တနင်္သာရီက ဆုံးရှုံးသန္တာကျောက်တန်းများ

တနင်္သာရီက ဆုံးရှုံးသန္တာကျောက်တန်းများ

မနက္က Tahiti မှာသန္တာကျောက်တန်းတွေ့တဲ့သတင်းပုံတင်ရင်း တနင်္သာရီတိုင်းမှာကျနော်တွေ့ခဲ့တာတွေကိုပြချင်ပါတယ်။
ဒီပုံတွေဟာ ကျွန်းလေးတွေနားမှာရေငုပ်ရင်း ကျနော်ကိုယ်တိုင်ရိုက်ခဲ့တာပါ။
တချိန်ကသဘာဝအရောင်စုံနဲ့အင်မတန်လှခဲ့မယ့်နေရာဟာ သန္တာခက်အကျိုးအပဲ့တွေနဲ့ရင်နင့်စရာတွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သန္တာကျောက်တန်းတွေဟာ ငါးဖမ်းသမားတွေလက်ချက်နဲ့သန္တာသင်္ချိုင်းကြီးဖြစ်နေတာပါ။
မိုင်းခွဲတာစတဲ့နည်းမျိုးစုံနဲ့ ဖျက်ဆီးခဲ့ကြလို့ နှစ်ကာလပေါင်းများစွာဖြစ်တည်လာခဲ့တဲ့ အမွေအနှစ်တွေအကုန်ပျက်စီးကုန်တာဖြစ်ပါတယ်။
ဒီသန္တာကျောက်ခက်တွေကို စနစ်တကျပွားအောင်မွေးပြီးပြန်ရောင်းစားတတ်ရင်တောင် ဝင်ငွေအများကြီးရမှာပါ။
ခရီးသွားလုပ်ငန်းကရမယ့်ဝင်ငွေတွေ၊ ငါးမျိုးနွယ်စိတ်အစုံကရမယ့်ဝင်ငွေတွေ စတာတွေအားလုံးဟာ မိုင်းတချက်ခွဲခံရတာနဲ့အကုန်ပျက်စီးကုန်ပါတယ်။
သန္တာကျောက်တန်းတွေပျက်စီးတာနဲ့ သူတို့ကိုမှီတင်းနေထိုင်တဲ့အဖိုးတန်ရေသတ္တဝါမျိုးစိတ်တွေပါဆုံးရှုံးပျက်စီးကုန်တာဖြစ်ပါတယ်။
Richard Myo Thant
21-January -2022

About The Author

greenness_mm

No Comments

Leave a Reply