ဆိုလာဈေးနှုန်းတွေက တဖြည်းဖြည်းကျလာနေပါပြီ

ဆိုလာဈေးနှုန်းတွေက တဖြည်းဖြည်းကျလာနေပါပြီ

နိုင်ငံတကာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အေဂျင်စီ ( IEA ) ရဲ့အဆိုအရ ၂၀၂၃ မှာ ဆိုလာပါဝါ တပ်ဆင်မှု အများဆုံး နိုင်ငံတွေက တရုတ် ၊ ဥရောပ နဲ့ အမေရိကန်တို့ပဲ ဖြစ်ပါတယ်လို့ သိရပါတယ် ။
ဒီနှစ်တစ်နှစ်ထဲမှာကိုပဲ တရုတ်က လျှပ်စစ်ပမာဏ ၁၈၀ ကနေ ၂၃၀ ဂစ်ဂါဝပ် ထုတ်နိုင်တဲ့ ဆိုလာပါဝါတွေကိုတပ်ဆင်နိုင်ခဲ့ပါတယ် ။ ဥရောပကတော့ ၅၈ ဂစ်ဂါဝပ် ထုတ်နိုင်တာမှန်ပေမဲ့ အဲ့ဒိထဲက ၄၀ ရာခိုင်နှုန်းက ၂၀၂၂ ကတည်းက တပ်ဆင်ခဲ့တာပါ။
၂၀၂၂ ဒီဇင်ဘာလကနေ ၂၀၂၃ နိုဝင်ဘာလအတွင်း ဥရောပမှာရှိတဲ့ ဆိုလာဈေးနှုန်းတွေက ၃၀ ရာခိုင်နှုန်း ကနေ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ် ။ အဲ့ဒါကြောင့် တပ်ဆင်သူပိုမိုများပြားလာခဲ့ပါတယ် ။ ဆိုလာပြား ဈေးနှုန်း ကျဆင်းမှုက စံချိန်တင်ခဲ့ပါတယ်။ International Renewable Energy Agency (IRENA) မှ အကြီးတန်း ဆန်းစစ်သူ မိုက်ကယ်တေလာက “ ဥရောပမှာကတော့ တကယ့်ကို အရှိန်အဟုန်နဲ့ တပ်ဆင်မှုတွေ လုပ်နေပါ တယ်” လို့ ဆိုပါတယ် ။ လက်ရှိကောက်ယူထားတဲ့ စစ်တမ်းတွေအရ ဆိုလာက ရေအားထက်ပိုပြီး ကျော်လွန်သွား နိုင်စရာရှိတယ်လို့ ထင်ထားပေမဲ့ ရေအားက နာရီတစ်ပတ်လည်လုံး လျှပ်စစ်ထုတ်နိုင်တဲ့ အတွက်ကြောင့် ဆိုလာ အနေနဲ့ ရေအားကို ကျော်သွားဖို့ရာ မဖြစ်နိုင်သေးပါ ။
အမေရိကန်ပြည်ထောင်စုမှာကတော့ ကယ်လီဖိုးနီးယားတွင် နေရောင်ခြည်စွမ်းအင် အများဆုံးရရှိပြီး နောက်တွင် တက္ကဆက်၊ ဖလော်ရီဒါ၊ မြောက်ကာရိုလိုင်းနားနှင့် အရီဇိုးနားပြည်နယ်တို့ ရပ်တည်နေပါတယ် ။ ၂၀၂၃ တွင် ဆိုလာ၏ အောင်မြင်မှု များရှိနေသော်လည်း အခက်အခဲများ ရှိနေပါသေးတယ်။ အတိုးနှုန်းများ မြင့်တက်နေ ချိန်တွင် ထရန်စဖော်မာများ ပြတ်လပ်မှု ရှိနေတယ်လို့ Bresette က ပြောပါတယ်။ “ရင်းနှီးမြုပ်နှံမှု တွေ အတွက် ငွေကြေးဖောင်းပွမှုလျော့ချရေးဥပဒေရဲ့ သက်ရောက်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။ ဆိုလာထုတ်လုပ်ရေး စက်ရုံ ၆၀ ကျော်ကို ပြီးခဲ့တဲ့နှစ်အတွင်း ကြေညာခဲ့ပါတယ်” လို့ ဆိုလာစွမ်းအင်စက်မှုလုပ်ငန်းအသင်း၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Abigail Ross Hopper က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာက အမေရိကန်က ဘတ်ထရီနဲ့ ပတ်သက်ပြီး ဥရောပကို ကျော်အောင်လုပ်နိုင်ပြီဖြစ်ပေမဲ့ တရုတ်ကို မီဖို့က အများကြီး လိုနေပါသေးတယ် ။ အမေရိကန်တွေက ဘတ်ထရီထုတ်လုပ်ဖို့အတွက် ကန်ဒေါ်လာ ၄၃.၄ ဘီလီယံရင်းနှီးမြုတ်နှံမှု လုပ်ထားပါတယ် ။ ဘတ်ထရီအကြီးကြီးတွေကို ထုတ်လုပ်နိုင်ပြီဖြစ်ပေမဲ့ အမေရိကန်နဲ့ ဥရောပ ပေါင်းမှ ၃၈ ခုပဲ ရှိပါသေးတယ် ။တရုတ်မှာက ဘတ်ထရီ အကြီးကြီးတွေလုပ်ထားတာ ၂၉၅ ခုတောင်ရှိပါတယ် ။ လီသီယမ် အပါအဝင် ဘက်ထရီ အဓိက ကုန်ကြမ်းများ၏ ကုန်ကျစရိတ်သည်လည်း သိသိသာသာ ကျဆင်းသွားကြောင်း Benchmark အကြီးတန်း လေ့လာဆန်းစစ်သူ Evan Hartley က ပြောကြားခဲ့ပါတယ် ။
မောင်ယဿ
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply