တပို့တွဲလဖွဲ့-အဲချင်း

တပို့တွဲလဖွဲ့-အဲချင်း

ခြိုးဥမှတိမ်ဂုံ။ ။သတ္တဗိသျှ၊ နက္ခတ္တနှင့်၊ ယှဉ်ကြမလွဲ၊ တပို့တွဲနှင့်၊
ပေါက်လဲငုံကင်း၊ ထန်းရည်ငယ်နင်းကြသည်၊ နှင်းထုံထုံငယ်နှင့်လေး။
လွန်းဟုန်မှဆင့်ကဲ၊ ပန်းမွန်ပွင့်ချပ်၊ နဝရတ်ကို၊ သုဒဿန၊
ဘုံကပြသို့၊ သနားတော်အိမ်၊ ရွှေကြိုးလိမ်သည်၊ တိမ်သင်းတွဲနှင့်၊
ရောင့်ရဲမှမပြေ၊ မျက်စိမခံ့၊ နားမဆံ့အောင်၊ မှန်နန့်းသရဖီ၊
တန်ခိုးတော်ချီတဲ့လို့၊ ပြီပြီငယ်သွေသည်၊ အစိန္တေလက်ကင်တဲ့၊
လ-သဘင်ထူး။
ကြည်နူးမှုအံ့ဖွယ်၊ နက်ဖန်သံဘက်၊ ဖိန်းနွဲရက်ကို၊
ချိန်းချက်စကား၊ သစ္စာထားလို့၊ မပြားရည်တူ၊ ရှိတဲ့သူတို့၊
စိတ်ပူဖွယ်ကို၊ နယ်ရှစ်ရပ်က၊ လှုံ့ထပ်သောသူ၊ မြူအသင်္ချေ၊
လေအနန္တ၊ မိုးကြွင်းကျလို့၊ မှိုင်းမြမြညိုသည်၊
ဟိုသထုံ ရွှေပြည်သာက၊ ချိန်တာရာဝင်း။
ကုန်လဂ်ဂေါဇာ၊ သည်အခါမှာ၊ ကမာသေးနု၊ ငှက်ကျေးဥလို့၊
ယာဂုမြှောက်ချီ၊ လေးနာရီနှင့်၊ နဒီအောင်ချာ၊
ကြည့်တိုင်းသာလှတယ်၊ တံငါသည် ဒေါင်တင်တီးလို့၊ ပိုက်ကြီးခင်း။ ။
(မယ်ခွေ-ဆယ့်နှစ်လရာသီဖွဲ့ပေါင်းချုပ်)

About The Author

greenness_mm

No Comments

Leave a Reply