ဇွန်ဘီ ရေခဲတွေ ကြောင့် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် ၁၀လက်မခွဲမြင့်တက်

ဇွန်ဘီ ရေခဲတွေ ကြောင့် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် ၁၀လက်မခွဲမြင့်တက်

တစ်ကမ္ဘာလုံး မှာ ရုပ်ကျွင်းလောင်စာသုံးစွဲမှု ဒီကနေ့ ချက်ခြင်းကို ရပ်ပစ်လိုက်တာတောင်မှ လက်ရှိ ကမ္ဘာကြီး ပူနွေးမှု အရှိန်ကြောင့် ဂရင်းလန်ကျွန်းပေါ်မှာ ရေခဲတန်ချိန် ၁၁၀ ကွာဒလီယံ ဆုံးရှုံး နေဦးမှာ ဖြစ်ပါတယ်။ ဒီကနေ့ လတ်တလောဖြစ်နေတဲ့ ရာသီဥတုဖောက်ပြန်မှုကိုပြောပါဆိုရင် တရုတ်ပြည်မှာ စံချိန်တင် မိုးခေါင်မှုဖြစ်နေတာရယ် ၊ အိန္ဒိယက ပြည်နယ်အချိုု့နဲ့ ပါကစ္စတန်မှာ ရေကြီးပြီး ရေလွှမ်းမိုးမှုဖြစ်နေတာပါပဲ ၊၊သူတို့ထက်ဆိုတာက ဂရင်းလန်ကျွန်းမှာ ရေခဲတွေ အရည်ပျော်ပြီး ပင်လယ်ရေမျက်နှာပြင် ၁၀လက်မခွဲ မြင့်တက်လာတာပဲ ဖြစ်ပါတယ်။ အဲ့ဒီရေခဲတွေ အရည်ပျော်မှုကို သိပ္ပံပညာရှင်တွေက နဂိုရ် ကတည်းကတွက်ချက်ထားတာပါ။ ဒါပေမဲ့ သူတို့ မခန့်မှန်းမိတာက ဇွန်ဘီရေခဲတွေကိုပါပဲ ၊ ဇွန်ဘီရေခဲတွေအရည်ပျော်မှုကြောင့် သူတို့ခန့်မှန်းတာထက် ၂ ဆကျော်ပင်လယ်ရေမြင်တက်ခဲ့တာပါ။

ဇွန်ဘီရေခဲ ကို ရေခဲအသေတွေလို့လည်းခေါ်ပါတယ်။ အဲ့ဒိရေခဲတွေက မိခင်ရေခဲတုံးကြီးတွေမှာ တွယ်ကပ်နေတဲ့ ရေခဲအစိုင်အခဲတွေပါပဲ ၊ ဆီးနှင်း နည်းပါးတဲ့အချိန်မှာ ဆိုရင် အဲ့ဒိရေခဲတွေက အရည်ပျော်ပြီး ရေခဲမြစ်တွေထဲကို စီးဝင်တော့တာပါပဲ ။ ဒိန်းမတ်နဲ့ ဂရင်းလန်က သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ ကမ္ဘာ့ရုပ်ကျွင်းလောင်စာ သုံးစွဲမှုကို ရပ်တန့်ပစ်လိုက်တာတောင်မှ ဂရင်းလန်က ရေခဲတွေ အရည်ပျော်မှုက တန်ချိန် သန်းပေါင်း ၁၁၀ သန်း တောင်ရှိနေဦးမှာပါလို့ ဆိုပါတယ်။ အဲ့ဒိရေခဲတွေအရည်ပျော်မှုကြောင့် ပင်လယ်ရေမျက်နှာပြင်က ၁၀လက်မခွဲ ( ၂၇ စင်င်္တီမီတာ ) မြင့်တက်သွားမှာလို့ ဆိုပါတယ်။

အဲ့ဒိအကြောင်းကို Nature Climate Change ဂျာနယ်မှာ အပြည့်အစုံဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်အကြာက တွက်ချက်ထားတဲ့ ပမာဏထက် ဒီကနေ့ ရေခဲတွေ အရည်ပျော်နေတဲ့ ပမာဏက ၂ဆကျော် ဖြစ်နေပါတယ်။ အဲ့ဒိမျှခြေကို မထိန်းနိုင်ရင်တော့ ရှေ့လာမယ့်နှစ်တွေမှာ ပိုဆိုးလာနိုင်ပြီး ပင်လယ်ရေအောက်ကို နှစ်မြုတ်သွားနိုင်တဲ့ ကျွန်းတွေ ၊ တိုင်းပြည်တွေ ရှိလာနိုင်တယ်လို့ သူတို့က တွက်ချက်ပြပါတယ်။

မောင်ယဿ

REF: euronews

#greenness

About The Author

greenness_mm

No Comments

Leave a Reply