ဇီဝမျိုးစုံ မျိုးကွဲများ ပျောက်ကွယ်သွားခဲ့ရင်

ဇီဝမျိုးစုံ မျိုးကွဲများ ပျောက်ကွယ်သွားခဲ့ရင်

ကမ္ဘာမြေသာယာဖို့ နောင်မျိုးဆက်တွေ အသက်ရှင် ရပ်တည်ဖို့ ဇီ၀မျိုးစိတ်မျိုးကွဲ စုံလင်ကြပါစေ..
မြေကြီးကို၀ယ်လိုက်တာနဲ့ ပိုင်ဆိုင်တာ ကိုယ်တယောက်ထဲလို့ ထင်နေကြတာက လူတွေ
တကယ်တော့ အဲ့ဒီမြေကြီးပေါ်မှာ မှီတင်းနေထိုင်တဲ့ သက်ရှိဇီ၀မျိုးစိတ်အရေအတွက်က မြေဧကပေါ်မူတည်ပြီး ရာချီ ထောင်ချီ သောင်းချီရှိနေနိုင်တယ်။ အရေအတွက်ဆိုတာ တခုချင်းကို ပြောတမဟုတ်ဘူးနော်။ တူရာမျိုးစိတ် အရေအတွက်ကိုပြောတာ။
အဆိုပါဇီ၀မျိုးစိတ်တွေထဲမှာ ယေဘုယျအားဖြင့် ကြွက်၊ ပွေး၊ ရှဉ့်၊ ယုန်၊ မြွေ၊ ငှက်၊ ဖား၊ တောက်တဲ့ စတာတွေအပြင် အင်းဆက်တွေ တီကောင်တွေ စတဲ့သက်ရှိတွေအပြင် အဏုဇီ၀ပိုးတွေ မှိုတွေ ဘက်တီးရီယားတွေ စတဲ့ ဇီ၀မျိုးစိတ်တွေက အမြောက်အများရှိနေတယ်။
အဆိုပါ ဇီ၀မျိုးစိတ် မျိုးကွဲစုံတွေက တခုနဲ့ တခု အစာကွင်းဆက်အရရော မျိုးပွားမှုဖြစ်စဉ်အရရော တခုနဲ့တခု အပြန်အလှန် အမှီသဟဲ နေထိုင်နေကြတယ်။
ကိုယ်က မြေ၀ယ်ပြီး ကိုယ်ပိုင်တယ် အထင်နဲ့ လူတွေက သူတို့သန်ရာ မျိုးတွေ သီးသန့်သာ စီးပွားဖြစ်အမြောက်အများ စိုက်ပျိုးမွေးမြူကြမယ်ဆိုရင် နဂိုရှိ သက်ရှိ ဇီဝတွေရဲ့ အစာကွင်းဆက်က အခြေအနေအလိုက် တဖြေးဖြေးချင်းကနေ လုံး၀လဲပြောင်းလဲပျက်စီးသွားနိုင်တယ်။
အမှန်တော့ နဂိုက ဓမ္မတာ ဒေသပေါက်ပင်တွေက သဘာ၀နည်းအားဖြင့် အဆိုပါဒေသရဲ့ ဇီဝဂေဟစနစ်ကို အလိုလို ထိန်းညှိပေးနေတာ။
အဲ့ဒီတော့ အစာကွင်းဆက် ပျက်တော့ မြေနေ မြေအောင်း ဇီ၀မျိုးစိတ်တွေ ဆုံးရှုံးလာတာနဲ့ မြေဆီလွှာပျက်စီးမှုနဲ့အတူ ရေ အစိုဓာတ် ထိန်းသိမ်းမှုပါ နဲပါးပျက်စီးလာတယ်။ ရှိပြီးသားရေကန်တွေပါ ကောလာမယ်။
အဲ့လိုနဲ့ ၎င်းတို့ထဲက ဒဏ်ခံနိုင်တဲ့ သက်ရှိ ဇီ၀မျိုးစိတ်တွေထဲက အချို့က ၎င်းတို့ ရပ်တည်ရေးအတွက် လူတွေစိုက်ပျိုးမွေးမြူတဲ့ အရာတွေစားသောက်ဖျက်စီးပြစ်ခြင်းနဲ့ မိမိရော ဂေဟစနစ်ပါ ပျက်စီးခြင်းအဖြစ်ကို ဆိုက်ပါတော့တယ်။
