ဆိုလာပြားတွေကို အိမ်မှတ်နေတဲ့ ဝတ်ရည်စုပ်ကောင်တွေ

ဆိုလာပြားတွေကို အိမ်မှတ်နေတဲ့ ဝတ်ရည်စုပ်ကောင်တွေ

ယူကေ လန်ကတ်စတာတက္ကသိုလ်က သုတေသီတွေ စုစည်းပြီး နေရာင်ခြည်စွမ်းအင်သုံး လျှတ်စစ်ထုတ်လုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလေ့လာကြရာ ဆိုလာပြားတွေမှပျားတွေနဲ့အခြား ဝတ်မှုံကူးတတ်တဲ့ အကောင်လေးတွေ အိမ်ရာလာဖွဲ့ပြီး နေထိုင်နေကြတာကို တွေ့ လာကြပါတယ်။

ပန်းခင်းတွေ ဘေးနားမှာရှိတဲ့ ဆိုလာခင်းတွေက ပျားတွေနဲ့အခြား ဝတ်မှုံကူးတတ်တဲ့ အကောင်လေးတွေအတွက် နတ်ဘုံ နတ်နန်းလိုဖြစ်နေပါတယ်။ အင်္ဂလန် အပါအဝင် ဥရောပနိုင်ငံအချို့မှာ ၂၀ ရာစု ဝင်လာကတည်းက ပျားတွေလို ဝတ်မှုံကူးပေးတဲ့ အကောင်တွေ ရှာပါးလာနေပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာတောင် မရှိပါဘူး ဆိုတဲ့အထဲက နောက်ထပ် ၁၇ % လျှော့ကျသွားပါတယ်။

သုတေသီ ဟိုလီဘလေဒက်စ် က “ ကျနော်တို့ ဆိုလာပြားတွေကို စစ်နေစဉ်မှာ တိုင်ထောင့်တွေမှာ အိမ်သေးသေးလေးတွေကို တွေ့လို့ ဝမ်းသာသွားတယ်။ အချို့အိမ်လေးတွေက ပျားအုံလေးတွေ ဖြစ်သလို အချို့က အိမ်လေးတွေက ရွံ့အိမ်လေးတွေဖြစ်နေတယ်။

ဝတ်မှုံကူးတဲ့အကောင်လေးတွေလေ။ ဆိုလာအခင်းတွေက ဝတ်မှုံကူးမယ့်ကောင်လေးတွေရဲ့ ဦးရေကို တိုးတက်အောင် ထောက်ကန်ပေးနေသလို ဖြစ်နေပါတယ်။ အခုတော့ ပန်းရိုင်းခင်းတွေမှာ ကျက်စားတဲ့ ယင်ပျားတွေ အတွက်ကတော့ ရှယ်ပဲဖြစ်နေကြတယ်” လို့ ဆိုပါတယ်။

ဆိုလာပြားတွေက ရုပ်ကြွင်းလောင်စာကို အစားထိုးဖို့အတွက် လျှပ်စစ် ထုတ်ပြီး သဘာပတ်ဝန်းကျင်ကို အထောက်အကူပြုနေတာကို လူတိုင်းသိကြပေမဲ့ အခုလိုမျိုး ဝတ်မှုံကူးကောင်လေးတွေအတွက် အိမ်ယာဖြစ်တယ်ဆိုတာကိုတော့ ဘယ်သူမှ မသိကြသေးဘူး။

ဆိုလာပြားတွေနားမှာ စိုက်ပျိုးတဲ့ စိုက်ခင်းတွေမှာ ဝတ်မှုံကူးမှု ဖြစ်စဉ်တွေ ပိုမိုကောင်းမွန်နိုင်တယ်ဆိုတာကို လယ်သမားတွေကို အသိပေးဖို့အတွက် အခုလိုရေးသားဖော်ပြလိုက်တာလို့ ၎င်းက ဆိုပါတယ်။

လက်ရှိအင်္ဂလန်မှာ ဆိုလာခင်း ဟတ်တာ ၁သောင်ခွဲ လောက်ရှိပါတယ်။ အင်္ဂလန်ကျွန်းမှာ ကာဗွန်သုံည ဖြစ်အောင် လုပ်ချင်ရင်တော့ ဆိုလာခင်း ဟတ်တာ ၁သိန်း လိုပါတယ်။

 

မောင်ယဿ ( ဒီဇင်ဘာ ၁၅ )

REF; euronews
Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply