ဇာတိ

ဇာတိ

အမေရိကမှာ
မစ္စစ္စပီမြစ်ကြီးလှသလို
ငါတို့ဆီမှာ
ဧရာ၀တီမြစ်ကြီးသိပ်လှတယ်။
ဧရာ၀တီကိုမင်းမစွန့်ခွာပါနဲ့။
ပြင်သစ်မှာ
နိုက်တင်ဂေးလ်ငှက်ကလေးတွေလှသလို
ငါတို့ဆီမှာ
နွေဥဩကလေးတွေသိပ်လှတယ်။
နွေဦးကိုမင်းမစွန့်ခွာပါနဲ့။
ဂျပန်မှာ
ဖူဂျီယာမတောင်ကြီးလှသလို
ငါတို့ဆီမှာ
ရိုးမတောင်ကြီးသိပ်လှတယ်။
ရိုးမကိုမင်းမစွန့်ခွာပါနဲ့။
ကနေဒါမှာ
မေပယ်လ်ရွက်ကလေးတွေလှသလို
ငါတို့ဆီမှာ
ပိတောက်ခက်ကလေးတွေသိပ်လှတယ်။
ပိတောက်ကိုမင်းမစွန့်ခွာပါနဲ့။
ချောချောမွေ့မွေ့
အဆင်ပြေပြေ
လွယ်လွယ်ကူကူမဟုတ်ပေမယ့်
မင်းရဲ့အလံတော်ကို
မင်းစိုက်ထူနိုင်တဲ့နေ့အထိ
ဒီမြေကို
မင်းလုံး၀မစွန့်ခွာနဲ့။
မိုဃ်းဇော်
T. Club လူငယ်မဂ္ဂဇင်း၊ဒီဇင်ဘာ၊၂၀၁၂ ခုနှစ်။
ဓာတ်ပုံ-MCN

About The Author

greenness_mm

No Comments

Leave a Reply