တစ်ရက်ကို ကျောက်မီးသွေးတန်ချိန် ၁၄သန်း ထုတ်လုပ်နေတဲ့ တရုတ်နဲ့ အိန္ဒိယက ကျောက်မီးသွေးလောင်စာကိုစွဲလမ်းနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်

တစ်ရက်ကို ကျောက်မီးသွေးတန်ချိန် ၁၄သန်း ထုတ်လုပ်နေတဲ့ တရုတ်နဲ့ အိန္ဒိယက ကျောက်မီးသွေးလောင်စာကိုစွဲလမ်းနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်

COP ၂၆ ညီလာခံ မှာ သမိုင်းဝင် သဘောတူညီချက်တစ်ခုဖြစ်တဲ့ ကျောက်မီးသွေး သုံးစွဲမှု ပိတ်သိမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး အကြီး အကျယ် ဆန့်ကျင်ခဲ့တဲ့နိုင်ငံတွေထဲမှာ တရုတ်နဲ့ အိန္ဒိယ က ထိပ်ဆုံးက ပါခဲ့ပါတယ်။ သူတို့က ကျောက်မီးသွေးသုံးစွဲမှု နဲ့ ပတ်သက်ပြီး နည်းမျိုးစုံ ကာကွယ်ခဲ့ပါတယ်။ ညီလာခံ ပြီးဆုံးဖို့ နောက်ဆုံးနေ့ ၊ နောက်ဆုံး နာရီ ၊ နောက်ဆုံးမိနစ်ကျမှ ကျော်မီးသွေးကို လျှော့သုံးမယ် ဆိုတဲ့ သဘောတူညီချက် ကို အိန္ဒိယနိုင်ငံက လက်မှတ်ထိုးပေးလိုက်တာပါ။ ကျောက်မီးသွေး သုံးစွဲမှုက ကမ္ဘာလေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်တွေ ထုတ်လွှတ်တဲ့ အဓိကကျတဲ့ ဖြစ်စဉ်တစ်ရပ်ဖြစ်ပါတယ်။
အိန္ဒိယနဲ့ တရုတ် ၂နိုင်ငံပေါင်းပြီး ကျောက်မီးသွေးထုတ်လုပ်မှု ပမာဏက တရက်ကို တန်ချိန် ၁၄ သန်းရှိပါတယ်။ အဲ့ဒိ ၂နိုင်ငံရဲ့ နေ့စဉ်သုံးနေတဲ့ စွမ်းအင်တွေကို ကျောက်မီးသွေး ကနေရယူနေတာပါ။ အခုတော့ အာရှ အင်အားကြီး ၂နိုင်ငံက ကျောက်မီးသွေး သုံးစွဲမှုကို သုညအဆင့်ထိရောက်အောင် လျှော့ချဖို့အစီအစဉ်တွေ လုပ်နေရပါပြီ ။ နဂိုစီမံကိန်းအရဆိုရင် အိန္ဒိယက ၂၀၃၀ မှာ ကျောက်မီးသွေးကနေ လျှပ်စစ် ၂၆၇ ဂစ်ဂါဝပ် ထုတ်ဖို့ လုပ်ထားတာကို အခုတော့ ၂၀၀ ဂစ်ဂါဝပ်လောက်မယ်ဆိုပြီး စီမံကိန်းကိုပြောင်းလိုက်ပါတယ်။ အပြီးတိုင်ဖျက်သိမ်း မယ်ဆိုတဲ့ စကားနေရာမှာ လျှော့ချပေးပါမယ်ဆိုတဲ့ စကားကို ပြင်ပြီး တရုတ်နဲ့ အိန္ဒိယ က ဂလက်စကိုညီလာခံမှာ လက်မှတ်ထိုးခဲ့တာပါ။
တရုတ်က သူတို့ နေ့စဉ်ထုတ်နေတဲ့ ကျောက်မီးသွေးတန်ချိန် ၁၂ သန်းကို စပြီးလျှော့ထုတ်ပါမယ်လို့ ဆိုသလို အိန္ဒိယကိလည်း တစ်ရက် ထုတ်တဲ့ တန်ချိန် ၂သန်းကို စလျှော့ပါမယ်လို့ ကတိပြုခဲ့တာပါ။ တရုတ်က ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ၄၄၄.၇ ဂစ်ဂါဝပ်ထုတ်ပြီး အိန္ဒိယကကတော့ ၁၁၃ .၇ ဂစ်ဂါဝပ် ထုတ်ပါတယ်။ သူတို့နောက်မှာတော့ အင်ဒိုနီးရှား၊ ဗီယက်နမ် နဲ့ တောင်ကိုရီးယာတို့ လိုက်ပါတယ်။ တရုတ်တွေကတော့ ကျောက်မီးသွေးလျှော့သုံးဖို့ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ဆီမှာ ပြင်ဆင်ထားတာဘာမှ မရှိသေးတဲ့အတွက် လျှော့ထုတ် ၊လျှော့သုံးဖို့အတွက် အချိန်ယူရဦးလို့ ဆိုထားပါတယ်။ သူတို့ အနေနဲ့ အသေးဆုံး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ နေရာကို သန့်စင်တဲ့ စွမ်းအင် ထုတ်ယူမှု လုပ်ငန်းတွေ လုပ်ဖို့ ၁၀ စုနှစ်တစ်ခုစာလောက် အချိန်ယူရမယ်လို့လည်း ဆိုထားပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ၂၀၆၀ ကို နောက်ဆုံးထားပြီး အစိမ်းရောင် စွမ်းအင်ရရှိမှု ၁၀၀% ဖြစ်အောင် လုပ်ဆောင်ကြဖို့အတွက် ညွှန်ကြားချက်တွေ ပေးထားပါတယ်။
 မောင်ယဿ ( နိုဝင်ဘာ ၂၂ )
REF; Bloomberg
Photo : china dialogue

About The Author

greenness_mm

No Comments

Leave a Reply