နမူနာအနေနဲ့ စာရေးသူမိတ်ဆွေတွေကိုယ်တွေ့အားဖြင့် မန်ဂျန်စိုက်ခင်း သောင်းဂဏန်းစိုက်ပျိုးပြီးနောက် နေ့စဉ် အပင် ၂၀ ၃၀ ခန့် ရှဉ့်တွေအခေါက်ခွာစားခံရတဲ့ ပြသနာ။ သစ်မွှေးစိုက်ခင်းတစပ်တစပ်တည်း အပင် သောင်းချီစိုက်ပျိုးခြင်းဖြင့် မှိုရောဂါ ထူပြောလာပြီး မနိုင်မနင်းဖြစ်ကုန်တာတွေရှိပါတယ်။ ထို့အတူ အမေရိကားမှာ ကျွန်းတမျိုးတည်းစိုက်ခင်းကြောင့် ၀ကျဝံတှေ အခေါက်ခွာစားတဲ့ဒဏ်ကို ခံခဲ့ရတဲ့ဖြစ်တွေကြုံခဲ့ရပါတယ်။
ဒါနဲ့ တစပ်တည်းပြောပြချင်တာက လောကမှာ ဘယ်မျိုးစိတ်မှ အလဟသရပ်တည်ရှင်သန်နေတာ မဟုတ်ဘူးဆိုတာကို နမူနာအဖြစ်ပြောချင်ပါတယ်။
မော်စီတုန်းလက်ထက်က ပညာရှိအမည်ခံတယောက်က စာကလေးကောင်ရေ ဘယ်လောက်က လူတွေရဲ့ဆန်စပါးရိက္ခာအရေအတွက် ဘယ်လောက်ကို ထိခိုက်ပျက်စီးစေတယ်ဆိုပြီး အကြံပေးမှုကြောင့် မော်က စာကလေးသတ်ပွဲကို စီရင်စေခဲ့ရာမှာ စိုက်ခင်းတွေမှာ ပိုးဖျက်စီးမှု အလွန်အကျွံခံရပါတော့တယ်။
အိန္ဒိယမှာ ကျားတွေသောင်းကျန်းလို့ဆိုပြီး အင်္ဂလန်က မုဆိုးကျော်တွေခေါ်ယူပီးသတ်စေရာက ကျားလုံး၀မရှိတော့လို့ စိုက်ခင်းတွေထဲ သမင် ဒရယ်တွေ ဖျက်စီးလို့ ကျားကို ပြန်မွေးယူရတဲ့ အဖြစ်မျိုးတွေ ရှိခဲ့ပါတယ်။
အထက်က ဖေ်ာပြခဲ့တဲ့ ဖြစ်ရပ်တွေက လူသားတွေရဲ့ မဆင်မခြင်ပြုလုပ်မှုတွေကြောင့် ဆိုးကျိုးပျက်စီးမှုတွေဖြစ်ရတဲ့အပြင် မိမိပယောဂကြောင့် ဒေသတွင်း ရှားပါးမျိုးစိတ်တွေပါ ပျက်စီးလာပြီး အစာကွင်းဆက်အရ တချိန်လဲ မိမိတို့နောင်လာနောင်သားများအတွက် အစာရေစာပါ ထိခိုက်လာနိုင်သည်အထိ အရေးကြီးပါကြောင်း စေတနာဖြင့် အသိပေးလိုက်ရပါတယ်။
ခင်မင်တဲ့
ကိုဝေအောင်
စိမ်းလန်းသစ်မွှေး
၁ အောက်တိုဘာ ၂၀၁၇

About The Author

greenness_mm

No Comments

Leave a Reply