ္ဘာကြီးဟာ ထင်ထားတာထက် အများကြီး ပိုပူလာတယ်ဆိုတဲ့ လေ့လာမှုရဲ့ အဆိုကို အခြား သိပ္ပံပညာရှင် တွေက သံသယရှိခဲ့ကြပါတယ်။ ဒါပေမယ့် ရေမြှုပ်ရဲ့ တွက်ချက်မှုသာ မှန်ကန်မယ်ဆိုရင် ကြီးမားတဲ့ အကျိုးဆက်တွေ ရှိတယ်”လို့ လေ့လာသူတွေက ဆိုပါတယ်။
“ပညာရှင်အများစု တွေးထားကြတာက ၂၁ရာစုအကုန်လောက်မှာ ကမ္ဘာကြီးကလေထုပူနွေးမှုကြောင့် ရာသီဥတုဖောက်ပြန်မှုတွေ ဆက်တိုက်လာနိုင်တယ်လို့ပဲ ထင်ထားကြတာပါ ။ မဟုတ်တော့ပါဘူး ။ လက်ရှိကမ္ဘာ့လေထုမှာ တက်နေတဲ့ အပူချိန်က ဆယ်စုနှစ် တစ်ခုပြီး တစ်ခုစာကုန်သွားနေပါတယ်။ ရာစုနှစ်ကုန်အခြေအနေ ကို လက်ရှိ၁၀ စုနှစ်အတွင်းနဲ့ ၂၀၃၀ အလွန်နှစ်တွေမှာ ကြုံသွားရနိုင်ပါတယ်” လို့ Western Australia တက္ကသိုလ်မှ အဏ္ဏဝါဘူမိဓာတုဗေဒပညာရှင် Malcolm McCulloch ကပြောသွားပါတယ်။
လွန်ခဲ့သည့်နှစ်များစွာတွင် သိပ္ပံပညာရှင်များသည် လက်ရှိပူနွေးမှုအဆင့်အတွက် မျှော်လင့်ထားသည်ထက် ရေကြီးခြင်း၊ မုန်တိုင်းများ၊ မိုးခေါင်ခြင်းနှင့် အပူလှိုင်းများ – ပိုမိုပြင်းထန်ပြီး အန္တရာယ်ရှိသော ရာသီဥတုကို သတိပြုမိခဲ့သည်။ NASA မှ ထိပ်တန်းသိပ္ပံပညာရှင်ဟောင်း James Hansen မှ ယမန်နှစ်က အဆိုပြုခဲ့သော ရာသီဥတုပြောင်းလဲမှုသည် အရှိန်အဟုန်နှင့် တိုးလာနေသည့် သီအိုရီကိုလည်း ဤလေ့လာမှုက ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။ လေ့လာမှုတွင် မပါဝင်သည့် Cornell တက္ကသိုလ်မှ ရာသီဥတု သိပ္ပံပညာရှင် Natalie Mahowald က “ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအတွက် သတင်းကောင်းတစ်ခု မဟုတ်ပါဘူး” လို့ပြောသွားပါတယ်။
မောင်ယဿ
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply