ဆွစ်ဇာလန်မှာ နှစ်နှစ်အတွင်း ရေခဲပြင် ၁၀ ရာခိုင်နှုန်း လျော့နည်းသွားပြီ

ဆွစ်ဇာလန်နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းရှိ ရေခဲမြစ်များသည် ၂၀၂၂ နှစ်မှစတင်ပြီး စံချိန်တင် ရေခဲအရည် ပျော်မှုများဖြစ်ကာ ရေခဲမြစ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေပါတယ်။ Swiss Academy of Sciences (SCNAT) နှင့် Glacier Monitoring Switzerland (GLAMOS) တို့ပြုလုပ်ထားတဲ့ သုတေသန ရလဒ်အရ ပြင်းထန်တဲ့ရာသီဥတုဖောက်ပြန်မှုကြောင့် လက်ရှိ ၂ နှစ်တာကာလအတွင်း ရေခဲမြစ်တွေရဲ့ ၁၀ရာခိုင်နှုန်း ပျက်စီးသွားပြီလို့ သိရပါတယ်။
“ဆွစ်ဇာလန် ရေခဲမြစ်တွေ အရည်ပျော်တာ ပိုမြန်တယ်” ဟု SCNAT က ဆိုပါတယ်။ “အရှိန်အဟုန်က သိသိသာသာကြီးပါပဲ၊ ၁၉၆၀ နဲ့ ၁၉၉၀ ခုနှစ်တွေကြားမှာ ရေခဲတွေဆုံးရှုံးခဲ့ရဖူးပါတယ်။ အဲ့ဒိပမာဏလောက်ကို ဒီ နှစ်နှစ်အတွင်းမှာဖြစ်သွားတာပါ “
စံချိန်တင် အပူချိန်မြင့်တက်မှု ၊ ဆောင်းတွင်းမိုးရွာသွန်းခြင်း နည်းပါးမှုနဲ့ နှင်းကျဆင်းမှု နည်းခြင်းတို့ကြောင့် ရေခဲပြင်တွေက သူတို့ရဲ့ ရေခဲတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း နည်းသွားကာ အရည်ပျော်ကုန်တာပဲ ဖြစ်ပါတယ်။ ၁၉၆၄ ၊ ၁၉၉၀ နဲ့ ၂၀၀၇ ခုနှစ်တွေမှာ နှင်းကျဆင်းမှုနည်းပါးခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂နှစ်အတွင်း နှင်းကျဆင်းမှုက ပုံမှန်နှစ်တွေရဲ့ ၃၀ % လောက်ပဲ ကျဆင်းခဲ့ပါတယ်။ အဲ့ဒါကပင်လယ်ရေမျက်နှာပြင်အထက်ပေ ၁၀၀၀ မှာဖြစ်နေတာပါ ။ ပေ ၂၀၀၀ မှာတော့ ထက်ဝက်ပဲ ကျဆင်းခဲ့ပါတယ်။ တောင်ပိုင်းက Valais နှင့် Engadin တောင်ကြားတွေမှာတော့ ရေခဲမြစ်တွေ မီတာများစွာ အရည်ပျော်သွားခဲ့ပါတယ်။
ဒီနှစ်နွေဦးရာသီမှာတော့ အခြေအနေက ခေတ္တမျှ ပုံမှန်ပြန်ဖြစ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဇွန်လတွင် ခြောက်သွေ့ပူနွေးသော ရာသီဥတုကြောင့် နှင်းအိတ်များသည် ပုံမှန်ထက် လေးပတ်စောပြီး အရည်ပျော်သွားခဲ့ပါတယ် ။ ၂၀၂၃ နွေရာသီက စံချိန်တင်မှတ်တမ်းများစတင်ပြီး ကမ္ဘာပေါ်တွင် အပူဆုံးနှစ် ဖြစ်နေပါတယ်။ ဩဂုတ်လမှ စက်တင်ဘာလအထိ၊ Swiss မိုးလေဝသဝန်ဆောင်မှုသည် သုညဒီဂရီ ‘အေးမှတ်’ သို့မဟုတ် isotherm ကိုရှာဖွေရန် စံချိန်တင်အမြင့်ပေ 5,300 မီတာအထိ တက်ခဲ့ရပါတယ်။ ၎င်းသည် အပူချိန် 0°C အထက်ရှိ လေအလွှာများကြား ကန့်သတ်ချက် နှင့် မြင့်မားသော အမြင့်တွင် အေးခဲနေသော အပူချိန်အောက် နိမ့်သော အပူချိန်များ ရှိပါတယ် ။ ယခင်စံချိန်ကို ယမန်နှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ၅၁၈၄ မီတာဖြင့် သတ်မှတ်ခဲ့ရပါတယ်။
မောင်ယဿ
REF: euronews

		
No Comments