ဆေးခြောက်ပင်တွေက ကာဗွန်စုပ်သမားတွေအဖြစ်နဲ့ ကမ္ဘာသစ်မှာ ရှိမှာလား

ဆေးခြောက်ပင်တွေက ကာဗွန်စုပ်သမားတွေအဖြစ်နဲ့ ကမ္ဘာသစ်မှာ ရှိမှာလား

ဆေးခြောက်ပင် ၁ ဟတ်တာ ( ပေ ၄၀၀ ပတ်လည်ဝန်းကျင်)က ကာဗွန်ဒိုင်အောက်ဆိုက် ၉ တန်ကနေ ၁၅ တန်အထိ စုပ်ယူတယ်ဆိုရင် အံအားသင့်သွားမလား ။
ဒီဆေးခြောက်စိုက်ခင်း ၁ ဟတ်တာ ကို သာမန်သစ်တော ၁ဟတ်တာ နှိုင်းယှဉ်ကြည့်လိုက်ရင် ဆေးခြောက်စိုက်ခင်း က သစ်တောတွေထက် ၂ဆကျော် ကာဗွန်တွေကို စုပ်ယူနေတယ်ဆိုရင် ပိုပြီးတော့တောင် အံ့အားသင်သွားပါမယ်။

အခုလို ကမ္ဘာကြီးက ကာဗွန်ကြောင့် အပူချိန်တွေ တိုးလာချိန်မှာ ကမ္ဘာကြီးကို အပူချိန်ကျသွားအောင် ကာဗွန်တွေကို ဖယ်ရှားပေးဖို့ ဆေးခြောက်ပင်တွေ စိုက်ပျိုးတာက အနာဂတ်ကမ္ဘာသစ်အတွက် မရှိမဖြစ်အပင်တွေ ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောလာပါပြီ။ ဆေးခြောက်ပင်တွေက ကာဗွန်တွေကို ပိုစုပ်ယူနိုင်တယ်ဆိုတာကို သက်သေပြဖို့အတွက် အင်္ဂလန် ကိန်းဘရစ် တက္ကသိုလ်က သုတေသီတွေ နှစ်နဲ့ချီပြီ စမ်းသက်လေ့လာခဲ့ရပါတယ်။ အင်္ဂလန်က တောပိုင်းဒေသတွေမှာ ဆေးခြောက်စိုက်ခင်းက မရှိမဖြစ်စိုက်ပျိုးနေကြပါတယ်။

၁၉၂၈ အန္တရာယ်ရှိတဲ့ သစ်ပင်စာရင်း ဥပဒေမှာ ပါတဲ့ ဆေးခြောက်ပင် တွေကို ၁၉၉၄ မှာ အစိုးရကို အခွန်ဆောင်ပြီး စိုက်ပျိုးလို့ရတဲ့ အပင်စာရင်းထဲမှာ ထည့်သွင်းလိုက်ရပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို အကျိုးဖြစ်စေတဲ့ ဆေးခြောက်ပင်တွေကို လယ်သမားတွေက အစိုးရအထောက်အပံ့ မရပေးမဲ့လည်း မရ ၊ ရအောင် စိုက်ပျိုးခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ ဈေးကွက်ထဲမှာ တင်ပို့ရောင်းချနိုင်ဖို့အတွက် ဥပဒေ စံချိန်စံညွှန်းတွေ လုပ်ထားရပါပြီ။

ဆေးခြောက်ပွင့်ကနေ ထုတ်တဲ့ CBD လို့ခေါ်တဲ့ ဆေးခြောက်ဆီ က ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှု အကျိုးများတယ်ဆိုတာကို သုတေသန မျိုးစုံ လုပ်ခဲ့ပြီးပါပြီ။ ဆေးခြောက်ပင်တွေက မြေဆီကို ပြန်ပြီး အကျိုးဖြစ်စေပါတယ် ။ အချို့ အပင်တွေက မြေကြီးထဲမှာ လေးလံတဲ့သတ္ထုဓာတ်တွေကို ချန်ထားခဲ့တယ်။ အဲ့ဒါတွေကို ရှင်းစေချင်တယ်ဆိုရင် ဆေးခြောက်ပင်စိုက်လိုက်ပါ။ မြေဆီ ပြန်သန့်သွားမှာပါ။ သီးနှံ အလှည့်ကျ စိုက်ပျိုးတဲ့ စိုက်ခင်းတွေမှာဆိုရင် ဆေးခြောက်ကို ကြားညပ်ပြီး စိုက်တယ်ဆိုရင် မြေဆီအားပြန်တက် နိုင်ပါတယ်။

မောင်ယဿ ( နိုဝင်ဘာ ၁၄)

REF: euronews
Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply